အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : msm
စနေနေ့

၅ အောက်တိုဘာ ၂၀၁၃

၂၀:၃၀:၀၀
469846

ဇီလ်ကိုင်အ်ဒဟ် လမြတ် နှင့်ပတ်သက်သည့် မှတ်သား ၊သိထားသင့်သည့် အဖြစ်အပျက်များ

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ

ဇီလ်ကိုင်အ်ဒဟ် လမြတ် နှင့်ပတ်သက်သည့် မှတ်သား ၊သိထားသင့်သည့် အဖြစ်အပျက်များ

ဤလမြတ် ၁ ရက်နေ့ ၏ အဖြစ်အပျက်

သခင်မကြီးဟဇရတ်ဖွာတွေမာမာစူမာကွမ်း(စ.အ)မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့သည့်နေ့ ဖြစ်လေ ၏။

ဟီဂျရီ သက္ကရာဇ် ၁၇၃ ခုနှစ်စိုလ်ဟ်ဟေဟိုဒိုင်းဒ်ဘီယာ(ဟီဂျရီသက္ကရာဇ်၆ခုနှစ်) ဖြစ်ခဲ့လေသည်။

ဤလမြတ် ၂ ရက်နေ့ ၏ အဖြစ်အပျက်

ဟဇရတ် အီဗရာဟီးမ် (အ.စ) အနေဖြင့် ဟဇရသ် နူးရ် (အ.စ)၏ လေမုန်တိုင်းပြင်းထန်းမှုကိစ္စ (ရေကေ ယာမသ်) ဖြစ်ပြီးနောက် ခါနာယေကအ်ဗာ (ကအ်ဗာဝတ်ကျောင်းတော်ကြီး)အား အသစ်တဖန်ပြန်လည် မွမ်းမံတည်ဆောက်ခဲ့လေသည်။

ဤလမြတ် ၅ ရက်နေ့ ၏ အဖြစ်အပျက်

အေမာမ်ဇမန် (အ.ဂျ) သခင်ကြီး ၏ဂိုက်ဗသ်သေကွဗ်ရာ (ဟီဂျရီ သက္ကရာဇ် ၃၂၉ ) စတင်ခြင်း ဖြစ်ပါသည်။

ဟဇရသ် အာယာသွလ်လ္လာဟ် အလ်အွဇ်မာ ဆရက် ဘကေရ်ရွလ်စဒရ် (ရ.ဟ) သည် (ဟီဂျရီ သက္ကရာဇ် ၁၄၀၀)၏ဤနေ့ရက် တွင် ဆဒန်မ် မလ်အူးမ် ၏လက်ချက်ဖြင့်ရှဟီးဒ် ဖြစ်ခဲ့ရလေသည်။

ဟီဂျရီသက္ကရာဇ် ၆၆၄ခုနှစ် ၏ ဤ နေ့ တွင် ရှီအာ အကျော်အမော် ကျေးဇူရှင် သာသနာ့ ပညာရှင် ဆရက်(ဒ်)အဗ်နေသွာအူးဒ် (ရ.ဟ) ရှင်မြတ် အမိန့်တော် ကို ခံယူ တော်မူခဲ့ သည့်နေ့ဖြစ်ပါသည်။

ဤလမြတ် ၇ ရက်နေ့ ၏ အဖြစ်အပျက်

ဟဇရတ်(သ)မူစာ(အ.စ)အတွက် မြတ်အလ္လာဟ်မှပင်လယ်အတွင်းလမ်းဖောက်ပေးတော်မူသည့်   နေ့ ဖြစ်ပါသည်။

ဤလမြတ် ၈ ရက်နေ့ ၏ အဖြစ်အပျက်

ဟီဂျရီသက္ကရာဇ် ၈ ခုနှစ်၏ ဤနေ့ရက်တွင် ဟဂ်ျအား ဝါဂျစ်ဗ် မပြုမနေရအဖြစ် သတ်မှတ်ချကြခဲ့ သည့် နေ့ဖြစ်လေသည်။ ဤလမြတ် ၉ ရက်နေ့ ၏ အဖြစ်အပျက် ဟဇရတ်(သ) မွတ်စလင် ဗင် အကီးလ် အနေဖြင့် ကူဖာမြို့မှနေပြီးဟီဂျရီသက္ကရာဇ်၆၀ခုနှစ်၏ဤနေ့ရက်တွင် အေမာမ်ဟိုစိုင်း(န) (အ.စ) သခင်ထံ စာရေးသား ပို့ပေးခဲ့လေသည်။

