
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ကခ်င္ျပည္နယ္က အစျပဳသည့္ ေဆြးေႏြးမႈမ်ားသည္ ပင္လုံစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့သည္ ဟု သတ္မွတ္ေျပာဆိုမႈမ်ား ေၾကာင့္ ကခ်င္ျပည္နယ္ရွိ တိုင္း ရင္းသားလူမ်ိဳးမ်ားအေ နျဖင့္ဂုဏ္ ယူသင့္ေၾကာင္း ေဒၚေအာင္ဆန္း စုၾကည္က ယမန္ေန႔တြင္ ျမစ္ႀကီး နား လူထုေတြ႕ဆုံပြဲ၌ ေျပာသည္။
ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္သည္ (၇၂) ႏွစ္ျပည့္ကခ်င္ ျပည္နယ္ေန႔အခမ္းအနားႏွင့္ မေနာပြဲတက္ေရာက္ရန္ဇန္နဝါရီ ၉ ရက္က ျမစ္ႀကီးနားၿမိဳ႕သို႔ ေရာက္ရွိခဲ့သည္။ထို ႔ေနာက္ ျမစ္ႀကီးနားၿမိဳ႕ Palm Spring ဟို တယ္၌ ဘာသာေရးေခါင္းေဆာင္ မ်ား၊ ရပ္မိရပ္ဖမ်ားႏွင့္ တစ္နာရီ ေက်ာ္ၾကာ ေတြ႕ဆုံခဲ့သည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္သည္ ျမစ္ႀကီးနားၿမိဳ႕ေတာ္ ခန္းမတြင္ တစ္နာရီခြဲခန႔္အၾကာ ျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့သည္။
ေတြ႕ဆုံပြဲအဖြင့္အမွာစကားတြင္ ေဒၚေအာင္ဆန္းစုၾကည္ကတိုင္းျပည္ လြတ္လပ္ေရးသည္ လြယ္လြယ္ကူကူႏွင့္ ရခဲ့သည္ မဟုတ္ဘဲ တိုင္းရင္းသားေပါင္းစုံ ပါဝင္ႀကိဳးပမ္းခဲ့သ ျဖင့္ လြတ္လပ္ ေရးရရွိျခင္းျဖစ္ေၾကာင္း ထည့္ သြင္းေျပာၾကားခဲ့သည္။
ဆက္လက္၍‘‘ျပည္ေထာင္ စုေန႔ဟာ ပင္လုံမွာ ပင္လုံသ ေဘာတူညီခ်က္ကို လက္မွတ္ထိုး တဲ့ေန႔ဆိုတာ အားလုံးသိၾကပါ တယ္။ ဒါေပမဲ့လည္း တခ်ိဳ႕က ဘယ္လိုေျပာလည္း ဆိုေတာ့ ပင္ လုံအစက ကခ်င္ျပည္နယ္ကလို႔ ေျပာၾကပါတယ္’’ ဟု အတိုင္ ပင္ခံပုဂၢိဳလ္က ေျပာသည္။
ကခ်င္ျပည္နယ္ကစခဲ့သည့္ ေဆြးေႏြးမႈမ်ားမွ ပင္လုံစာခ်ဳပ္ကိုခ်ဳပ္ဆိုႏိုင္ျခင္းေၾကာင့္ယင္းကဲ့သို႔သတ္မွတ္ေျပာဆိုမႈမ်ားလည္းမမွားေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။
‘‘ဒါေၾကာင့္မို႔လို႔ကခ်င္ျပည္နယ္မွာေနတဲ့တိုင္းရင္းသားလူမ်ိဳးေမာင္ႏွမေတြကဒါကိုဂုဏ္ယူသင့္ပါတယ္။ ျပည္ေထာင္စုဆို တာ ငါတို႔ျပည္နယ္ကစတာ၊ ငါ တို႔ျပည္နယ္က စပ်ိဳးၿပီး ေတာ့ပင္လုံျဖစ္ခဲ့တာ။ ဒီလိုစိတ္ဓာတ္ထား မယ္ဆိုရင္ ကြၽန္မတို႔ ကခ်င္ျပည္ နယ္က ျပည္ေထာင္စုသားခ်င္း ေတြမွာ အထူးတာဝန္ရွိတယ္လို႔ ေတာင္မွေျပာလို႔ရပါတယ္။ကိုယ္ စခဲ့တဲ့ဇာတ္လမ္းကို ကိုယ္ကေန ဆက္ၿပီးေတာ့ မွန္မွန္ကန္ကန္ ေလွ်ာက္ႏိုင္ေအာင္ ႀကိဳးစားဖို႔ လိုပါတယ္’’ ဟု အတိုင္ပင္ခံ ပုဂၢိဳလ္က ေျပာသည္။
ေတြ႕ဆုံပြဲတက္ေရာက္ခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕ခံ ကိုထြယ္ ေအာင္က ‘‘အဓိကကပင္လုံကကခ်င္မွာစတာ၊မစတာထက္ အခုဆို ပင္လုံကတိကဝတ္ေတြ ကပ်က္သြားၿပီ။ တန္းတူ အခြင့္အေရးေတြမရွိဘူး၊ အဲဒီလိုပဲျမင္ပါ တယ္’’ဟု မွတ္ခ်က္ျပဳသည္။
