
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရန္ကုန္တိုင္းေဒသႀကီး အစိုးရ၏ အားနည္းခ်က္ေၾကာင့္ ႏိုင္ငံ့ဝင္ေငြ ဆုံးရႈံးနစ္နာမႈမ်ားရွိ ေၾကာင္း စာရင္းစစ္ခ်ဳပ္၏ စစ္ ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
အေနာ္မာအႏုပညာကုမၸဏီက ဝန္ႀကီးမ်ား႐ုံးေဟာင္းငွားရမ္းခ ေပးေဆာင္ရန္ ပ်က္ကြက္၍ ဒဏ္ ေၾကးေပးေဆာင္ျခင္းမရွိသည့္အ ခ်က္အပါအဝင္ အျခားစီမံကိန္း လုပ္ငန္းမ်ား ေၾကာင့္ဝင္ေငြနစ္နာ ဆုံးရႈံးမႈမ်ားစြာရွိေၾကာင္း ၂၀၁၇-၁၈ ဘ႑ာႏွစ္၌ စစ္ေဆးေတြ႕ ရွိသည့္ အစီရင္ခံစာကို ရန္ကုန္ တိုင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္ ေဒၚခင္သန္းလွက ဇန္နဝါရီ ၈ ရက္တြင္ ျပဳလုပ္သည့္တိုင္းေဒသ ႀကီး လႊတ္ေတာ္အစည္းအေဝး တြင္ တင္သြင္းခဲ့သည္။
အဆိုပါအစီရင္ခံစာကို ယမန္ႏွစ္ဇူလိုင္က ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ လႊတ္ ေတာ္ဥကၠ႒ထံ ေပးပို႔ခဲ့ၿပီး ေျခာက္ လခန႔္အၾကာမွသာ လႊတ္ေတာ္သို႔ တင္သြင္းျခင္းျဖစ္ သည္။
ဝန္ႀကီးမ်ား႐ုံးေဟာင္းငွားရမ္းမႈမွကင္းလြတ္ေနသည့္ ဒဏ္ေၾကးအေနာ္မာအႏုပညာအုပ္စု ကုမၸဏီကရန္ကုန္တိုင္းအစိုးရထံမွဝန္ႀကီးမ်ား႐ုံးေဟာင္းကို ျပတိုက္အျဖစ္ အဆင့္ျမႇင့္ တင္ ျခင္းႏွင့္ အျခားဝန္ေဆာင္မႈလုပ္ ငန္းမ်ားလုပ္ကိုင္ရန္ ႏွစ္ ၅၀ ငွား ရမ္းလုပ္ကိုင္ခြင့္ရရွိထားျခင္း ျဖစ္ သည္။
၁၅ ဧကေက်ာ္က်ယ္သည့္ ဝန္ႀကီးမ်ား႐ုံးေဟာင္းေျမႏွင့္ အ ေဆာက္အအုံကို တစ္ႏွစ္လွ်င္ က်ပ္သန္း ၃၀၀ ျဖင့္ ၂၀၁၅ မွစ၍ ငွားရမ္းခဲ့သည္။
ငွားရမ္းခကို ၂၀၁၈ ဇြန္လ ကစ၍ ေပးေဆာင္ရမည္ျဖစ္ေသာ္ လည္း ၂၀၁၉ ဇြန္လအထိ ေပး ေခ်ျခင္းမရွိဘဲ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္စာရင္းစစ္ေဆးခ်ိန္ မွသာ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕၏ ေငြစာရင္းသို႔ေပး သြင္းထားေၾကာင္း သိရွိရသည္ဟု စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ထိုသို႔သတ္မွတ္လတြင္ငွားရမ္းခေပးေခ်ခဲ့ျခင္းမရွိသျဖင့္စာခ်ဳပ္ပါစည္းကမ္းခ်က္အရ ငွားရမ္းခေငြ၏ ၁၀ ရာခိုင္ႏႈန္းကို ဒဏ္ေၾကးေပးေဆာင္ရမည္ျဖစ္ ေသာ္လည္း ရန္ကုန္တိုင္း ေဒသ ႀကီး အစိုးရက ယင္းဒဏ္ေၾကးကို ေကာက္ခံထားျခင္းမရွိဟုလည္း ပါရွိသည္။
ထို႔ေၾကာင့္ စာခ်ဳပ္စည္း ကမ္းခ်ိဳးေဖာက္မႈဒဏ္ေၾကး ၁၀ ရာခိုင္ႏႈန္းျဖစ္သည့္ က်ပ္သန္း ၃၀ ကို တိုင္းေဒသႀကီးအစိုးရက နစ္နာခဲ့ျခင္းျဖစ္သည္။
