၂၅ မတ် ၂၀၂၀ - ၁၉:၂၈
ဆူဒန် ကာကွယ်ရေးဝန်ကြီး နှလုံးရောဂါဖြင့် ကွယ်လွန်

ဆူဒန်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဟာ တောင်ဆူဒန်နိုင်ငံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ ဆူဒန်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၂၅ ရက်မှာ ပြောခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ဆူဒန်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဟာ တောင်ဆူဒန်နိုင်ငံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ ဆူဒန်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က မတ် ၂၅ ရက်မှာ ပြောခဲ့ပါတယ်။

ဆူဒန်ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဂျမဲလာဒင် အိုမာဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တောင်ဆူဒန်နိုင်ငံ မြို့တော်ဂျူဘာကို ရောက်နေခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီး အိုမာဟာ ဆူဒန်အရပ်သားအစိုးရနဲ့ ၃၉ လတာ အာဏာခွဲဝေရေး သဘောတူညီချက်အရ အာဏာရခဲ့တဲ့ အချုပ်အခြာအာဏာပိုင် ကောင်စီအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။

ဆူဒန်နိုင်ငံအတွင်း သမ္မတဟောင်း အိုမာအယ်ဘာရှာကို ဖြုတ်ချပြီးနောက်မှာ ဆူဒန် စစ်တပ်နဲ့ အရပ်သားအဖွဲ့အစည်းတွေအကြား အာဏာခွဲဝေ အုပ်ချုပ်ဖို့ သဘောတူညီခဲ့ပါတယ်။

အိုမာဟာ သမ္မတဟောင်း ဘာရှာဆီကနေ အာဏာလွှဲပြောင်းယူခဲ့တဲ့ အသွင်ကူးပြောင်း ကောင်စီအဖွဲ့ဝင် တဦးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ သူဟာ ဆူဒန်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
..............................................................
END / 251