
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီသည္လာမည့္ (၁၅)ႀကိမ္ေျမာက္ လႊတ္ ေတာ္ပုံမွန္အစည္းအေဝးစတင္ခ်ိန္တြင္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ဥပေဒ မူၾကမ္း ႏွစ္ခု တင္သြင္းမည္ဟု ေကာ္မတီ အတြင္းေရးမႉး ေဒါက္တာျမတ္ ဉာဏစိုးက ေျပာသည္။
အထက္ပါပူးေပါင္းေကာ္မတီသည္ဇန္နဝါရီ ၁၃ ရက္တြင္၎တို႔၏ ေကာ္မတီအစည္းအ ေဝး ျပန္လည္စတင္မည္ျဖစ္ၿပီးအခ်က္ ၃,၇၆၅ ခ်က္အနက္ဆႏၵ ျပဳမဲခြဲရန္ ၃၆ ခ်က္သာ က်န္ရွိေၾကာင္း ေဒါက္တာျမတ္ဉာဏစိုး ကဆိုသည္။
‘‘လာမယ့္ ၂၇ ရက္စမယ့္(၁၅)ႀကိမ္ေျမာက္အစည္းအေဝး မွာမူၾကမ္းကို တန္းတင္မယ္။ဥပေဒမူၾကမ္းကိုတိုက္႐ိုက္တင္မွာပါ။ဥပေဒမူၾကမ္းႏွစ္ရပ္ျဖစ္လာလိမ့္မယ္’’ဟု အထက္ ပါ ပူးေပါင္းေကာ္မတီ အတြင္းေရးမႉးက ေျပာသည္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ပုဒ္မ ၄၃၆ (က)ႏွင့္ (ခ) တြင္ ျပင္ဆင္ရမည့္ နည္းလမ္း ႏွစ္ခုရွိသျဖင့္ အဆိုပါ ျပ႒ာန္း ခ်က္အတိုင္း ပူးေပါင္းေကာ္မတီ က ၄၃၆ (က)ႏွင့္ သက္ဆိုင္သည့္ ပုဒ္မ၊ ပုဒ္မခြဲမ်ားကို ဥပေဒမူၾကမ္း တစ္ခု၊ ၄၃၆ (ခ)ႏွင့္ သက္ဆိုင္ သည့္ ပုဒ္မ၊ ပုဒ္မခြဲမ်ားကို ဥပေဒ မူၾကမ္းတစ္ခု စုစုေပါင္း မူၾကမ္း ႏွစ္ခု တင္သြင္းမည္ဟု ဆိုလိုျခင္း ျဖစ္သည္။
ပုဒ္မ ၄၃၆ (က)တြင္ ေဖာ္ျပ ထားေသာ ပုဒ္မ ၉၅ ခုကို ျပင္ဆင္ လိုပါက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္း ေက်ာ္က ျပင္ဆင္ရန္ သေဘာတူ ၿပီးေနာက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲက်င္းပ၍ ဆႏၵမဲေပးပိုင္ခြင့္ရွိသူအားလုံး၏ ထက္ဝက္ေက်ာ္ ဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္ျဖစ္ သည္။
ပုဒ္မ ၄၃၆ (ခ)၌ ပုဒ္မ ၄၃၆ (က)တြင္ ေဖာ္ျပထားေသာ ျပ႒ာန္းခ်က္မ်ားမွအပ အျခား ျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္း ေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္ ျပင္ဆင္ရမည္ဟု ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၌ ျပ႒ာန္းထားသည္။
အထက္ပါဥပေဒမူၾကမ္းႏွစ္ခုကိုပူးေပါင္းေကာ္မတီဝင္မ်ားအပါအဝင္လႊတ္ေတာ္အတြင္းရွိကိုယ္စားလွယ္ ၂၀ ရာခိုင္ႏႈန္းကလက္မွတ္ေရးထိုးတင္သြင္းမည္ ျဖစ္ေၾကာင္း ေဒါက္ တာျမတ္ဉာဏစိုးက ေျပာသည္။
ထို႔အျပင္အေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းေရးဆြဲရာတြင္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊လႊတ္ေတာ္ဥကၠ႒မ်ားထံသေဘာထားစုစည္းခ်က္မ်ားေတာင္းခံၿပီးရရွိလာေသာ သေဘာထားမ်ားကို ဆႏၵျပဳမဲခြဲခဲ့ ေၾကာင္းႏွင့္ ထပ္တူညီျခင္း၊ ကြဲ လြဲျခင္း၊ အသစ္ေပၚေပါက္လာ ျခင္းတို႔ ျဖစ္ေပၚလာေၾကာင္း ပူး ေပါင္းေကာ္မတီအတြင္းေရးမႉးက ရွင္းျပသည္။