ဤလမြတ် ၁၁ ရက်နေ့ ၏ အဖြစ်အပျက်

ဟီဂျရီ သက္ကရာဇ် ၁၄၈ ခုနှစ် ၏ ဤနေ့ရက် သည် ဟဇရတ်(သ) အေမာမ်ရေဇာ (အ.စ) သခင်ကြီး မီးရှူးသန့်စင် ဖွားမြင် တော်မူခဲ့သည့်နေ့ ဖြစ်ပါသည်။

ဟီဂျရီသက္ကရာဇ် ၃၃၆ ခုနှစ် ၏ ဤ နေ့ တွင် ရှီအာ အကျော်အမော် ကျေးဇူရှင် သာသနာ့ ပညာ ရှင် ရှိက်ခ်မိုဖီးဒ် (ရ.ဟ) ရှင်မြတ် အမိန့်တော် ကို ခံယူတော်မူခဲ့ သည့် နေ့ဖြစ်ပါသည်။

ဤလမြတ် ၁၃ ရက်နေ့ ၏ အဖြစ်အပျက်

ဟဇရတ်(သ)အီဒ်ရီးစ်(အ.စ)အား မြတ်အလ္လာဟ်မှ ကောင်းကင်များပေါ်သို့ ခေါ်ယူတော်မူခဲ့ လေ သည်။

ဤလမြတ် ၁၆ ရက်နေ့ ၏ အဖြစ်အပျက်

ပြည်ထောင်စုအစ္စလာမ်မစ်အီရန် နိုင်ငံတော်၏စစ်မှန်ပြီး ခေတ် နှင့်လည်းညီ၊တရားတော် နှင့် လည်းညီသည့် အစ္စလာမ်မစ် တော်လှန်ရေး အောင်မြင်ခဲ့သည်နေ့ ၊ အပြောနှင့်အလုပ်မညီ သူ၊နိုင်ငံတကာ ကိစ္စ တွင်ဝင်ရှုပ်နေသူ ၊အရှုပ်ထုပ် အမေရိကန်နှင့် အစ္စရေးတို့ ၏ လက်ပါးစေ အမည်ခံအစ္စလာမ် ၊ ဟန်ဆောင် မူသာရှိပြီး ပြည်သူလူထုအားမတရား အမြတ်ယူ ကုတ်သွေးစုပ် ခဲ့၊စုပ်နေသည့်ကိုလိုနီ၊အကြမ်းဖက်အနောက် နိုင်င်ငံများ၏တပည့်ရင်း၊အသားထဲကလောက် ထွက်နေသည့် ရှားဘုရင် ပြုတ်ကျပြီး ၊အပေါင်းအပါး၊ဆရာများ စိတဓာတ်ကျ ၊ မျှော်လင့်ချက်ကင်းရခဲ့သည့်နေ့ဖြစ်ပေသည်။

ဤလမြတ် ၁၇ ရက်နေ့ ၏ အဖြစ်အပျက်

ဤနေ့ရက် သည် ဟဇရတ်(သ) အာယာသွလ်လ္လာဟ် (ကွမ်းသာသနာ့ဟောင်ဇာ ဗိသုကာ ၊ကျေးဇူး တော်ရှင် ) ရှိက်ခ်အဗ်ဒွလ်ကရီးမ် ဟာအေရီး ရှင်မြတ် အမိန့်တော် ကို ခံယူ တော် မူခဲ့သည့်နေ့ ဖြစ်ပါသည်။

ဤလမြတ် ၁၈ ရက်နေ့ ၏ အဖြစ်အပျက်

ဟီဂျရီသက္ကရာဇ် ၁၃၇၃ ခုနှစ် ၏ ဤ နေ့ တွင် ရှီအာ အကျော်အမော် ကျေးဇူရှင် သာသနာ့ ပညာရှင် ရှိက်ခ် မိုဟမ္မဒ် ဟစန် ကာရှေ် ဖိုလ်ဂသွာ (ရ.ဟ) ရှင်မြတ် အမိန့်တော် ကို ခံယူ တော်မူခဲ့ သည့်နေ့ဖြစ်ပါသည်။