ထို႔အျပင္ဝန္ႀကီးမ်ား႐ုံး ေဟာင္းေျမငွားရမ္းခမွာ ေက်ာက္တံတားၿမိဳ႕နယ္ ေျမငွားရမ္းခႏွင့္ယွဥ္ပါကတစ္ႏွစ္လွ်င္တစ္ဘီလီယံေက်ာ္နစ္နာမႈရွိသျဖင့္ငွားရမ္းခတိုးျမႇင့္ရရွိေရးညႇိႏႈိင္း ေဆာင္ ႐ြက္သင့္ေၾကာင္း စာရင္းစစ္ခ်ဳပ္ ေဒၚခင္သန္းလွက ေထာက္ျပ သည္။
YRTA ဝင္ေငြတိုးျမႇင့္ရရွိေသာ္ လည္း အခြန္မေဆာင္
ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) က ၂၀၁၇-၁၈ ဘ႑ာ ႏွစ္အတြင္း ဝင္ေငြတိုးျမႇင့္ရရွိ ေၾကာင္း တိုင္းေဒသႀကီးစာရင္း စစ္ခ်ဳပ္ အစီရင္ခံစာတြင္ေဖာ္ျပ ထားသည္။
ထိုအဖြဲ႕တြင္ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္ကနာယကျဖစ္ၿပီးတိုင္းေဒသႀကီးလွ်ပ္စစ္၊စက္မႈလက္မႈႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးကဥကၠ႒တာဝန္ယူထားကာတိုင္းေဒသ ႀကီးဝန္ ႀကီးမ်ား၊ ဌာနဆိုင္ရာအႀကီးအကဲ မ်ားႏွင့္ ျပင္ပပညာရွင္မ်ားျဖင့္ ၂၀၁၆ က ဖြဲ႕စည္းထားျခင္းျဖစ္ သည္။
YRTA အေနျဖင့္ ေမာ္ေတာ္ ယာဥ္ႀကီးၾကပ္ခႏွင့္ ေျမငွားရမ္းခ မ်ားမွ ဝင္ေငြရရွိေနျခင္းလည္း ျဖစ္သည္။
၂၀၁၇-၁၈ ဘ႑ာႏွစ္အထိ YRTA ၏ ဘ႑ာေရးအေျခအေန မွာ အသုံးစရိတ္ထက္ က်ပ္သန္း ၇,၆၀၀ ေက်ာ္ ဝင္ေငြရရွိထား ေသာ္လည္း ဝင္ေငြခြန္ေပးေဆာင္ ထားျခင္း မရွိဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
တစ္နာရီ ဒီဇယ္ဂါလန္ ၁,၇၀၀ ခန႔္ ထည့္ေမာင္းရသည့္ မီးစက္ရန္ကုန္တိုင္းေဒသႀကီးအ တြင္း ေႏြရာသီမီးျပတ္ေတာက္ပါ က အသုံးျပဳရန္ ၂၀၁၇ တြင္ ဝယ္ ယူခဲ့သည့္ ၂၅ မဂၢါဝပ္ဓာတ္အား ထုတ္လုပ္ေပးႏိုင္ေသာ ဒီဇယ္ႏွင့္ သဘာဝဓာတ္ေငြ႕ေလာင္စာႏွစ္ မ်ိဳးသုံး မီးစက္ႏွင့္ပတ္သက္၍လည္း အစီရင္ခံစာတြင္ ထည့္သြင္းေဖာ္ ျပထားသည္။
ယင္းမီးစက္ကို က်ပ္ဘီလီ ယံ ၃၀ ျဖင့္ ဝယ္ယူထားျခင္းျဖစ္ ကာ တစ္ႏွစ္လွ်င္ ေျခာက္လထက္ ပို၍ သုံးစြဲမႈမရွိေၾကာင္း အစီရင္ ခံစာကဆိုသည္။
အဆိုပါမီးစက္လည္ပတ္ရန္ တစ္နာရီလွ်င္ ဒီဇယ္ ၁,၆၈၀ ဂါလန္သုံးစြဲရေၾကာင္း ဆိုသည္။
၂၀၁၇-၁၈ ဘ႑ာႏွစ္အ တြင္း စက္စမ္းသပ္ေမာင္းႏွင္ ျခင္း၊ စက္ေမာင္းႏွင္သင္တန္းေပး ျခင္း၊ စက္ပ်က္စီးမႈမျဖစ္ေပၚေစ ရန္ ပုံမွန္စက္ႏႈိးျခင္းႏွင့္ ဓာတ္ အားလိုအပ္ခ်က္ ေၾကာင့္ ေမာင္း ႏွင္ျခင္းတို႔ေၾကာင့္ ဒီဇယ္ဂါလန္ တစ္သန္းခန႔္ (၉၈၁,၃၀၅) သုံးစြဲခဲ့ ေၾကာင္း စာရင္းစစ္ခ်ဳပ္အစီရင္ ခံစာတြင္ ထုတ္ျပန္သည္။
ဓာတ္အားလိုအပ္ခ်က္အရ ေမာင္းေပးခဲ့ရသည့္ငါးလအတြင္းဓာတ္အားယူနစ္ ၁၁ သန္း ေက်ာ္ကိုတစ္ယူနစ္လွ်င္ ၆၀ က်ပ္ႏႈန္းျဖင့္ ေရာင္းခ်သျဖင့္ က်ပ္သန္း ၇၀၀ ရရွိေၾကာင္း ေဖာ္ျပထားသည္။
