အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
မဟဲရ် သတင်းဌာန ၏ သတင်း အထောက်အထား အရ အမေရိကန် တိုက်လေယာဉ် နှစ်စင်း မှ ဘေရွတ် မြို့ သို့ သွားနေသည့် အီရန် ခရီးသည် တင်လေယာဉ်အား ဆီးရီးယား လေပိုင် နက် တွင် ရပ်တန့် ဖို့ ကြိုးစား ခဲ့ပါတယ်။ဤဖြစ်ရပ် ကို အီရန်ဘက်မှ ဒေါသ ထွက် အောင်ဆွပေး သည့် လုပ်ရပ် ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။
သတင်းအထောက်အထား များ အရ အမေရိကန် တိုက်လေယာဉ် ၂စင်းသည် အီရန် ခရီးသည် တင် လေယာဉ် ၏ အနီး လုံးဝ ရောက် ရှိလာခဲ့ကြောင်း ၊ အီရန်လေယာဉ်မှူးမှ လေယာဉ် နှင့် တိုက်လေယာဉ် မ တိုက်မိအောင် လေယာဉ် အမြင့် ကို အမြန် အောက်သို့ လျော့ပြီး မောင်းခဲ့ကြောင်း ၊ အမြင့် ကနေ အောက်သို့ လျော့အောင် မောင်းသည့် အတွက် ကြောင့် ခရီးသည် အချို့ ဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
သတင်းအထောက်အထား များ အရ တီဟီရန်မြို့ အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ် မှ ဘေရွတ်မြို့ သို့ ထွက်ခွာ လာသည့် ခရီးသည် တင် အီရန် မါဟာန် လေယာဉ် ဖြစ်ပြီး ဤ အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်းလည်း မိမိ၏ အစီအစဉ်အတိုင်း ဘေရွတ်သို့ ခရီး ဆက် ခဲ့ကြောင်း သိရှိရပါတယ်။
ဤအဖြစ်အပျက် မဖြစ်ခင်ကလည်း အစ္စရေး ဇီယွန် တိုက်လေယာဉ်များ မှ အီရန် ခရီးသည် တင် လေယာဉ်အား ရပ်တန့် အောင် ကြိုးစားခဲ့ပြီး ဖြစ်ကြောင်း သတင်းသိရှိ ထားရပြီး ဖြစ်ပါတယ်။
တစ်ဘက်တွင်လည်း အီရန် နိုင်ငံခြား ရေး ဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့် ရှိသူမှ ဤ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စိစစ်မှု ကို စတင်နေပြီး ဖြစ်ကြောင်း ခရီးသည်များ ၏ အသက်ကို အန္တရာယ်ဖြစ် အောင်လုပ်သည့် အမေရိကန် တို့ ၏ ဤ ခြေလှမ်းကို ရှုတ်ချကန့်ကွက် ကြောင်း ပြောကြား ခဲ့ပါ တယ်။
အမေရိကန် ၏ ဤ လုပ်ရပ်သည် ဒေါသ ကိုဆွပေးသည့် လုပ်ရပ်ဖြစ်ပြီး ဒေသအတွင်း မငြိမ် မသက်မှု ဖြစ်ပွား အောင် ကြိုးစားသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် လေကြောင်း ဆိုင်ရာ အကြီးတန် အရာရှိ တစ်ဦး မှလည်း အီရန် ခရီးသည်တင်လေယာဉ် သည် ချောချောမောမော ဖြင့် ဘေရွတ်လေဆိပ်သို့ ဆိုက်ရောက်ပြီး ဖြစ်ကြောင်း ခရီးသည် များကိုချပြီး မိမိထမ်းဆောင်ရမည့် တာဝန် ကို ထမ်းဆောင်ပြီး နောက် အနည်းငယ် အကြာတွင် တီဟီရန် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်သို့ ပြန်လည်း ဆိုက်ရောက်လာကြောင်း ပြောကြားခဲ့ပါတယ်။
############################
END / 251