ဟီဂျရီသက္ကရာဇ် ၆၇၃ ခုနှစ် ၏ ဤ နေ့ တွင် ရှီအာ အကျော်အမော် ကျေးဇူရှင် သာသနာ့ ပညာရှင် ခွာဂျာနစီးရွဒ် ဒီး(န) သူစီး (ရ.ဟ) ရှင်မြတ် အမိန့်တော် ကို ခံယူ တော်မူခဲ့ သည့်နေ့ဖြစ်ပါသည်။

ဤလမြတ် ၂၃ ရက်နေ့ ၏ အဖြစ်အပျက်

ရီဝါယတ်တော်တစ်ခု အရ ဟီဂျရီသက္ကရာဇ် ၂၀၃ ခုနှစ် ၏ ဤ နေ့ တွင် ဟဇရတ်(သ) အေမာမ်ရေဇာ (အ.စ) သခင်ကြီး ရှဟဒသ် ခံယူတော်မူခဲ့သည့်နေ့ ဖြစ်လေသည်။ ဟီဂျရီသက္ကရာဇ် ၅ ခုနှစ် ၏ ဤ နေ့ တွင် ဗနီဂရီးဇွာဟ် စစ်ပွဲ ဖြစ်ပွဲခဲ့လေသည်။

ဤလမြတ် ၂၅ ရက်နေ့ ၏ အဖြစ်အပျက်

ဟဇရတ်(သ) အာဒမ် (အ.စ) သည် ဟဇရတ် (သ) ဂျီးဗရအီးလ် (အ.စ) ၏ ကူညီဖေးမမှုဖြင့် ကအ်ဗာ ဝတ်ကျောင်းတော်ကြီး အားတည် ဆောက်ခဲ့လေသည်။ ကအ်ဗာဝတ်ကျောင်းတော်၏ အောက်မှစတင်ပြီး မြေပထဝီ ပြင်အားခင်းတော်မူ သည့်နေ့ဖြစ်လေ၏။

ဟဇရတ်(သ) အီဗရာဟီးမ် (အ.စ) ၊ နှင့် ဟဇရတ် (သ) အီစာ (အ.စ) တို့ မီးရှူးသန့်စင် ဖွားမြင် တော်မူခဲ့သည့်နေ့ ဖြစ်ပါသည်။

ဟီဂျရီသက္ကရာဇ် ၂၀၀ ခုနှစ် ၏ ဤ နေ့ တွင် ဟဇရတ်(သ) အေမာမ်ရေဇာ (အ.စ) သခင်ကြီး မဒီနာ ရွှေမြို့တော် (ဆော်ဒီနိုင်ငံ)မှ ခိုရာစာန် (အီရန်)သို့ ကြွမြန်းတော်မူခဲ့သည့် နေ့ ဖြစ်လေသည်။ ဤလမြတ်၂၆ ရက်နေ့ ၏ အဖြစ်အပျက်

ဟီဂျရီသက္ကရာဇ် ၁၀ ခုနှစ် ၏ ဤ နေ့ တွင် ဟဇရတ်(သ) မိုဟမ္မဒ် (ဆွ) သခင်ကြီးသည် ဟဂ်ျ၏ တာဝန်များ ကို ထမ်းဆောင် ၊ကျင့်ဆောင်ရန် ကြွမြန်းတော်မူခဲ့သည့်နေ့ ဖြစ်လေ၏။

ဤလမြတ် နောက်ဆုံး ရက်နေ့

၏ အဖြစ်အပျက် ဟီဂျရီသက္ကရာဇ် ၂၂၀ ခုနှစ် ၏ ဤ နေ့ တွင် ဟဇရတ်(သ) အေမာမ်မိုဟမ္မဒ် သကီး (အ.စ) သခင်ကြီး ရှဟဒသ် ခံယူတော်မူခဲ့သည့်နေ့ ဖြစ်လေ သည်။ ပါကစ္စတန် နိုင်ငံ အလ်မွစ်သဖွာ (ဆွ) အစ္စလာမ်မစ်စင်တာ ဌာနထုတ်လက်ကမ်းစာစောင်အားဖြည့်စွက် ဘာသာပြန် တင်ပြရလိုက်ပါသည်။

ဟန်ဆောင်မူကင်းမဲ့သည်မောမြေမှ

ရှိက်ခ်ဂျမားလ် (တောင်ကြီး)