၆ ဇူလိုင် ၂၀၂၀ - ၁၉:၂၁
ကုန်းတွင်း၊ ကမ်းလွန် ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားသည်ဟု အီရန် ထုတ်ပြော

တောင်ပိုင်း ကမ်းရိုးတမ်းအပါအဝင် ကုန်းတွင်းနဲ့ ကမ်းလွန်တွေမှာ ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားပြီး ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်လိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တောင်ပိုင်း ကမ်းရိုးတမ်းအပါအဝင် ကုန်းတွင်းနဲ့ ကမ်းလွန်တွေမှာ ဒုံးကျည်မြို့တော်ကွန်ယက် တည်ဆောက်ထားပြီး ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်လိမ့်မယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီကွန်ယက်မှာ မြေအောက်ဘန်ကာတွေ၊ ကမ်းလွန်ရွေ့လျားစနစ် ဒုံးကျည်တွေ ပါဝင်တယ်လို့ ရေတပ်ဗိုလ်ချုပ် အလီရီဇာ တန်ဆီရီက ပြောပါတယ်။

“ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်ကွေ့ တစ်လျှောက်လုံးမှာ မြေအောက် ကုန်းတွင်းနဲ့ ကမ်းလွန် ဒုံးကျည်​မြို့တော်တွေ တည်ဆောက်ထားပါတယ်။ ဒါဟာ ရန်သူနိုင်ငံတွေအတွက် အိပ်မက်ဆိုး ဖြစ်မှာပါ”

နိုင်ငံတောက်ဘက် နယ်စပ်တစ်လျှောက်လုံးမှာ ရေယာဉ်စု ၄၂၈ စုနဲ့ တပ်ဖွဲ့ဝင် ၂၃၀၀၀ လောက်ကို တပ်ဖြန့်ချထားပြီး ရန်သူတွေ မထင်မှတ်ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေ၊ ရေတပ်သင်္ဘောအသစ်တွေလည်း မကြာခင် ထုတ်ပြဖို့ရှိတယ်လို့ အလီရီဇာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အပြည့်အ၀လည်ပတ်နိုင်တဲ့ မြေအောက် ဒုံးကျည်စက်ရုံတွေ၊ မြို့တော်တွေ တည်ရှိနေပြီလို့ အီရန်တော်လှန်ရေးအေစာင့်တပ်ဖွဲ့က မကြာခဏ ထုတ်ပြောလေ့ရှိပေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထုတ်ပြတာမျိုးတော့ မရှိပါဘူး။

ပြီးခဲ့တဲ့ နွေရာသီကစလို့ ပါးရှန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရတာလို တင်းမာမှုမျိုးတွေ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်က ဒီတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲမှုကို ငြင်းဆိုပါတယ်။


************************************************

END / 251