၁၂ ဇွန် ၂၀၂၀ - ၁၈:၃၂
သင်္ဘောသားအများစုအပါအဝင် မြန်မာနိုင်ငံသား ၁၄၉ ဦးကို ဖိလစ်ပိုင်မှ ပြန်ခေါ်

ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာ သင်္ဘောသားအများစုအပါအဝင် မြန်မာနိုင်ငံသား ၁၄၉ ဦးကို မြန်မာနိုင်ငံသို့ အထူးလေယာဉ်နဲ့ ဇွန်လ ၁၂ ရက်မွန်းလွဲပိုင်း ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖိလစ်ပိုင်နိုင်ငံမှာ  အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာ သင်္ဘောသားအများစုအပါအဝင် မြန်မာနိုင်ငံသား ၁၄၉ ဦးကို မြန်မာနိုင်ငံသို့ အထူးလေယာဉ်နဲ့ ဇွန်လ ၁၂ ရက်မွန်းလွဲပိုင်း ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း(Manila Bay) မှာ ကျောက်ချရပ်နားထားခဲ့တဲ့ Carnival Cruises ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းက မြန်မာသင်္ဘောသား အမှုထမ်း ၁၂၉ ဦးနဲ့ ဖိလစ်ပိုင်ရောက် မြန်မာနိုင်ငံသား ၂၀  ဦး စုစုပေါင်း ၁၄၉ ဦးကို Air Asia Philippines အထူးလေယာဉ်နဲ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ မနီလာမြို့ NAIA အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ကိုပြန်ခေါ်ခဲ့တာပါ။

ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်ခေါ်ယူနေရာမှာ ဒီကနေ့ ဇွန်လ ၁၂  ရက်အထိ  မြန်မာနိုင်ငံသား စုစုပေါင်း ၃၆၈၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

##########################################

END / 251