အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၆ အောက်တိုဘာ ၂၀၂၄

၀၉:၄၂:၂၂
1495279

ဂျာမနီ နိုင်ငံ တွင် ကျင်းပသည့် နိုင်ငံတကာဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ ပြီးဆုံး

၂၀၂၄ ခုနှစ်တွင် International Islamic Welfare Institute (OCII) ၏ ပံ့ပိုးမှုဖြင့် ဟမ်းဘတ်မြို့ တွင် နိုင်ငံတကာဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတကာ အစ္စလာမ့်လူမှုဖူလုံရေးအသင်း (OCII) ၏ ညွှန်ကြားရေးမှူးချုပ် ဗဒရိုလ်ဆွမီးသွ် မှ ပြိုင်ပွဲများကို ဗျူဟာမြောက် အမြော်အမြင်ဖြင့် ပံ့ပိုးပေးထားကြောင်း ကူဝိတ်သတင်းအေဂျင်စီက ဖော်ပြခဲ့ကြောင်း Iqna သတင်းဌာန မှ  အောက်တိုဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။ဤပြိုင်ပွဲ ကျငါးပရသည့် ရည်ရွယ်ချက်မှာ အလယ်အလတ်အစ္စလာမ့်ယဉ်ကျေးမှုကို မြှင့်တင်ရန်ဖြစ်သည်။

ဗဒရိုလ်ဆွမီးသွ် မှ OCII သည် ပြီးခဲ့သောငါးနှစ်အတွင်း ကျမ်းတော်မြတ်ကုရ်အာန်၏ ဝန်ဆောင်မှုအတွက် ပရောဂျက်များစွာကို ဆောင်ရွက်ခဲ့ပြီး အရေးကြီးသော ပရောဂျက်များအနက်မှ တစ်ခုသည် နိုင်ငံပေါင်း ခြောက်နိုင်ငံရှိ ကုရ်အာန်အလွတ်ကျက်မှတ်ခြင်းဆိုင်ရာ စင်တာ ၁၈ ခုအား တည်ထောင်ခြင်း ပြီးစီးခြင်းနှင့် စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ကြောင်း ကုရ်အာန်ကို သင်ယူနေသည့်  ယောက်ျားလေး များ နှင့် မိန်းကလေးများ ၁၀၇၅၃ ယောက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ အစ္စလာမ့်လူမှုဖူလုံရေးအသင်းသည် နိုင်ငံခြောက်နိုင်ငံ၌ ကျမ်းမြတ်ကုရ်အာန် အုပ်ရေ ၈၄၀၀၀ ကျော်ကို ဖြန့်ဝေခဲ့ပြီး နိုင်ငံအသီးသီးရှိ အမြင်အာရုံချို့တဲ့သူများအတွက် ကုရ်အာန်၏ Braille မိတ္တူများကိုလည်း ပေးအပ်ခဲ့ကြောင်း ၎င်းမှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထို့အပြင်၊ အသင်းသည် အလှူငွေဆိုင်ရာ လှုပ်ရှားမှုများ၊ မီဒီယာများ၊ စာကြည့်တိုက်များနှင့် ကုရ်အာန်ပြိုင်ပွဲ အမျိုးမျိုးကို ပံ့ပိုးပေးကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင် အဆိုပါပြိုင်ပွဲများ၏ တာဝန်ခံ အဗ်ဒွလ္လာဟ် စိုနန် မှ အဆိုပါပြိုင်ပွဲများတွင် အပိုင်းသုံးပိုင်း ပါဝင်ကြောင်း ပထမ ပိုင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် တစ်အုပ်လုံး ကို ကေရာအသ် ၊ သဂျ်ဝီးဒ်  နှင့်အတူ အာဂုံဆောင် အလွတ်ကျက်မှတ် ခြင်း ဒုတိယ ပိုင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် ၏ ထက်ဝက်ကို ကေရာအသ် ၊ သဂျ်ဝီးဒ်  နှင့်အတူ အာဂုံဆောင် အလွတ်ကျက်မှတ် ခြင်း နှင့် တတိယ ပိုင်း မှာ ကျမ်းတော်မြတ်ကုရ်အာန် ၏ ငါး ဂျွဇ် ကို ကေရာအသ် ၊ သဂျ်ဝီးဒ်  နှင့်အတူ အာဂုံဆောင် အလွတ်ကျက်မှတ် ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ ပါ တယ်။

အဆိုပါပြိုင်ပွဲများကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ နူးရ်ဗလီဝတ်ကျောင်းတော် တွင် ကျင်းပခဲ့ပြီး ဥရောပရှိ မွတ်စလင်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း အဗ်ဒွလ္လာဟ် စိုနန် မှ ဆက်လက်ပြောကြား ခဲ့ပါတယ်။

ကူဝိတ်လူမှုဖူလုံရေးအဖွဲ့အစည်းများသည် မွတ်စ်လင်မ်များကို ပံ့ပိုးကူညီရန်နှင့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဘာသာရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များကို အာဂုံဆောင်ကျက်မှတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် ဤဗလီဝတ်ကျောင်းတော် အား ပြန်လည်တည်ဆောက်ရေးတွင် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ သည်ဟုလည်း အဗ်ဒွလ္လာဟ် စိုနန် မှ မှ ဆက်လက် ပြောကြားခဲ့ပါတယ်။

.......................................................

END / 251