၁၀ ဇန်နဝါရီ ၂၀၂၀ - ၁၆:၀၀
ဂ်ပန္-ျမန္မာ ေအာင္ဆန္း သက္ေမြးပညာ သင္တန္းေက်ာင္းဖြင့္ပြဲ က်င္းပ

ဂ်ပန္နဲ႔ျမန္မာ ႏွစ္ႏိုင္ငံအစိုးရပူးေပါင္းတည္ေထာင္တဲ့ဂ်ပန္ -ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းဖြင့္ပြဲ နဲ႔ပႏၷတင္မဂၤလာအခမ္းအနားကို ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕ နယ္ ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာ သင္တန္း ေက်ာင္းမွာ ဇန္နဝါရီ ၁၀ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ဂ်ပန္နဲ႔ျမန္မာ ႏွစ္ႏိုင္ငံအစိုးရပူးေပါင္းတည္ေထာင္တဲ့ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းဖြင့္ပြဲနဲ႔ပႏၷတင္မဂၤလာအခမ္းအနားကို ရန္ကုန္တိုင္း အင္းစိန္ၿမိဳ႕ နယ္ ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာ သင္တန္းေက်ာင္းမွာ ဇန္နဝါရီ ၁၀ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕နည္းပညာနဲ႔သက္ေမြးပညာက႑တိုးတက္ေကာင္းမြန္လာဖို႔အတြက္ဂ်ပန္ႏိုင္ငံအစိုးရရဲ႕ ပံပိုးကူညီမႈနဲ႔ ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာ သင္တန္းေက်ာင္း ကို ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။

ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းကိုေတာ့ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာစတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီးလက္ရွိမွာ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္း ပညာရပ္နဲ႔ စက္မႈလုပ္ငန္းဆိုင္ရာ လွ်ပ္စစ္နည္းပညာရပ္ စတဲ့ ဘာသာရပ္ ၂ ခုကို သင္ၾကားေပးေနတာျဖစ္ပါတယ္။

ဒီသင္တန္းေက်ာင္းမွာေတာ့ ဘာသာရပ္တခုစီအတြက္ သင္တန္းသား အေယာက္ ၂၀ ေခၚယူ ထားတာျဖစ္ၿပီး ဒီႏွစ္မွာ တက္ေရာက္သင္ၾကားေနတဲ့ ေက်ာင္းသား /ေက်ာင္း သူ အေယာက္ ၄၀ ရွိပါတယ္။

ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းကို တက္ေရာက္ခြင့္ရရွိတဲ့ ေက်ာင္းသားေတြဟာ စာသင္ႏွစ္ ၃ ႏွစ္ တက္ေရာက္သင္ၾကားရမွာျဖစ္ၿပီး သင္တန္းၿပီး ဆုံးပါက ဒီပလိုမာေအာင္လက္မွတ္ ရရွိမွာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာသင္တန္းေက်ာင္းမွာ ေက်ာင္းေဆာင္ ၃ ေဆာင္သာရွိေသးတဲ့အတြက္စာသင္ေဆာင္ေတြနဲ႔ ေက်ာင္းသားေတြ ေနထိုင္ မယ့္ လူေနေဆာင္ေတြကို ထပ္မံေဆာက္လုပ္ဖို႔အတြက္ ဒီကေန႔မွာ ပႏၷက္တင္ခဲ့တာျဖစ္ပါတယ္။

ဂ်ပန္-ျမန္မာ ေအာင္ဆန္းသက္ေမြးပညာ သင္တန္းေက်ာင္းဖြင့္ပြဲနဲ႔ ပႏၷက္တင္အခမ္းအနား ကိုေတာ့ အမ်ိဳးသားလႊတ္ေတာ္ဒုတိယဥကၠ႒၊ ပညာေရးဝန္ႀကီး၊ ရန္ကုန္တိုင္းေဒ သႀကီး ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးေတြ၊ ဂ်ပန္လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ ပါတယ္။

Unicode

ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲ ကျင်းပ

ဂျပန်နဲ့မြန်မာ နှစ်နိုင်ငံအစိုးရ ပူးပေါင်းတည်ထောင်တဲ့ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲနဲ့ ပန္နတင်မင်္ဂလာအခမ်းအနားကို ရန်ကုန် တိုင်း အင်းစိန်မြို့နယ် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့နည်းပညာနဲ့ သက်မွေးပညာကဏ္ဍတိုးတက်ကောင်းမွန်လာဖို့အတွက်ဂျပန်နိုင်ငံအစိုးရရဲ့ ပံပိုးကူညီမှုနဲ့ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်း ကျောင်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းကိုတော့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းမှု နည်းပညာရပ်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ် စတဲ့ ဘာသာရပ် ၂ ခုကို သင်ကြားပေးနေတာဖြစ်ပါတယ်။

ဒီသင်တန်းကျောင်းမှာတော့ ဘာသာရပ်တခုစီအတွက် သင်တန်းသား အယောက် ၂၀ ခေါ်ယူ ထားတာဖြစ်ပြီး ဒီနှစ်မှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား /ကျောင်းသူ အယောက် ၄၀ ရှိပါတယ်။

ဂျပန်-မြန်မာအောင်ဆန်းသက်မွေး ပညာသင်တန်းကျောင်းကိုတက်ရောက်ခွင့်ရရှိတဲ့ ကျောင်းသားတွေဟာစာသင်နှစ် ၃ နှစ်တက်ရောက်သင်ကြားရမှာဖြစ်ပြီးသင် တန်း ပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ရရှိမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းမှာကျောင်းဆောင် ၃ ဆောင်သာရှိသေးတဲ့အတွက်စာသင်ဆောင်တွေနဲ့ ကျောင်းသား တွေနေထိုင်မယ့် လူနေဆောင်တွေကို ထပ်မံဆောက်လုပ်ဖို့အတွက် ဒီကနေ့မှာ ပန္နက်တင်ခဲ့တာဖြစ်ပါတယ်။

ဂျပန်-မြန်မာအောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းဖွင့်ပွဲနဲ့ပန္နက်တင်အခမ်းအနားကိုတော့အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပညာရေးဝန်ကြီး၊ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ဂျပန်လွှတ်တော် ကိုယ်စားလှယ်တွေ၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တွေတက် ရောက် ခဲ့ပါတယ်။

====================================

END / 251