လူထုေတြ႕ဆုံပြဲသို႔ ခန္းမ တြင္းႏွင့္ျပင္ပ လူတစ္ေထာင္ခန႔္ လာေရာက္ၿပီး အဂတိ၊ လယ္ယာ က႑၊ ပညာေရး၊ က်န္းမာေရး၊ ဖြံ႕ၿဖိဳးေရး၊ ၿငိမ္းခ်မ္းေရးစသည့္ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ အ ေၾကာင္းအရာ ၂၁ ခုကို ျပည္သူ မ်ားက အတိုင္ပင္ခံထံ တင္ျပခဲ့ သည္။ တင္ျပသည့္ အေၾကာင္းအ ရာမ်ားတြင္ ၿငိမ္းခ်မ္းေရးႏွင့္ သက္ဆိုင္သည္မွာ တစ္ခ်က္ သာ ပါဝင္ၿပီး ျမစ္ဆုံကိစၥႏွင့္ပတ္သက္ ၍ ပါဝင္ျခင္းမရွိေပ။
ထို႔ေနာက္ ေဒၚေအာင္ဆန္း စုၾကည္သည္ ကခ်င္ႏွစ္ျခင္းခရစ္ ယာန္အဖြဲ႕ခ်ဳပ္(KBC)သို႔ သြား ေရာက္ၿပီး တစ္နာရီခန႔္ တံခါး ပိတ္ေဆြးေႏြးခဲ့သည္။
ယင္းသို႔ ေတြ႕ဆုံစဥ္တစ္ဦးတစ္ေယာက္တည္းမဟုတ္ဘဲၿငိမ္းခ်မ္းေရးကိုအားလုံးပါဝင္ၿပီးေဆာင္႐ြက္ရန္ ေဒၚေအာင္ဆန္းစုၾကည္ကတိုက္တြန္းခဲ့ေၾကာင္း KBC ဥကၠ႒ေဒါက္တာ ခလမ္ဆမ္ ဆြန္က ေျပာသည္။
ထို႔အျပင္ စစ္ေရွာင္မ်ား ေန ရပ္ျပန္ေရးကိစၥကို ေဆာင္႐ြက္ေပးရန္ KBC ကတင္ျပခဲ့ေၾကာင္းဆို သည္။
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ယေန႔(ဇန္နဝါရီ ၁၀ ရက္)တြင္ ျမစ္ႀကီးနားၿမိဳ႕မေနာ ကြင္း၌က်င္းပမည့္ကခ်င္ျပည္နယ္ေန႔အခမ္းအနားသို႔တက္ ေရာက္မည္ျဖစ္ၿပီး မေနာ အက ဝင္ေရာက္ဆင္ႏႊဲမည္ျဖစ္သည္။
Unicode
ပင်လုံစာချုပ်အစပြုရာသည် ကချင်ပြည်နယ်ဖြစ်၍ ဒေသခံတိုင်းရင်းသားများ ဂုဏ်ယူသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ကချင်ပြည်နယ်ကအစပြုသည့်ဆွေးနွေးမှုများသည်ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည် ဟု သတ်မှတ်ပြောဆိုမှုများ ကြောင့် ကချင်ပြည်နယ်ရှိ တိုင်း ရင်းသားလူမျိုးများ အနေဖြင့်ဂုဏ် ယူသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ယမန်နေ့တွင် မြစ်ကြီး နား လူထုတွေ့ဆုံပွဲ၌ ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် (၇၂) နှစ်ပြည့်ကချင် ပြည်နယ်နေ့ အခမ်းအနားနှင့် မနောပွဲတက်ရောက်ရန် ဇန်နဝါရီ ၉ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ သည်။ ထို့နောက် မြစ် ကြီးနားမြို့ Palm Spring ဟို တယ်၌ ဘာသာရေးခေါင်းဆောင် များ၊ ရပ်မိရပ်ဖများနှင့် တစ်နာရီ ကျော်ကြာ တွေ့ဆုံခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မြစ်ကြီးနားမြို့တော် ခန်းမတွင် တစ်နာရီခွဲခန့်အကြာ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံပွဲအဖွင့်အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် လွတ်လပ်ရေးသည် လွယ်လွယ်ကူကူနှင့် ရခဲ့သည် မဟုတ်ဘဲ တိုင်းရင်းသားပေါင်းစုံ ပါဝင်ကြိုး ပမ်းခဲ့သဖြင့် လွတ်လပ် ရေးရရှိခြင်းဖြစ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ‘‘ပြည်ထောင် စုနေ့ဟာပင်လုံမှာပင်လုံသဘောတူညီချက်ကိုလက်မှတ်ထိုးတဲ့နေ့ဆိုတာအားလုံးသိကြပါ တယ်။ ဒါပေမဲ့လည်း တချို့က ဘယ်လိုပြောလည်း ဆိုတော့ ပင် လုံအစက ကချင်ပြည်နယ်ကလို့ ပြောကြပါတယ်’’ ဟု အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောသည်။