သို႔ေသာ္ယင္းဓာတ္အားထုတ္လုပ္ရန္ဒီဇယ္ဂါလန္တစ္သန္းခန႔္သုံးစြဲခဲ့ရသျဖင့္ကုန္က်စရိတ္မွာက်ပ္သန္း ၃,၈၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း ဆက္လက္ေဖာ္ျပထားသည္။ထို႔ေၾကာင့္ ရေငြႏွင့္ ကုန္က်ေငြတြင္ ကုန္က်မႈက က်ပ္ သန္း ၃,၁၀၀ ေက်ာ္ပိုမ်ားသည္။
ရလဒ္ေကာင္းမရသည့္ညေဈးကမ္းနားလမ္း၌ ၂၀၁၆ တြင္စတင္ဖြင့္လွစ္ခဲ့သည့္ညေဈးတန္းမွာရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ေဈးမ်ားဌာန၏ စည္းကမ္းထိန္း သိမ္းမႈအားနည္းခ်က္ေၾကာင့္ ေမွ်ာ္မွန္းထားသေလာက္အက်ိဳးရလဒ္မရ ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္က ဆိုသည္။
ယင္းညေဈးတန္းအတြက္ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္တြင္က်ပ္သန္း ၁,၅၀၀ ေက်ာ္၊၂၀၁၇-၁၈ ဘ႑ာေရးႏွစ္တြင္က်ပ္ ၂၁ သန္းေက်ာ္သုံးစြဲခဲ့ၿပီးသန႔္ရွင္းေရးခြန္၊ ေရဖိုး၊သန႔္စင္ ခန္းငွားရမ္းခ ၁၁၄ သန္းေကာက္ ခံရရွိေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
အဆိုပါညေဈးတန္းတြင္ေနရာခ်ထားေပးႏိုင္ခဲ့သည့္ဆိုင္ခန္း ၁,၈၀၀ ေက်ာ္ရွိေသာ္လည္း ေဈးသည္ဦးေရ တျဖည္းျဖည္းေလ်ာ့ နည္းလာၿပီး ၂၀၁၈ မတ္လအထိ ဆိုင္ခန္း ၅၀၀ ေက်ာ္အတြက္သာ အခြန္အခ ေကာက္ခံႏိုင္ေတာ့ သည့္ အေျခအေနျဖစ္ခဲ့ေၾကာင္း ဆက္လက္ေဖာ္ျပထားသည္။
‘‘ေမွ်ာ္မွန္းတဲ့အက်ိဳးရလဒ္ မရရွိခဲ့လို႔ နည္းလမ္းရွာေဖြျပဳျပင္ ေဆာင္႐ြက္သင့္ပါတယ္’’ ဟု ေဒၚခင္သန္းလွက အႀကံျပဳသည္။
ဘဏ္တိုးေငြသာျပစရာရွိသည့္ Yangon Metropolitan Development ကုမၸဏီရန္ကုန္တိုင္းေဒသႀကီး အစိုးရႏွင့္ ပုဂၢလိကပူးေပါင္း ေဆာင္႐ြက္သည့္မူအရ ဖြဲ႕စည္း ထူေထာင္ထားသည့္ Yangon Metropolitan Development အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီမွာ ၂၀၁၇-၁၈ ဘ႑ာႏွစ္အတြင္းလုပ္ငန္းေဆာင္႐ြက္မႈမွဝင္ေငြရရွိျခင္းမရွိ ေသးဘဲ အစုရွယ္ယာ ထည့္ဝင္ေငြမ်ားကို ဘဏ္သို႔ အပ္ႏွံထားသျဖင့္ ဘဏ္တိုးသာ အဓိကရရွိေနသည္ဟု ရန္ကုန္ တိုင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္က ထုတ္ေဖာ္ေျပာၾကား သည္။
ယင္းကုမၸဏီတြင္ ရွယ္ယာ တစ္စုလွ်င္ က်ပ္တစ္သိန္းႏႈန္းျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ရွယ္ယာ ၅၄၀,၀၀၀ ႏွင့္ ျမန္မာ့ ေဆာက္လုပ္ေရးႏွင့္ဖြံ႕ၿဖိဳးေရးအ မ်ားႏွင့္သက္ ဆိုင္ေသာ ကုမၸဏီ အစုရွင္မ်ားက ရွယ္ယာ ၄၉,၀၀၀ ထည့္ဝင္ထားျခင္းျဖစ္သည္။
