အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အလ်မယာဒီးန် ရုပ်မြင်သံကြား ဌာန ၏ သတင်းအထောက်အထား အရ ဘေရွတ် မြို့ တွင် ကြောက်မက်ဖွယ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး နောက် လူအမြောက်အများ သေဆုံး၍ ဒဏ်ရာရ ခဲ့ ကြောင်း သိရှိရပါတယ်။ ဘေရွတ်ရှိ ကုလသမ္မဂ ပြောရေးဆိုခွင့်ရှိသူ ၏ ပြောကြားချက်အရ - ဤပေါက်ကွဲမှု သည် ဘေရွတ်မြို့ ဆိပ်ကမ်း ရှိစတိုးဆိုင်အမှတ် ၁၂ တွင် ရောင်းနေသည့် ပစ္စည်းများ လောင်ကျွမ်း ပြီးနောက် ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါတယ်။
ဤပေါက်ကွဲမှု ဆိုင်ရာ ဗီဒီယို အမြောက်အများ ထွက်ရှိလာပြီးနောက် ပေါက်ကွဲမှုမှာ အလွန် ပြင်းထန် သဖြင့် မီးခိုးတိုင်ကြီးသည် အမြင့် အတော်နေရာ ရောက် သွားပြီး မီးခိုးတန်ကို တိုင် ကြီး ပမာ မပျောက် တွေ့ရှိခဲ့ရပါတယ်။
အလ်အာလန်မ် သတင်းဌာန ၏ သတင်း အထောက်အထား အရ ဤပေါက်ကွဲ မှု ကြောင့် ဆုံးရှုံးမှု အမြောက်အများ ဖြစ်ခဲ့ကြောင်း အရည်အတွက်တော်တော် များများ သေဆုံး ပြီး ဒဏ်ရာ ရကြောင်း ၊၎င်းတို့အား အရေးပေါ် လူနာတင်ကားများ ဖြင့် ဆေးရုံ များသို့ ပို့ဆောင် ခဲ့ကြောင်း ပေါက်ကွဲမှု ၏အသံအား ၈ ကီလိုမီတာ အကွာ တွင်ရှိသည့်ဆိုင်ဒါ မြို့ အထိပင် ပေါက်ကွဲသံ ကြားရကြောင်း ၊ ဘေရွတ် Governor မရ်ဝန် အိုဘူဒ် မှ ဤ ပေါက်ကွဲမှု အား အလွန်ကြီးမား သည့် အဖြစ်ဆိုး ဖြစ်ကြောင်း ပျက်စီး ဆုံးရှုံး မှု အလွန်တရာ ကြီးမား ကြောင့် ဖော်ပြထားပါတယ်။




လက်ဘနွန် ဝန်ကြီးချုပ် ဟစန်ဒေယာဗ် အနေဖြင့် မနက်ဖန်အား နိုင်ငံလုံးကျွတ် ဝမ်းနည်းဖွယ်နေ့ အဖြစ် သတ်မှတ် ကြေငြာ ခဲ့ပါတယ်။ လက်ဘနွန် သမ္မတ မေရှယ်လ်အောင်းန် အနေဖြင့် လက်ရှိ အခြေအနေ အား ရိုးရိုး အခြေအနေ မဟုတ်ကြောင်း ကြေငြာခဲ့ပြီး ကာကွယ်ရေး ကောင်စီ အစည်း အဝေး ကို အရေး ပေါ် ခေါ်ယူထားကြောင်း သိရှိရပါတယ်။
လက်ဘနွန် ဝန်ကြီးချုပ် ဟစန်ဒေယာဗ် အနေဖြင့် ဤ ပေါက်ကွဲမှု ၏ တရားခံကို မည်သူမည်ဝါ ဖြစ်ောကာင့် အထင်အမြင်ဖြင့်မပြော လိုကြောင်း ၊ သို့သော် တရားခံများ ကိုလည်း အပြစ်မပေးရ၊ မခြင်း ငြိမ်နေမည် မဟုတ်ကြောင်း မိမိ၏ မိန့်ခွန်း တိုလေး တစ်ခု တွင် ပြောကြားခဲ့ ပါတယ်။
**************************************************
END / 251