အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အဆိုအရ အမေရိကန် သတင်းဌာန Axios သည် အနောက်နိုင်ငံ ထောက်လှမ်းရေးကို ရည်ညွှန်းပြီး အီရန်မှ အစ္စရေးကို တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်မှုများကို ထုတ်ဖော်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်မီတွင် အီရန်သည် အစ္စရေးကို ကြီးမားသော တန်ပြန် တိုက်ခိုက်မှု တစ်ရပ် ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ဇီယွန်ဝါဒီ တာဝန်ရှိသူများက စိုးရိမ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား ပါတယ်။
အီရန်၏ တိုက်ခိုက်မှုများသည် ဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်များ ပုံစံဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရင်းမြစ်များက ပြောကြားခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရက အီရန်ကို တိုက်ခိုက်ပြီးနောက် တီဟီရန်အာဏာပိုင်များသည် အမေရိကန် သမ္မတရွေး ကောက်ပွဲ မတိုင်မီ တဲလ်အဗစ်အား နာကျင်စွာတုံ့ပြန်လိုကြောင်း အီရန်သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြား ခဲ့ သည်ဟု သိရှိရပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး စလာမ်မီ ၏ ပြောကြားချက်ကို Axios က ကိုးကားပြီး အစ္စရေးသည် အီရန်ကို တိုက်ခိုက်ခြင်းဖြင့် ကြီးမားသော အမှားတစ်ခု ပြုလုပ်ခဲ့သည်ဟု ဆိုပါတယ်။
အီရန်၏ တန်ပြန်တိုက်ခိုက်မှုသည် အစ္စရေး စဥ်းစားထားသည့် ထက် အလွန်ကွာခြားမည်ဖြစ်ပါတယ်။
.........................................................................
END / 251