အစီရင္ခံစာတြင္ပါဝင္သည့္ ႏိုင္ငံ့ဝင္ေငြနစ္နာဆုံးရႈံးမႈမ်ား ရွိ ေနေသာ ျဖစ္ရပ္အခ်ိဳ႕သည္၂၀၁၆ -၁၇ အစီရင္ခံစာထုတ္ျပန္စဥ္က တည္းက ေတြ႕ရွိခ်က္မ်ားျဖစ္ ေသာ္လည္း အစိုးရအဖြဲ႕ကလိုက္နာျပင္ဆင္မႈမရွိခဲ့ေၾကာင္းေဒၚခင္သန္းလွက ေျပာသည္။
ယခုအစီရင္ခံစာကို လႊတ္ ေတာ္သို႔အက်ဥ္းခ်ဳပ္သာေဖာ္ျပ ေဝငွထားျခင္းျဖစ္၍ အေသးစိတ္ အခ်က္အလက္မ်ားကို မသိရ ေၾကာင္း ဒဂုံၿမိဳ႕နယ္မဲဆႏၵနယ္မွ ရန္ကုန္တိုင္းေဒသ ႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။
‘‘စာရင္းစစ္ခ်ဳပ္ႀကီးက ေသ ေသခ်ာခ်ာစစ္ေဆးေပးထားတာ ေပၚလြင္တယ္။ ဒီေတြ႕ရွိခ်က္ေတြ ကို ေလ့လာၿပီးလႊတ္ေတာ္မွာ ျပန္ လည္ေဆြးေႏြးၾကမွာပါ’’ ဟု ၎ က ေျပာ သည္။
ရန္ကုန္တိုင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို လႊတ္ ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အ မ်ားျပည္သူသိရွိေအာင္ ထုတ္ျပန္ ျခင္းမရွိသျဖင့္ ယမန္ေန႔တိုင္း လႊတ္ေတာ္အစည္း အေဝးမတိုင္ ခင္အခ်ိန္အထိ ေဝဖန္မႈမ်ားရွိခဲ့ သည္။
Unicode
ရန်ကုန်တိုင်းအစိုးရ၏ အားနည်းချက်ကြောင့် နိုင်ငံ့ဝင်ငွေဆုံးရှုံးမှုများရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာဖော်ပြ
ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏အားနည်းချက်ကြောင့် နိုင်ငံ့ဝင်ငွေ ဆုံးရှုံးနစ်နာမှုများရှိ ကြောင်း စာရင်းစစ်ချုပ်၏ စစ် ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထား သည်။
အနော်မာအနုပညာကုမ္ပဏီ ကဝန်ကြီးများရုံးဟောင်းငှားရမ်းခပေးဆောင်ရန်ပျက်ကွက်၍ဒဏ်ကြေးပေးဆောင်ခြင်းမရှိသည့်အချက်အပါအဝင်အခြားစီမံကိန်း လုပ်ငန်း များကြောင့်ဝင်ငွေနစ်နာဆုံးရှုံးမှုများစွာရှိကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ စစ်ဆေးတွေ့ ရှိသည့် အစီရင်ခံစာကို ရန်ကုန် တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင် သန်းလှက ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သည့်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး တွင် တင်သွင်းခဲ့သည်။
အဆိုပါအစီရင်ခံစာကိုယမန်နှစ်ဇူလိုင်ကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌထံပေးပို့ခဲ့ပြီးခြောက်လခန့်အကြာမှသာလွှတ်တော်သို့ တင်သွင်း ခြင်းဖြစ်သည်။
ဝန်ကြီးများရုံးဟောင်းငှားရမ်းမှုမှ ကင်းလွတ်နေသည့် ဒဏ်ကြေးအနော်မာအနုပညာအုပ်စု ကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရထံ မှ ဝန်ကြီးများရုံးဟောင်းကို ပြတိုက်အ ဖြစ် အဆင့်မြှင့်တင် ခြင်းနှင့် အခြားဝန်ဆောင်မှုလုပ် ငန်းများလုပ်ကိုင်ရန် နှစ် ၅၀ ငှား ရမ်းလုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ် သည်။
