အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်က နှမဖြစ်သူ ကင်ယိုဂျောင်အပါအဝင် ၎င်း၏ လက်ထောက်များသို့ တာဝန် များ ပိုမိုခွဲဝေအပ်နှင်းခဲ့ကြောင်း တောင်ကိုရီးယား သူလျှိုအေဂျင် စီက အခိုင်အမာပြောသည်။
ကင်ဂျုံအန်က အလုံးစုံ အာ ဏာ ဆက်လက်ဆုပ်ကိုင်ထား သော်လည်း ၎င်း၏ စိတ်ဖိစီးမှုများ လျှော့ချရန် အမျိုးမျိုးသော မူဝါဒ ဧရိယာများကို အခြားသူများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သူ လျှိုအေဂျင်စီက ပြောသည်။
ယခုအခါ မစ္စစ်ကင်ယို ဂျောင်က ယေဘုယျအားဖြင့် နိုင်ငံ့ရေးရာကိစ္စရပ်များကို ကြီးကြပ် မည်ဟု တောင်ကိုရီးယားအမျိုး သားထောက်လှမ်းရေး အေဂျင်စီ က ထပ်လောင်းပြောသည်။
သို့သော် တောင်ကိုရီးယား အေဂျင်စီ၏ တင်ပြချက်များသည် မှားယွင်းသော သာဓကများ အ တိတ်က ရှိဖူးသည်။
ဩဂုတ် ၂၀ ရက်က အ ကျဉ်းချုံးပြုလုပ်သည့် တံခါးပိတ် အစည်းအဝေးတစ်ရပ်အတွင်း သူလျှိုအေဂျင်စီက တောင်ကိုရီး ယားအမျိုးသားလွှတ်တော်သို့ အ ခိုင်အမာတင်ပြခဲ့ခြင်းဖြစ်သည်။
‘‘ကင်ဂျုံအန်ဟာ သူ့ရဲ့ အ လုံးစုံအာဏာကို ဆက်ပြီးတော့ ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ တချို့ကို နည်းနည်းချင်း နည်း နည်းချင်း လွှဲပြောင်းပေးအပ်နေ ပါတယ်’’ဟု အေဂျင်စီကို ကိုးကား၍ တောင်ကိုရီးယားလွှတ်တော် အမတ်များက ပြောသည်။
ယခုအခါ ကင်ယိုဂျောင်က အမေရိကန်နှင့် တောင်ကိုရီးယား တို့နှင့် စပ်လျဉ်းသော မူဝါဒများအ တွက် တာဝန်ရှိသူဖြစ်လာပြီး ကင် ဂျုံအန်၏ အရိုက်အရာခံသဘော မျိုးဖြစ်လာသည်။
သို့သော် ကင်ဂျုံအန်က ၎င်း ၏ နေရာဆက်ခံမည့်သူကို ရွေး ချယ်ထားခြင်းမရှိပေ။
သို့သော် တောင်ကိုရီးယား သူလျှိုအေဂျင်စီ၏ အခိုင်အမာ ပြောကြားချက်များအပေါ် ဝေဖန် စိစစ်သူအချို့က မယုံသင်္ကာဖြစ် နေသည်။
ကင်ယိုဂျောင်သည် ယခုလ အတွင်း ကျင်းပသည့် အရေးပါ သော အစည်းအဝေးနှစ်ခုကို မတက်ရောက်ဘဲ လွဲချော်ခဲ့ပုံပေါ် သဖြင့် လေ့လာစောင့်ကြည့်သူ အချို့က ကင်ယိုဂျောင်အနေဖြင့် ရာထူးလျှော့ချခံထားရဖွယ်ရှိ သည်ဟု ထင်မြင်မှန်းဆနေသည်။
၁၉၈၇ က မွေးဖွားသော ကင်ယိုဂျောင်သည် ကင်ဂျုံအန် ထက် လေးနှစ်ငယ်ပြီး တစ်ချိန် တည်းဆိုသကဲ့သို့ ဆွစ်ဇာလန် နိုင်ငံ ဘန်းမြို့တွင် အတူနေထိုင် ကာ ပညာဆည်းပူးခဲ့သည်။
******************************
END /251