အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၂၅ မတ် ၂၀၁၃

၁၉:၃၀:၀၀
403000

သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ် အိမ်များအား အကြမ်းဖက် ဖျက်ဆီးနေ / တပ်ကုန်း၊ ရွေးစုရွာတွင် ဗလီကို စတင်ဖျက်ဆီးနေ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

 

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက် ဖျက်ဆီးနေ

 

ပဲခူး ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို ယမနေ့ည က ၁နာရီ ကျော်ကျော် ခန့်မှစ၍ ဖျက်ဆီးနေကြာင်းသတင်းရရှိသည်။

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုရွာရှိ ဗလီ၊ ဘာသာရေးစာသင်ကျောင်းနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းသမားများက ၀ိုင်းဝန်း ဖျက်ဆီးနေကြောင်းသိရသည်။

 

အုတ်ဖိုရွာတွင် ယခုအချိန်အတွင်း ဗလီကို ဖျက်ဆီးနေကြောင်း၊ ဗလီဘေးရှိ မွတ်စလင်မ်အိမ်နှင့်၊ ယင်းအိမ်ဘေးရှိ ဘာသာရေးစာသင်ကျောင်းအားလည်း ဖျက်ဆီးကြကြောင်း၊ ဗလီနှင့် အလှမ်းဝေးကွာသည့် အခြား မွတ်စလင်မ်အိမ်များကိုလည်း လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

 

“လာဖျက်နေတာ အနီးအနားက ရွာကလူတွေတက်လာပြီး ဖျက်ကြတာပါ။ လာဖျက်နေကြတဲ့ အကြမ်းဖက်အုပ်စုက လူအင်အား ၁၀၀၀-လောက်ရှိတယ်။ ရဲနှင့် စစ်တပ်ရောက်လာပြီး စစ်တပ်က ပစ်မိန့်ရလို့ ပစ်နေပါတယ်။ ဒါပေမယ့် လူအင်အား များလွန်းတာကြောင့် စစ်တပ်လည်း မနိုင်လို့ နောက်ဆုတ်သွားတယ်။ ဗလီ၊ စာသင်ကျောင်း၊ အိမ် အားလုံးက အုတ်တိုက်တွေဖြစ်တယ်။ ဖျက်နေတဲ့အိမ်မှန်သမျှက မွတ်စလင်မ် ပိုက်ဆံရှိတဲ့အိမ်တွေဖြစ်တယ်။”လို့ အုတ်ဖိုရွာမှ အခြေအနေကို မျက်မြင်တွေ့ရသူတစ်ဦးမှ ပြောပြလာပါတယ်။

 

အုတ်ဖိုတွင် မွတ်စလင်မ်အိမ်ခြေ (၇၀)၀န်းကျင်၊ လူဦးရေ (၂၀၀)ကျော်ရှိပြီး ဗလီ(၁)လုံးနှင့် ဘာသာရေးစာသင်ကျောင်း(၁)ကျောင်းသာ တည်ရှိကြောင်းလည်း သိရသည်။

တပ်ကုန်း၊ ရွေးစုရွာတွင် ဗလီကို စတင်ဖျက်ဆီးနေ

တပ်ကုန်း၊ ရွေးစုရွာရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို စတင် ဖျက်ဆီးနေကြောင်းသတင်းရရှိပါသည်။

 

တပ်ကုန်း၊ ရွေးစုရွာတွင် မွတ်စလင်မ်အိမ်ခြေ(၂၀)နှင့် မွတ်စလင်မ်ဦးရေ(၈၇)ယောက်သာရှိပြီး ဗလီတစ်လုံးလည်းရှိသော ရွာဖြစ်ပါသည်။

 

ယခုအချိန်တွင် ရွေးစုရွာ၌ မွတ်စလင်မ်များမရှိတော့ပဲ အခြားရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

 

“နေ့လည်ကတည်းက သတင်းရလို့ ကျွန်မတို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ”လို့ ရွေးစုရွာမှ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။