၁၅ ဧကကျော်ကျယ်သည့် ဝန်ကြီးများရုံးဟောင်းမြေနှင့် အ ဆောက်အအုံကို တစ်နှစ်လျှင် ကျပ်သန်း ၃၀၀ ဖြင့် ၂၀၁၅ မှစ၍ ငှားရမ်းခဲ့သည်။
ငှားရမ်းခကို ၂၀၁၈ ဇွန်လကစ၍ပေးဆောင်ရမည်ဖြစ်သော်လည်း ၂၀၁၉ ဇွန်လအထိပေးချေခြင်းမရှိဘဲ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်စာရင်းစစ်ဆေးချိန်မှသာ ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေစာရင်းသို့ပေး သွင်းထားကြောင်း သိရှိရသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့သတ်မှတ်လတွင်ငှားရမ်းခပေးချေခဲ့ခြင်းမရှိသဖြင့်စာချုပ်ပါစည်းကမ်းချက်အရ ငှား ရမ်းခငွေ၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးပေးဆောင်ရမည်ဖြစ် သော်လည်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရက ယင်းဒဏ်ကြေးကို ကောက်ခံထားခြင်းမရှိဟုလည်း ပါရှိသည်။
ထို့ကြောင့် စာချုပ်စည်း ကမ်းချိုးဖောက်မှုဒဏ်ကြေး ၁၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၃၀ ကို တိုင်းဒေသကြီးအစိုးရက နစ်နာခဲ့ခြင်းဖြစ်သည်။
ထို့အပြင်ဝန်ကြီးများရုံးဟောင်းမြေငှားရမ်းခမှာ ကျောက် တံတားမြို့နယ် မြေငှားရမ်းခနှင့် ယှဉ်ပါကတစ်နှစ်လျှင် တစ်ဘီလီ ယံကျော်နစ်နာမှုရှိသဖြင့် ငှားရမ်း ခတိုးမြှင့်ရရှိရေး ညှိနှိုင်းဆောင် ရွက်သင့်ကြောင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ထောက်ပြ သည်။
YRTA ဝင်ငွေတိုးမြှင့်ရရှိသော်လည်းအခွန်မဆောင်ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်အတွင်း ဝင်ငွေတိုးမြှင့်ရရှိ ကြောင်း တိုင်းဒေသကြီးစာရင်း စစ်ချုပ် အစီရင်ခံစာတွင်ဖော်ပြ ထားသည်။
ထိုအဖွဲ့တွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က နာယက ဖြစ်ပြီး တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌတာဝန် ယူထားကာ တိုင်းဒေသကြီးဝန် ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ပြင်ပပညာရှင်များဖြင့် ၂၀၁၆ က ဖွဲ့စည်းထားခြင်းဖြစ် သည်။