ကချင်ပြည်နယ်ကစခဲ့သည့်ဆွေးနွေးမှုများမှပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခြင်းကြောင့်ယင်းကဲ့သို့သတ်မှတ်ပြောဆိုမှုများလည်း မမှားကြောင်းဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။
‘‘ဒါကြောင့်မို့လို့ ကချင်ပြည် နယ်မှာနေတဲ့ တိုင်းရင်းသားလူ မျိုးမောင်နှမတွေက ဒါကိုဂုဏ်ယူ သင့်ပါတယ်။ ပြည်ထောင်စုဆို တာ ငါတို့ပြည်နယ်ကစတာ၊ ငါ တို့ပြည် နယ်ကစပျိုးပြီးတော့ပင်လုံဖြစ်ခဲ့တာ။ဒီလိုစိတ်ဓာတ်ထားမယ်ဆိုရင်ကျွန်မတို့ကချင်ပြည် နယ်က ပြည်ထောင်စုသားချင်း တွေမှာ အထူးတာဝန်ရှိတယ်လို့ တောင်မှပြော လို့ရပါတယ်။ကိုယ်စခဲ့တဲ့ဇာတ်လမ်းကိုကိုယ်ကနေဆက်ပြီးတော့ မှန်မှန်ကန်ကန် လျှောက်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်’’ ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် မြစ်ကြီးနားမြို့ခံ ကိုထွယ်အောင်က ‘‘အဓိကက ပင်လုံကကချင်မှာစတာ၊မစတာထက်အခုဆိုပင်လုံကတိကဝတ်တွေ ကပျက်သွားပြီ။ တန်းတူ အခွင့်အ ရေးတွေမရှိဘူး၊ အဲဒီလိုပဲမြင်ပါ တယ်’’ဟု မှတ်ချက်ပြုသည်။
လူထုတွေ့ဆုံပွဲသို့ခန်းမတွင်းနှင့်ပြင်ပ လူတစ်ထောင်ခန့်လာရောက်ပြီးအဂတိ၊လယ်ယာကဏ္ဍ၊ပညာရေး၊ကျန်းမာရေး၊ဖွံ့ဖြိုးရေး၊ငြိမ်းချမ်းရေးစသည့် ကိစ္စရပ်များနှင့်ပတ် သက်၍အကြောင်းအရာ ၂၁ ခုကို ပြည်သူများကအတိုင်ပင်ခံထံတင်ပြခဲ့သည်။တင်ပြသည့် အကြောင်းအ ရာများတွင် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည်မှာ တစ်ချက်သာ ပါဝင်ပြီး မြစ်ဆုံကိစ္စနှင့်ပတ်သက် ၍ ပါဝင်ခြင်းမရှိပေ။
ထို့နောက် ဒေါ်အောင်ဆန်း စုကြည်သည် ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်(KBC)သို့ သွား ရောက်ပြီး တစ်နာရီခန့် တံခါး ပိတ်ဆွေးနွေးခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ်တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ ငြိမ်းချမ်းရေးကိုအားလုံးပါဝင်ပြီး ဆောင်ရွက်ရန်ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ် ဆွန်က ပြောသည်။
ထို့အပြင် စစ်ရှောင်များ နေ ရပ်ပြန်ရေးကိစ္စကို ဆောင်ရွက်ပေးရန် KBC ကတင်ပြခဲ့ကြောင်းဆို သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယနေ့(ဇန်နဝါရီ ၁၀ ရက်)တွင် မြစ်ကြီးနားမြို့ မနော ကွင်း၌ ကျင်းပမည့် ကချင်ပြည် နယ်နေ့အခမ်းအနားသို့ တက် ရောက်မည် ဖြစ်ပြီး မနောအက ဝင်ရောက်ဆင်နွှဲမည်ဖြစ်သည်။
====================================
END / 251