
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပညာရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အခမ်းအနား၌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောစဉ် ဆန္ဒပြသည့်ကျောင်း သားများကို ခေါ်ယူသ တိပေးရန် ပအခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက သက်ဆိုင်ရာကျောင်းအုပ်ချုပ် ရေးအဖွဲ့များအား ဇန်နဝါရီ ၂၉ ရက်က ညွှန်ကြားသည်။
နေပြည်တော် MICC-2 ၌ ဇန်နဝါရီ ၂၈ ရက်ကကျင်းပ သော ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီး နှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) တွင် ဒေါ်အောင် ဆန်းစုကြည်မိန့်ခွန်းပြောနေစဉ် ပညာ ရေးတက္ကသိုလ်နှင့် ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂများ ကို ကိုယ်စားပြုကာ အခမ်းအနား တက်သည့် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးက ဆိုင်းဘုတ် ထောင်ပြီး ဆန္ဒပြခဲ့သည်။
ဆန္ဒပြမှုတွင်ရန်ကုန်ပညာ ရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားငါးဦး၊စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှကျောင်းသားနှစ်ဦး၊ပညာရေးကော လိပ်များမှ ကျောင်းသားငါးဦးပါဝင် သည်။ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှကျောင်း သား၊ ကျောင်းသူငါးဦးကိုရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကယနေ့နံနက်ပိုင်းတွင် ခေါ်ယူထားသည်ဟုရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်း ရေးမှူးကိုအောင်ပြည့်စုံဖြိုးကဆို သည်။
စစ်ကိုင်းပညာရေး တက္က သိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦးကိုမူ ကျောင်း အုပ်ချုပ်ရေးမှူးအဖွဲ့က ခေါ်ယူသ တိပေးခြင်းမရှိသေးဟုထိုကျောင်း သားများသမဂ္ဂဒု ဥက္ကဋ္ဌ ကိုအောင် သူရိန်က ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီခန့်တွင် 7Day News သတင်းစာအား ပြော သည်။
ဆန္ဒပြကျောင်းသားများကို ခေါ်ယူသတိပေးရန် ညွှန်ကြား ထားကြောင်း အခြေခံပညာဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်ကအတည်ပြုသော်လည်း အရေးယူ ခြင်းမဟုတ်ဘဲ ဆိုရှယ် မီဒီယာတွင် ပုဂ္ဂိုလ်ရေးဝေဖန်မှုကြောင့် အန္တ ရာယ်ရှိမည်စိုး၍ သတိပေးပြော ကြားရန်သာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
‘‘သူတို့တွေ ဆိုရှယ်မီဒီယာ တွေမှာ ပုဂ္ဂိုလ်ရေးအရတင်မိရင် အန္တရာယ်ရှိမှာစိုးလို့။ သတိပေး ခိုင်းတာမဟုတ်ဘူး။ အဲဒီလိုမျိုး တွေဖြစ်မှာစိုးလို့။ တချို့က ဆို ရှယ်မီဒီယာတွေမှာ ပုဂ္ဂိုလ်ရေး အရ တော်တော်ပြင်းပြင်းထန်ထန် ရေးတာတွေ တွေ့နေရတော့ တ ကယ်လို့ အဲဒါမျိုးတွေလုပ်ရင် ကလေးတွေမှာ အန္တရာယ်ရှိမှာစိုး လို့ အဲဒါလေးကို ပြောပြလိုက် ပါလို့ ပြောတာ။ သူတို့ကို အရေးယူ တာမဟုတ်ဘူး’’ ဟု ဦးကိုလေး ဝင်းကဆိုသည်။
မတ်လကုန်ထိ အခြေခံ ပညာစာသင်ကာလတိုးခြင်းနှင့် မန္တလေးတက္ကသိုလ်ကျောင်းသား သပိတ်ဖြေရှင်းရန် ကြန့်ကြာနေ သည့် ပညာရေးဝန်ကြီးဌာန၏ စီ မံခန့်ခွဲမှုအလွဲများ ကို အတိုင်ပင် ခံပုဂ္ဂိုလ်သိစေရန် ဇန်နဝါရီ ၂၈ ရက်က ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြမှုတွင် ပါဝင်သည့် ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။
၂၀၁၉ ဇူလိုင် ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည်ရန်ကုန်တက္ကသိုလ်သို့ လာရောက်စဉ် ကျောင်းသား ၂၀ ဦးခန့်က ဆန္ဒပြ ခဲ့သော်လည်း အစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျောင်းအုပ်ချုပ် ရေးတို့က ဖိအားပေးခြင်းတစ်စုံ တစ်ရာ မရှိခဲ့ပေ။
====================================
END / 251