
Zawgyi
လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ကခ်င္ျပည္နယ္ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကိုထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီးနယ္ေျမတည္ၿငိမ္ေအးခ်မ္းၿပီးတရားဥပေဒစိုးမိုး မွ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြကို ထိေရာက္ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မယ္လို႔ သမၼတဦးဝင္းျမင့္ကေျပာပါတယ္။
ဇန္နဝါရီ ၁၀ ရက္ေန႔ က်ေရာက္တဲ့ ၇၂ ႏွဏ္ေျမာက္ ကခ်င္ျပည္နယ္ေန႔အခမ္းအနားကို ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က သဝဏ္လႊာေပးပို႔ ေျပာၾကားလိုက္တာပါ။
ဒါ့အျပင္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၂၁ရာစုပင္လုံညီလာခံအစည္းအေဝးေတြကရရွိလာမယ့္ဒီမိုကေရစီနဲ႔ဖက္ဒရယ္ဆိုင္ရာဘုံသေဘာတူညီခ်က္ေတြအရ တိုင္းရင္းသား လူမ်ိဳးမ်ားအားလုံး ေမွ်ာ္လင့္ေတာင့္တေနတဲ့ တရားမွ်တျခင္း၊ လြတ္လပ္ျခင္း၊ သာတူညီမွ်အခြင့္အေရးရရွိျခင္းဆိုတဲ့ အႏွစ္သာရမ်ားျပည့္ဝတဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္ စုတည္ေဆာက္ေရးရည္မွန္းခ်က္ပန္းတိုင္ကိုေအာင္ျမင္စြာအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ဖို႔တိုင္းရင္းသားျပည္သူအားလုံးက ျပည္ေထာင္စုစိတ္ရင္းခံကာစည္းလုံးညီၫြတ္ စြာ ဥမကြဲသိုက္မပ်က္ထာဝစဥ္ ပူးေပါင္းလက္တြဲေဆာင္႐ြက္သြားၾကဖို႔ သမၼတက တိုက္တြန္းလိုက္ပါတယ္။
Unicode
နယ်မြေတည်ငြိမ်ပြီးတရားဥပဒေစိုးမိုးမှ ကချင်ပြည်နယ်ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မည်ဟု သမ္မတ ပြော
လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ကချင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်းမရှိသေးတာဖြစ်ပြီးနယ်မြေတည်ငြိမ်အေးချမ်းပြီးတရား ဥပဒေစိုးမိုးမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ်လို့ သမ္မတဦးဝင်းမြင့်ကပြောပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့ ကျရောက်တဲ့ ၇၂ နှဏ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။
ဒါ့အပြင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံညီလာခံအစည်းအဝေးတွေကရရှိလာမယ့်ဒီမိုကရေစီနဲ့ဖက်ဒရယ်ဆိုင်ရာဘုံသဘောတူညီချက်တွေအရ တိုင်းရင်း သားလူမျိုးများအားလုံးမျှော်လင့်တောင့်တနေတဲ့တရားမျှတခြင်း၊လွတ်လပ်ခြင်း၊သာတူညီမျှအခွင့်အရေးရရှိခြင်းဆိုတဲ့ အနှစ်သာရများပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးရည်မှန်းချက်ပန်းတိုင်ကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ရင်းခံ ကာ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက်ထာဝစဉ် ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြဖို့ သမ္မတက တိုက်တွန်းလိုက်ပါတယ်။
====================================
END / 251