သို႔ေသာ္အေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ဆႏၵျပဳမဲခြဲျခင္းလုပ္ငန္းစဥ္အေပၚတပ္မေတာ္ႏွင့္ျပည္ခိုင္ၿဖိဳးပါတီကကန႔္ကြက္ထားၿပီးအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ တင္ ျပခ်က္မ်ားသာအတည္ျဖစ္ေနသည္ဟု ေဝဖန္ထားသည္။ပူးေပါင္းေကာ္မတီအတြင္းေဆာင္ ႐ြက္ခ်က္မ်ားကို တပ္မေတာ္ကအႀကိမ္ႀကိမ္ ကန႔္ကြက္ထားၿပီး ျပည္ခိုင္ၿဖိဳးက ေကာ္မတီမွ ႏုတ္ ထြက္ခဲ့သည္။
ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ ႏွစ္ဦး ႏုတ္ထြက္ျခင္းမျပဳမီအမ်ိဳးသားညီၫြတ္ေသာဒီမိုကရက္တစ္ပါတီမွဦးစိန္ဝင္းႏွင့္ရခိုင္အမ်ိဳးသားပါတီမွ ကိုယ္စားလွယ္ ႏွစ္ဦး ႏုတ္ထြက္ထား၍ ပူးေပါင္း ေကာ္မတီတြင္ စုစုေပါင္း ႏုတ္ထြက္သူ ငါးဦးရွိသည္။ ပူးေပါင္းေကာ္မတီကို ၄၅ ဦးျဖင့္ စတင္ဖြဲ႕စည္းေသာ္လည္း လက္ရွိတြင္ ၄၀ ဦးသာ က်န္ရွိသည္။
ဒီခ်ဳပ္ဦးေဆာင္သည့္ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီဖြဲ႕စည္းၿပီးေနာက္ ျပည္ခိုင္ၿဖိဳးပါတီကအေျခခံဥပေဒျပင္ဆင္ေရးမူၾကမ္းသုံးခုႏွင့္တပ္မေတာ္ကမူၾကမ္းႏွစ္ခုကို အေျခခံဥပေဒ အခန္း (၁၂)ပါ ျပ႒ာန္းခ်က္အ တိုင္း ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းခဲ့သည္။
အဆိုပါဥပေဒမူၾကမ္းငါးခု၏ပထမမူၾကမ္းႏွစ္ခုကိုအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီ၏ လုပ္ငန္းစဥ္ေအာက္တြင္ထည့္သြင္းရန္ လႊတ္ေတာ္က ဆုံးျဖတ္ၿပီး က်န္သုံးခုကို ပူးေပါင္းေကာ္မတီက ဥပေဒမူၾကမ္း တင္သြင္းခ်ိန္တြင္ သီးျခားစီ၊ တစ္ၿပိဳင္တည္း၊ ယွဥ္တြဲလ်က္ ျပင္ဆင္သည့္ ဥပေဒမူၾကမ္းအျဖစ္ တင္သြင္းရန္ ဆုံးျဖတ္ခဲ့သည္။
Unicode
ဒီချုပ်ဦးဆောင်၍ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းနှစ်ခုကို ဇန်နဝါရီ ၂၇ ရက်တွင် တင်သွင်းမည်ဟုဆို
အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီသည်လာမည့်(၁၅)ကြိမ်မြောက်လွှတ် တော်ပုံမှန်အစည်းအဝေး စတင် ချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း နှစ်ခု တင်သွင်းမည်ဟု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ် ဉာဏစိုးက ပြောသည်။
အထက်ပါ ပူးပေါင်းကော်မတီသည် ဇန်နဝါရီ ၁၃ ရက်တွင် ၎င်းတို့၏ ကော်မတီအစည်းအ ဝေး ပြန်လည်စတင်မည်ဖြစ်ပြီး အချက် ၃,၇၆၅ ချက်အနက် ဆန္ဒ ပြုမဲခွဲရန် ၃၆ ချက်သာ ကျန်ရှိကြောင်း ဒေါက်တာမြတ်ဉာဏစိုး ကဆိုသည်။
‘‘လာမယ့် ၂၇ ရက် စမယ့် (၁၅)ကြိမ်မြောက် အစည်းအဝေး မှာ မူကြမ်းကို တန်းတင်မယ်။ ဥပဒေမူကြမ်းကို တိုက်ရိုက်တင် မှာပါ။ ဥပဒေမူကြမ်းနှစ်ရပ်ဖြစ် လာလိမ့် မယ်’’ဟု အထက်ပါ ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် (ခ) တွင် ပြင်ဆင်ရမည့် နည်းလမ်း နှစ်ခုရှိသဖြင့် အဆိုပါ ပြဋ္ဌာန်း ချက်အတိုင်းပူးပေါင်းကော်မတီက ၄၃၆ (က)နှင့် သက်ဆိုင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ဥပဒေမူကြမ်း တစ်ခု၊ ၄၃၆ (ခ)နှင့် သက်ဆိုင် သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ဥပဒေ မူကြမ်းတစ်ခု စုစုပေါင်း မူကြမ်း နှစ်ခု တင်သွင်းမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြ ထားသော ပုဒ်မ ၉၅ ခုကို ပြင်ဆင် လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ် သည်။
