၂၅ ဇူလိုင် ၂၀၂၀ - ၁၉:၂၃
ကရိုနာ ရောဂါ ဖြစ်နေသည့် အချိန်အခါ တွင် မဟော်ရမ် မဂ်ျလစ်များ ကျင်းပခြင်းနှင့်ပတ်သက်ပြီး အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာန်နီ ၏ အဖြေ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ အနေဖြင့် အဲဟ်လေ့ဘိုက် (علیهم السلام) ၏ အမှတ်အသား လက္ခဏာ များ အထူးသဖြင့် အေမာမ် ဟိုစိန် (علیه السلام ) ၏အဇါဒါရီ တွင် မည်သည့်အမျိုးအစား အဟန့်အတား (သို့) အတားအဆီး ကြောင့် ဖြစ်စေ ရပ်တန့် ရန်မလိုအပ် ကြောင်း သို့သော် ကျန်းမာရေး ကျွမ်းကျင်သူများ ဘက် မှ တိုက်တွန်း ထားသည့် ကျန်မားရေး ဆိုင်ရာ ဥပဒေသများ ကို ဂရုပြု လိုက်နာရန် အကြံပြု အဖြေပေး မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

မူရင်းစာသား နှင့် အမေး ၊အဖြေ

 

ရစာ သတင်းဌာန ၏ သတင်း အထောက်အထား အရ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ မရ်ဂျာ ယေ သက်္ကလီးဒ် တော် တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ အနေဖြင့် ကိုရိုနာ ရောဂါ ကူးစက် ပြန့်ပွား မှု ကို ရှေ့ ရှု ပြီး မဟော်ရမ် လတွင် အေမာမ် ဟိုစိန် (علیهالسلام ) ၏အဇါဒါရီ နှင့်စပ်လျဉ်း ပြီး အမေး အဖြေ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မေးခွန်း

လေးစား ရိုသေရပါသော် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ (ဒါမဇေလ်လဟူ ) ခင်ဗျား

 

ကိုရိုနာ ရောဂါ ကူးစက်ပြန့်ပွား မှု အခြေအနေ တွင် မဟော်ရမ် လ တွင် ဆရက်ဒို ရှိုဟဒါ အေမာမ် ဟိုစိန်(علیه السلام ) အတွက် အဇါဒါရီ ပြုလုပ်ခြင်း နှင့် အခြား အဲဟ်လေ့ဘိုက် (علیهم    السلام) နှင့် စပ်လျဉ်း သည့် ရက်များ အတွက် ကျွန်ုပ်တို့ ၏ တာဝန် ဝတ္တရား သည် မည်သို့ လာ ရှိပါသနည်း ?

 

မရ်ဂျာယေ သက္က်လီးဒ် တော် ၏ အဖြေ

အဲဟ်လေ့ဘိုက် (علیهم السلام) ၏ အမှတ်အသား လက္ခဏာ များ အထူးသဖြင့် အေမာမ် ဟိုစိန် (علیه السلام ) ၏အဇါဒါရီ တွင် မည်သည့်အမျိုးအစား အဟန့်အတား (သို့) အတားအဆီး ကြောင့် ဖြစ်စေ ရပ်တန့် ဖို့ မလိုအပ်ချေ။ သို့သော် ကျန်းမာရေး ကျွမ်းကျင်သူများ ဘက် မှ တိုက်တွန်း ထားသည့် ကျန်မားရေး ဆိုင်ရာ ဥပဒေသများ ကို ဂရုပြု လိုက်နာရန် လည်း အကြံပေး ပြောကြား လိုပါသည်။  

***********************************************************

END / 251