၁၄ ဩဂုတ် ၂၀၂၀ - ၁၉:၂၃

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် မရမ်းကုန်းမြို့နယ် တရားသူကြီးက ဩဂုတ် ၆ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီး စောဒေးဗစ်လားမှာ ဩဂုတ် ၁၄ ရက်နေ့တွင် ချုပ်ရက်စေ့သဖြင့် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက် ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စောဒေးဗစ်လားကို မြန်မာနိုင်ငံတွင် COVID-19 ကဲ့သို့ ဒေသန္တရအမိန့်များ ထုတ်ပြန်ထားချိန်တွင် ပြည်ဝင်ခွင့် မပြုတော့ကြောင်း၊ ၄င်းကို ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ ထွက်ခွာခိုင်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

၎င်းတို့နှစ်ဦးမှာ မရမ်းကုန်းမြို့နယ် တရားရုံးတွင် သုံးလနီးပါး တရားရင်ဆိုင်ခဲ့ရပြီးနောက် ပုဒ်မပြောင်းလဲကာ ထောင်ဒဏ်ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် စောဒေးဗစ်လားကို မေလ ၂၀ ရက် နံနက်ပိုင်းက Quarantine ထားရှိရာ City Hotel Yangon မှ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ပထမအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် စောဒေးဗစ်လားကို ရဲလုပ်ငန်း ဆောင်ရွက်ချက်များ စစ်ဆေးရန် ရှိနေသေးသည့်အတွက် မေလ ၂၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ၁၅ ရက်ကြာ ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

*******************************************

END / 251