ပုဒ်မ ၄၃၆ (ခ)၌ ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရ မည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ပြဋ္ဌာန်းထားသည်။
အထက်ပါဥပဒေမူကြမ်းနှစ် ခုကို ပူးပေါင်းကော်မတီဝင်များ အပါအဝင် လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး တင်သွင်းမည် ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာ ဏစိုးက ပြောသည်။
ထို့အပြင်အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်၊လွှတ်တော်ဥက္ကဋ္ဌများထံသဘောထားစုစည်းချက်များ တောင်းခံ ပြီး ရရှိလာသောသဘောထားများကိုဆန္ဒပြုမဲခွဲခဲ့ကြောင်းနှင့်ထပ်တူညီခြင်း၊ကွဲလွဲခြင်း၊အသစ်ပေါ်ပေါက်လာခြင်းတို့ဖြစ်ပေါ်လာကြောင်းပူးပေါင်းကော်မတီအတွင်းရေးမှူး က ရှင်းပြသည်။
သို့သော်အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ဆန္ဒပြုမဲခွဲခြင်းလုပ်ငန်းစဉ်အပေါ်တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီကကန့်ကွက်ထားပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ၏တင် ပြချက်များသာ အတည်ဖြစ်နေ သည်ဟု ဝေဖန်ထားသည်။ ပူး ပေါင်းကော်မတီအတွင်း ဆောင် ရွက်ချက်များကို တပ်မတော်က အကြိမ်ကြိမ် ကန့်ကွက်ထားပြီး ပြည်ခိုင်ဖြိုးက ကော်မတီမှ နုတ် ထွက်ခဲ့သည်။
ပြည်ခိုင်ဖြိုးကိုယ်စားလှယ် နှစ်ဦး နုတ်ထွက်ခြင်းမပြုမီ အမျိုး သားညီညွတ်သော ဒီမိုကရက် တစ်ပါတီမှ ဦးစိန်ဝင်းနှင့် ရခိုင် အမျိုးသားပါတီမှ ကိုယ်စားလှယ် နှစ်ဦး နုတ်ထွက်ထား၍ ပူးပေါင်း ကော်မတီတွင် စုစုပေါင်း နုတ်ထွက်သူ ငါးဦးရှိသည်။ ပူးပေါင်းကော်မတီကို ၄၅ ဦးဖြင့် စတင်ဖွဲ့စည်းသော်လည်း လက်ရှိတွင် ၄၀ ဦးသာ ကျန်ရှိသည်။
ဒီချုပ်ဦးဆောင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီကအခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းသုံးခုနှင့်တပ်မတော်ကမူကြမ်းနှစ်ခုကို အခြေ ခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်အ တိုင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုပါဥပဒေမူကြမ်းငါးခု၏ပထမမူကြမ်းနှစ်ခုကိုအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏လုပ်ငန်းစဉ်အောက်တွင်ထည့်သွင်းရန်လွှတ်တော်ကဆုံးဖြတ်ပြီးကျန်သုံးခု ကိုပူးပေါင်းကော်မတီကဥပဒေမူကြမ်းတင်သွင်းချိန်တွင် သီးခြားစီ၊တစ်ပြိုင်တည်း၊ယှဉ်တွဲလျက် ပြင်ဆင်သည့် ဥပဒေမူကြမ်းအဖြစ် တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။
====================================
END / 251