အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MSM
တနင်္ဂနွေနေ့

၂၄ ဇွန် ၂၀၁၂

၁၉:၃၀:၀၀
324585

အိန္ဒိနိုင်ငံ သား ရှီအာ ပညာရှင်များ ကို ဂုဏ်ယူပါတယ်

အိန္ဒိနိုင်ငံ သား ရှီအာ ပညာရှင်များ ကို ဂုဏ်ယူပါတယ် ယနေ့ အစ္စလာမ်၊အစ္စလာမ်၊ရှီအာ၊ရှီအာဟု မိမိတို့ကို မိမိကြွေးကြော်နေသူများကို အထူးသဖြင့် လေ့လာသုံးသတ်မည်ဆိုလျှင် ၊အစ္စလာမ်၏ သွန်သင်ဆုံးမချက်ဖြင့် လုံးဝ ပြောင်ဆန့်ကျင်နေ ကြောင်းတွေ့ရပါသည်။

ယနေ့ အစ္စလာမ်၊အစ္စလာမ်၊ရှီအာ၊ရှီအာဟု မိမိတို့ကို မိမိကြွေးကြော်နေသူများကို အထူးသဖြင့်  လေ့လာသုံးသတ်မည်ဆိုလျှင် ၊အစ္စလာမ်၏ သွန်သင်ဆုံးမချက်ဖြင့် လုံးဝ ပြောင်ဆန့်ကျင်နေ ကြောင်းတွေ့ရပါသည်။ အကြောင်းသည်ကားအစ္စလာမ်ဘာသာသည် လူမျိုးစွဲ၊စကားစွဲ ၊ကျောသားရင်သားခွဲခြားမှု၊ တရားမမျှတမှု ကို လုံးဝဆန့်ကျင်ပေသည်။ ဤအတွက်ကြောင့် တယူသန်ပြီး၊ အကြောင်းအမျိုးမျိုးကြောင့်၊ အိန္ဒိယဘာသာစကားတစ်ခု ဖြစ်သည့် ၊အူရ်သူမတတ်ကျွမ်းမှုကြောင့်ဖြစ်စေ၊ အူရ်သူမတတ်ကျွမ်းမှုကြောင့် လူတစ်စုမှ ပညာရှင်ဟု မသတ်မှတ် ခြင်း ၊ အထင်သေးခြင်းခံရ၍ဖြစ်စေ၊အိန္ဒိယနိုင်ငံအား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေမုန်းတီးပြီး၊ အိန္ဒိယ က နွား ကိုးကွယ်တဲ့ကုလား တွေပါ၊အလကားပါ၊ အစ္စလာမ် အိန္ဒိယကလာတာမဟုတ်ပါဘူး၊ အစ္စလာမ်နှင့်ရှီအာကို ပျက်စီးတာ အိန္ဒိယနှင့် ပါကစ္စတန် ကုလားတွေကြောင့်ပါ၊ဒို့မြန်မာနိုင်ငံဟာနယ်ချဲ့ကိုလိုနီ အင်္ဂလိပ်လက်အောက်၊ကျွန်ဘဝကနေလွတ်မြောက်ခဲ့သော်လည်း၊ကုလားတွေရဲ့ကျွန်ဘဝ ကနေမလွတ်မြောက်သေးဘူး၊ဒါကြောင့်နောင်ဟာဆိုလည်းကုလားလို၊ ဝါစ်ဆိုလည်းကုလားလို၊စသည်ဖြင့် သမုတ်ကြလေသည်။ အမှန်အတိုင်း ပြောရလျှင် နေရာထိုင်း ကောင်းသည်ပုဂ္ဂိုလ်များ ရှိ သလိုမကောင်းသူများ လည်းရှိပေသည်။ သို့သော် မကွယ်မဝှက်တန် အမှန်တရားကိုရေးရမည့်ဆိုလျှင် အိန္ဒိနိုင်ငံ ရှိ ရှီအာ ပညာရှင်များသည် ရှီအာ များအတွက် အကြီးအကျယ် ကြိုးစားခဲ့ပြီးကြိုးစားနေပေသည်။ ကျွန်တော်တို့၏ အမိမြန်မာပြည်ကြီး၌် အေးငြိမ်းစွာ ၊လွတ်လပ်စွာ   ကိုးကွယ်ခွင့်ပေးထား သည်ကြား မှ အဟ်လေစွန္နတ် အမည်ခံ တယူသန် စလာဖီ(ခ) ဝဟာဘီများ၏ဟောကြား မှုဖြင့်၎င်း ၊စာပေဖြင့်တမျိုး ၊အင်တာနက်ဖြင့်တဖုံ၊ဝက်ပလောက်ဖြင့်တနည်း ရှီအာများကို ပုတ်ခတ်စော်ကားနေရာ၊ အိန္ဒိယနိုင်ငံအား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေမုန်းတီးပြီး၊ အိန္ဒိယကနွားကိုးကွယ်တဲ့ကုလားတွေပါ၊အလကားပါ၊အစ္စလာမ်အိန္ဒိယကလာတာ မဟုတ်ပါဘူး၊အစ္စလာမ်နှင့်ရှီအာကိုပျက်စီးတာအိန္ဒိယနှင့်ပါကစ္စတန်ကုလားတွေကြောင့်ပါ ဒို့မြန်မာနိုင်ငံဟာနယ်ချဲ့ကိုလိုနီအင်္ဂလိပ်လက်အောက်၊ကျွန်ဘဝကနေလွတ်မြောက်ခဲ့သော်လည်း၊ ကုလားတွေရဲ့ကျွန်ဘဝကနေမလွတ်မြောက်သေးဘူး၊ဒါကြောင့်နောင်ဟာဆိုလည်း ကုလားလို၊ဝါစ်ဆိုလည်းကုလားလို၊စသည်ဖြင့် လေကြီးမိုးကြီးနေသူများသည်၊ ရှီအာဘာသာအားခုခံကာကွယ်ရမည့် အချိန်ဆို ပျောက်နေ၊ကွယ်နေ၊မသိခြင်းယောင်ဆောင် နေတာ၊ အကြောင်းအမျိုးမျိုးပြတာများလွန်ရော … ဤနေရာ၌ အတွေ့ အကြုံအရပြောရမည်ဆိုလျှင် အူရ်သူ ဘာသာရပ် ကို သင်ကြားတတ် မြောက်ထားဖို့ ဝါဂျစ်ဗ် မဟုတ်သော်လည်း၊ တတ်ကျွမ်းထားလျှင် မိမိ အတွက်ရော ၊ သာသနာ့တွက်ပါ အကျိုး အရမ်း ရှိပေသည်။ ရှောင့်ရန်ဆောင်ရန်စကားကို ဆိုရမည်ဆိုလျှင် မြန်မာ စကားကို ကောင်းကောင်းမတတ်၍ အူရ်သူဘာသာရပ် (ကုလားစကား) ကို တယူ မသန်သင့် သလို၊ အူရ်သူ စကားကို ကောင်းကောင်းမတတ်၍၊ မြန်မာ ဘာသာရပ်ကို တယူ မသန်သင့် ချေ။ အလယ်အလတ် လမ်းကို ရွေးချယ်သင့်ပေသည်။ မြန်မာစကားနှင့် အူရ်သူဘာသာရပ် ၂ မျိုး စလုးံ ကို တတ်ကျွမ်းလျှင် ((နေနှင့်မြ ရွှေနှင့်လ))