၅ မတ် ၂၀၂၀ - ၂၀:၂၃
ကိုရိုနာဗိုင်းရပ်စ် ကို ပုံကြီးချဲ့ ၍ မတင်ပြရန် ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မိန့်ကြား

ရဲဟ်ဗရ် အင်န် ကေလာဗ် (အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်ကြီး )အနေဖြင့် သစ်ပင်များ စိုက်ပျိုးရေးနေ့ အချိန် အခါ တွင် အပင်ငယ် နှစ်ပင်အား ကိုယ်တိုင် လက်ဖြင့် စိုက်ပျိုး ပြီးနောက် အီရန်နိုင်ငံ အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့ခြင်း နှင့် ပတ်သက်ပြီး ပြည်သူ့ လူထု နှင့် အာဏာပိုင်များ ကို ညွှန်ကြားချက် အချို့ ထုတ်ပြန် မိန့် ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင် ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် သစ်ပင်များ စိုက်ပျိုးရေးနေ့ အချိန်အခါ တွင် အပင်ငယ် နှစ်ပင်အား ကိုယ်တိုင် လက်ဖြင့် စိုက်ပျိုး ပြီးနောက် မီဒီယာ ကိုယ်စားလှယ်များ နှင့် စကားပြောဆို ပြီး သစ်ပင် စိုက်ပျိုး ခြင်းကို မင်္ဂလာ ရှိသည့် လှုပ်ရှား မှု တစ်ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န် ကေလာဗ် အနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု နှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် ပထမကတည်းက ဆရာဝန်များ၊သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာလုပ်သားများကိုစိတ်ရင်းမှန်ဖြင့် တန်ဖိုးထား လေးစားကြောင်း၊ ယခု တဖန် အလ္လာဟ် ဟို အရှင်မြတ် လမ်းတွင် ဂျီဟါဒ် ပြုသည် ကျွန်ုပ်၏ချစ်ရသူများအားထပ်မံကျေးဇူးတင်ရှိကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န် ကေလာဗ် အနေဖြင့် လူနာ များ အားလုံး အတွက် ပျောက်ကင်း ချမ်းသာ ရစေရန်နှင့် ကွယ်လွန်သွား ကြသူများ အတွက် မဂ်ဖေရသ် ရရှိစေရန် ပြီး ကျန်ရစ်သူများ အတွက် လှပသည့် စိတ်ရှည် သည်းခံခြင်းတရား ထားနိုင်ရန် ဒိုအာပြုပေးခဲ့ပါတယ် ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်များ ၏ ရောဂါပျံ့နှံ့မှု နှင့် ပြန့်ပွားမှု ကိုကာကွယ်ရန် အကြံဥာဏ်များနှင့်           အကြံဥာဏ်များကိုလျစ်လျူမရှုကြရန် မိန့်ကြား ခဲ့ပါတယ်။ အကြောင်းမှာ ကျွန်ုပ်တို့ အနေဖြင့် မိမိနှင့် အခြား သူများ ၏ ကျန်းမာရေး အတွက် ဂရုပြုရမှာ ဖြစ်ပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် လက်ရှိ ထိလွယ် ရှလွယ် သည် အခြေအနေတွင် ပြည်သူ လူထု အားလုံး အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင် နှင့် သဝစိုလ် ပြုရန် အာရုံ ပြုရန် အကြံပြု ရန် မိန့် ကြားထားပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အနေဖြင့် နောက်ထပ် အရေး ကြီး အမိန့် ကိုလည်း မိန့်ရင်း အလ္လာဟ်ဟို အရှင် သခင် ဘက် အာရုံပြုရန် နှင့် သဝစိုလ်ပြုရန် တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။ ဆက်လက် ပြီး အာယာသသွလ္လာဟ် အနေဖြင့် ဤဘေးဒုက္ခ သည် အလွန် ကြီးမား သည့် ဘေးဒုက္ခ မဟုတ် ကြောင်း ၊အကြောင်းမှာ ဤထက် ကြီးမား သည့် ဘေးဒုက္ခ များ နှင့် ရင်ဆိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ကျနော် အနေဖြင့် သန့်ရှင်းစယ်ကြယ်ပြီး သန့်ပြန့်သည့်နှလုံးသား ပိုင်ရှင်၊ သီလ သမာဓီ ရှင် လူငယ်လူရွယ်များ ၏ နှုတ်မှ ထွက်လာမည့် ဒိုအာများ ဖြင့် ကြီးမားသည့်ဘေးဒုက္ခများ ကို ပျက် ပြယ် မည်ဟု လွန်ဝ မျှော်လင့် ကြောင်း ၊ အလ္လာဟ် ဟို အရှင်မြတ် ၏ ထံဝယ် သဝစိုလ် ပြု ခြင်း ၊ နဘီ (صلی الله علیه وآله ) နှင့် အအေမေအသွဟာရ် (علیهم السلام ) ထံ ရှဖာအသ် တောင်းခံ ခြင်း တို့ ဖြင့် အခက်အခဲအမြောက်အများ ကို ကင်းဝေ စေနိုင် ကြောင်း မိန့် ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အနေဖြင့် ကမ္ဘာ့ နိုင်ငံ အသီးသီး တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးပြန့်ပွား မှု ကိစ္စ နှင့်ပတ်သက်ပြီး မိန့်ကြား သည်မှာ ကိုရိုနာဗိုင်းရပ်စ် ကို ပုံကြီးချဲ့ ၍ မတင်ပြရန် ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မိန့်ကြား သည်မှာ နိုင်ငံ တော် တာဝန် ရှိ လူကြီးများ အနေဖြင့် ပထမအစနေ့ကတည်းက ရိုးသားဖြောင့်မတ်စွာ ၊ မှန်ကန် စွာ ၊ ပွင့်လင်းမြင်သာ စွာ ဖြင့် အီရန်ပြည်သူလူထု နှင့် ကမ္ဘာ့ ကို အီရန်နိုင်ငံ၏ အခြေအနေမှန် ကို ရှင်းပြ တင်ပြခဲ့ပါတယ်။ သို့သော် အချို့ နိုင်ငံများ အနေဖြင့် အီရန်နိုင်ငံထက်အခြေအနေ ပို၍ ဆိုးပြီး အားလုံးကို ပြန့်နှံ့ နေသည်ကို ပင် မတင်ပြဘဲ ဖုံးကွယ် နေကြောင်း သို့သော် ကျွန်ုပ်တို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ထံ ရောဂါသည်များ အားလုံး ၏ ကျန်းမာရေး နှင့် ကြံ့ခိုင်ရေး အတွက် ဒိုအာတောင်းဆု ပြုကြောင်း မိန့်ကြားခဲ့ပါတယ်။

..................

END/ 251