
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္အေကာင္အထည္ေဖာ္မႈဆိုင္ရာညႇိႏႈိင္းအစည္းအေဝး(JICM) မွထြက္ေပၚလာသည့္ ရလဒ္မ်ားအျမန္ဆုံး အေကာင္ အထည္ေဖာ္ႏိုင္ရန္ ေဆြေႏြးပြဲမ်ား ဆက္တိုက္ျပဳလုပ္မည္ဟု အစိုးရ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ကိုယ္စားလွယ္တို႔က ေျပာ ၾကားသည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အပါအဝင္အ စိုးရ၊ တပ္မေတာ္ေခါင္းေဆာင္ မ်ားႏွင့္ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕ေခါင္းေဆာင္ မ်ား၏ JICM အ စည္းအေဝးကို ဇန္နဝါရီ ၈ရက္က ေနျပည္ေတာ္၌ က်င္းပရာ၂၁ရာစု ပင္လုံ ညီလာခံကိုေလးလအတြင္း က်င္းပရန္ အပါအဝင္ အခ်က္ရွစ္ ခ်က္ သေဘာတူ ညီမႈရရွိသည္။
အဆိုပါသေဘာတူညီခ်က္မ်ားအေကာင္အထည္ေဖာ္ရန္ ႏွစ္ဖက္ညႇိႏႈိင္းေရးအဖြဲ႕မ်ားသည္ JICM အစည္းအေဝးအၿပီးဇန္နဝါရီ ၈ ရက္ညေန၌ပင္ ေနျပည္ေတာ္၌ ဆက္လက္ ေဆြးေႏြး ညႇိႏႈိင္းခဲ့ သည္။
အစိုးရေဆြးေႏြးေရး ကိုယ္စားလွယ္ဦးလွေမာင္ေ႐ႊက‘‘ေရွ႕ကသေဘာတူညီခ်က္ရွစ္ခ်က္ကိုဆက္လက္အေကာင္အထည္ ေဖာ္ဖို႔၊ဘယ္လိုေဖာ္မယ္၊ဘယ္ေတာ့ ေဖာ္မယ္ဒါေတြ ကိုဆက္ၿပီး ေတာ့ေဆြးေႏြးတယ္။အဲဒါဒီလမကုန္ခင္ျပန္ဆုံမယ္။ ကြၽန္ေတာ္တို႔ ဘက္က ေပးလိုက္တဲ့အဆိုျပဳ ခ်က္ေတြသူတို႔ယူသြားတယ္။ သူ တို႔ထဲမွာ ျပန္ၿပီးေဆြးေႏြးၾကမွာ’’ ဟု ေျပာသည္။
ပအိုဝ္းအဖြဲ႕(PNLO)ဒုဥကၠ႒ ခြန္ျမင့္ထြန္းက JICM ဆုံးျဖတ္ ခ်က္မ်ား အေကာင္အထည္ေဖာ္ ႏိုင္ရန္ ဇန္နဝါရီ ၂၈ ရက္တြင္ အစိုးရႏွင့္ ျပန္လည္ေတြ႕ဆုံမည္ ျဖစ္ေၾကာင္း ေျပာ သည္။ယင္းမတိုင္ခင္ဇန္နဝါရီလလယ္တြင္အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားသည္ထိုင္းႏိုင္ငံခ်င္းမိုင္ၿမိဳ႕၌အစည္းအေဝးတစ္ ရပ္က်င္းပမည္ဟု ခြန္ျမင့္ထြန္းက ဆိုသည္။
JICMသေဘာတူညီခ်က္ရွစ္ခ်က္တြင္ ႏွစ္လအတြင္း ျပည္ ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ(UPDJC)ႏွင့္ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ ေရး ေကာ္မတီ (JMC) အစည္းအေဝးမ်ား လုပ္ ေဆာင္ရန္ပါရွိေၾကာင္း၊ ထိုသို႔ က်င္းပႏိုင္ေရးႀကိဳးပမ္းေနေၾကာင္း ခြန္ျမင့္ထြန္းကေျပာသည္။
Unicode
JICM အစည်းအဝေးရလဒ် အကောင်အထည် ဖော်နိုင်ရန် ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်မည်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး(JICM)မှထွက်ပေါ်လာသည့်ရလဒ်များအမြန်ဆုံး အကောင်အ ထည်ဖော်နိုင်ရန် ဆွေနွေးပွဲများ ဆက်တိုက်ပြုလုပ်မည်ဟု အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တို့က ပြော ကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင်အစိုးရ၊တပ်မတော်ခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ခေါင်းဆောင် များ၏ JICM အစည်းအဝေးကိုဇန်နဝါရီ ၈ရက်ကနေပြည်တော်၌ကျင်းပရာ၂၁ရာစုပင်လုံညီလာခံကိုလေးလအတွင်းကျင်းပရန်အပါအဝင်အချက်ရှစ်ချက် သဘောတူညီ မှုရရှိသည်။
အဆိုပါ သဘောတူညီချက် များ အကောင်အထည်ဖော်ရန် နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့များသည် JICM အစည်းအဝေးအပြီးဇန်နဝါ ရီ ၈ ရက်ညနေ၌ပင် နေပြည်တော် ၌ ဆက်လက်ဆွေးနွေးညှိနှိုင်းခဲ့ သည်။
အစိုးရဆွေးနွေးရေးကိုယ်စားလှယ် ဦးလှမောင်ရွှေက ‘‘ရှေ့ က သဘောတူညီချက်ရှစ်ချက်ကိုဆက်လက်အကောင်အထည် ဖော်ဖို့၊ ဘယ်လိုဖော်မယ်၊ ဘယ် တော့ ဖော်မယ်ဒါတွေကိုဆက်ပြီးတော့ဆွေးနွေးတယ်။အဲဒါဒီလမကုန်ခင်ပြန်ဆုံမယ်။ကျွန်တော်တို့ဘက်ကပေးလိုက်တဲ့အဆိုပြုချက်တွေသူတို့ယူသွားတယ်။သူတို့ထဲမှာပြန်ပြီးဆွေး နွေးကြမှာ’’ ဟု ပြောသည်။
ပအိုဝ်းအဖွဲ့(PNLO)ဒုဥက္ကဋ္ဌခွန်မြင့်ထွန်းက JICM ဆုံးဖြတ်ချက်များအကောင်အထည်ဖော်နိုင်ရန်ဇန်နဝါရီ ၂၈ ရက်တွင် အစိုးရနှင့်ပြန်လည်တွေ့ဆုံမည် ဖြစ်ကြောင်း ပြောသည်။ ယင်း မတိုင်ခင် ဇန်နဝါရီလလယ်တွင် အပစ်ရပ်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များသည် ထိုင်းနိုင် ငံချင်းမိုင်မြို့၌ အစည်းအဝေးတစ် ရပ်ကျင်းပမည်ဟု ခွန်မြင့်ထွန်းက ဆိုသည်။
JICM သဘောတူညီချက် ရှစ်ချက်တွင် နှစ်လအတွင်း ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)နှင့် ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးများ လုပ် ဆောင်ရန်ပါရှိကြောင်း၊ ထိုသို့ ကျင်းပနိုင်ရေးကြိုးပမ်းနေကြောင်း ခွန်မြင့်ထွန်းကပြောသည်။
====================================
END / 251