YRTA အနေဖြင့် မော်တော် ယာဉ်ကြီးကြပ်ခနှင့် မြေငှားရမ်းခ များမှ ဝင်ငွေရရှိနေခြင်းလည်း ဖြစ်သည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ YRTA ၏ ဘဏ္ဍာရေးအခြေအနေမှာအသုံးစရိတ်ထက်ကျပ်သန်း ၇,၆၀၀ ကျော်ဝင်ငွေရရှိထားသော်လည်းဝင်ငွေခွန်ပေးဆောင် ထား ခြင်း မရှိဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်နာရီ ဒီဇယ်ဂါလန် ၁,၇၀၀ ခန့် ထည့်မောင်းရသည့် မီးစက်ရန်ကုန်တိုင်းဒေသကြီးအ တွင်း နွေရာသီမီးပြတ်တောက်ပါ က အသုံးပြုရန် ၂၀၁၇ တွင် ဝယ် ယူခဲ့သည့် ၂၅ မဂ္ဂါဝပ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သော ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့လောင်စာနှစ် မျိုးသုံး မီးစက်နှင့်ပတ်သက်၍လည်း အစီရင်ခံစာတွင် ထည့်သွင်းဖော် ပြထားသည်။
ယင်းမီးစက်ကို ကျပ်ဘီလီ ယံ ၃၀ ဖြင့် ဝယ်ယူထားခြင်းဖြစ် ကာ တစ်နှစ်လျှင် ခြောက်လထက် ပို၍ သုံးစွဲမှုမရှိကြောင်း အစီရင် ခံစာကဆိုသည်။
အဆိုပါမီးစက်လည်ပတ်ရန် တစ်နာရီလျှင် ဒီဇယ် ၁,၆၈၀ ဂါလန်သုံးစွဲရကြောင်း ဆိုသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်းစက်စမ်းသပ်မောင်းနှင် ခြင်း၊ စက်မောင်းနှင်သင်တန်းပေး ခြင်း၊ စက်ပျက်စီးမှုမဖြစ်ပေါ်စေ ရန် ပုံမှန်စက်နှိုးခြင်းနှင့် ဓာတ် အား လိုအပ်ချက်ကြောင့် မောင်း နှင်ခြင်းတို့ကြောင့် ဒီဇယ်ဂါလန် တစ်သန်းခန့် (၉၈၁,၃၀၅) သုံးစွဲခဲ့ ကြောင်း စာရင်းစစ်ချုပ်အစီရင် ခံစာတွင် ထုတ်ပြန်သည်။
ဓာတ်အားလိုအပ်ချက်အရ မောင်းပေးခဲ့ရသည့် ငါးလအ တွင်း ဓာတ်အားယူနစ် ၁၁ သန်း ကျော်ကို တစ်ယူနစ်လျှင် ၆၀ ကျပ်နှုန်းဖြင့် ရောင်းချသဖြင့် ကျပ်သန်း ၇၀၀ ရရှိကြောင်း ဖော် ပြထားသည်။
သို့သော်ယင်းဓာတ်အားထုတ်လုပ်ရန်ဒီဇယ်ဂါလန်တစ်သန်းခန့်သုံးစွဲခဲ့ရသဖြင့် ကုန်ကျစ ရိတ်မှာ ကျပ်သန်း ၃,၈၀၀ ကျော် ရှိခဲ့ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ထို့ကြောင့် ရငွေနှင့် ကုန်ကျငွေတွင် ကုန်ကျမှုက ကျပ် သန်း ၃,၁၀၀ ကျော်ပိုများသည်။
ရလဒ်ကောင်းမရသည့်ညဈေးကမ်းနားလမ်း၌ ၂၀၁၆ တွင် စတင်ဖွင့်လှစ်ခဲ့သည့် ညဈေး တန်းမှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ဈေးများ ဌာန၏ စည်းကမ်းထိန်းသိမ်းမှု အားနည်းချက်ကြောင့် မျှော်မှန်း ထားသလောက် အကျိုးရလဒ်မရ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဆိုသည်။
