၂၁ မတ် ၂၀၂၀ - ၁၈:၂၇
 ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်မှုကို မြန်မာရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့နေမှုကြောင့် နိုင်ငံရပ်ခြား အလုပ်သမားစေလွှတ် မှုကို မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

ကိုရိုနာဗိုင်းရပ်စ်သစ် ပြန့်နှံ့နေမှုကြောင့် နိုင်ငံရပ်ခြား အလုပ်သမားစေလွှတ် မှုကို မြန်မာအစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။

ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ယူအေအီးတို့အပါအဝင် နိုင်ငံတော်တော်များများကို အစိုးရချင်း သဘောတူညီချက်နဲ့ မြန်မာအစိုးရက အလုပ်သမားတွေစေလွှတ်နေပြီး၊ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတို့ကို အများဆုံး စေလွှတ်နေတာပါ။

အခုလိုရပ်ဆိုင်းမှုမှာ အလုပ်သမားစေလွှတ်မှုနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်း ထုတ်ပေးမှုတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်တွင်တွေ့ရသည့် မြန်မာလုပ်သားအချို့



ဖေဖော်ဝါရီလအတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအောက်က အလုပ်သမား ဦးစီးဌာနအစီအစဉ်နဲ့ နိုင်ငံရပ်ခြားကို အလုပ်သမား ၂၇၃၃၀ ဦး စေလွှတ်ခဲ့ပြီး ၂၂၃၆၂ ဦးက ထိုင်း၊ ၄၁၄၅ ဦးက မလေးရှား၊ ၆၉၈ ဦးက ဂျပန်နိုင်ငံတို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်မှု မရှိသေးဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နယ်စပ်ကနေ နိုင်ငံခြားသား ဝင်ရောက်မှုကို ကြာသာပတေးနေ့မှာ ပိတ်ပင်ခဲ့ပါတယ်။

..................................

END / 251