အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Unicode
ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ မနေ့က နေ့လည်ခင်း အချိန်မှ စ၍ ယနေ့ ဧပြီလ ၃၀ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၉၈၃ ဦး ဖြစ်ပြီး စုစုပေါင်း ရော ဂါသည်မှာ ၉၄၆၄၀ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၇၅၁၀၃ ဦး ပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွားသည့်အတွက်နှင့် ဤ အစီ အစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ အနေဖြင့် ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၇၁ ဦး အလ္လာဟ် ဟို အရှင်မြတ် အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူ ဦးရေမှာ ၆၀၂၈ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။
၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၂၉၇၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ ဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၄၆၃၂၉၅ ဦး အား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
********************************************************
END / 251