ယင်းညဈေးတန်းအတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၁,၅၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၁ သန်းကျော် သုံးစွဲခဲ့ပြီး သန့်ရှင်းရေး ခွန်၊ ရေဖိုး၊ သန့်စင် ခန်းငှားရမ်းခ ၁၁၄ သန်းကောက် ခံရရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါညဈေးတန်းတွင်နေရာချထားပေးနိုင်ခဲ့သည့်ဆိုင်ခန်း ၁,၈၀၀ ကျော်ရှိသော်လည်းဈေးသည်ဦးရေ တဖြည်းဖြည်းလျော့ နည်းလာပြီး ၂၀၁၈ မတ်လအထိ ဆိုင်ခန်း ၅၀၀ ကျော်အတွက်သာ အခွန်အခ ကောက်ခံနိုင်တော့ သည့် အခြေအနေဖြစ်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
‘‘မျှော်မှန်းတဲ့အကျိုးရလဒ် မရရှိခဲ့လို့ နည်းလမ်းရှာဖွေပြုပြင် ဆောင်ရွက်သင့်ပါတယ်’’ ဟု ဒေါ်ခင်သန်းလှက အကြံပြုသည်။
ဘဏ်တိုးငွေသာပြစရာရှိသည့် Yangon Metropolitan Development ကုမ္ပဏီရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်သည့်မူအရ ဖွဲ့စည်း ထူထောင်ထားသည့် Yangon Metropolitan Development အများနှင့်သက်ဆိုင်သောကုမ္ပဏီ မှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင် ရွက်မှုမှဝင်ငွေ ရရှိခြင်းမရှိသေးဘဲ အစုရှယ်ယာ ထည့်ဝင်ငွေများကို ဘဏ်သို့ အပ်နှံထားသဖြင့် ဘဏ်တိုးသာ အဓိကရရှိနေသည်ဟု ရန်ကုန် တိုင်းဒေသကြီးစာ ရင်းစစ်ချုပ်က ထုတ်ဖော်ပြောကြားသည်။
ယင်းကုမ္ပဏီတွင် ရှယ်ယာ တစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရှယ်ယာ ၅၄၀,၀၀၀ နှင့် မြန်မာ့ ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးအ များနှင့်သက်ဆိုင်သော ကုမ္ပဏီ အစုရှင်များက ရှယ်ယာ ၄၉,၀၀၀ ထည့်ဝင်ထားခြင်းဖြစ်သည်။
အစီရင်ခံစာတွင်ပါဝင်သည့်နိုင်ငံ့ဝင်ငွေနစ်နာဆုံးရှုံးမှုများရှိနေသောဖြစ်ရပ်အချို့သည် ၂၀၁၆ -၁၇ အစီရင်ခံစာထုတ်ပြန်စဉ်ကတည်းကတွေ့ရှိချက်များဖြစ်သော် လည်း အစိုးရအဖွဲ့က လိုက် နာပြင်ဆင်မှုမရှိခဲ့ကြောင်းဒေါ်ခင် သန်းလှက ပြောသည်။
ယခုအစီရင်ခံစာကိုလွှတ်တော်သို့အကျဉ်းချုပ်သာဖော်ပြဝေငှထားခြင်းဖြစ်၍အသေးစိတ်အချက်အလက်များကိုမသိရ ကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေ သကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ပြောသည်။
‘‘စာရင်းစစ်ချုပ်ကြီးက သေ သေချာချာစစ်ဆေးပေးထားတာ ပေါ်လွင်တယ်။ ဒီတွေ့ရှိချက်တွေ ကို လေ့လာပြီးလွှတ်တော်မှာ ပြန် လည်ဆွေးနွေးကြမှာပါ’’ ဟု ၎င်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်အစီရင်ခံစာကိုလွှတ်တော်ကိုယ်စားလှယ်များနှင့်အများပြည်သူသိရှိအောင်ထုတ်ပြန်ခြင်းမရှိသဖြင့်ယမန်နေ့တိုင်းလွှတ်တော် အစည်းအဝေးမတိုင် ခင်အချိန်အထိ ဝေဖန်မှုများရှိခဲ့ သည်။
====================================
END / 251