၈ စက်တင်ဘာ ၂၀၂၀ - ၁၈:၃၆
ရွေးကောက်ပွဲနီးလာချိန် အမုန်းစကား၊ အကြမ်းဖက်ရန်လှုံ့ဆော်မှုနှင့် သတင်းအမှားများ ပိုမိုဖယ်ရှားနိုင်ရန် Facebook က ပြင်ဆင်ထား

အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံဆော်မှုတွေတွေကို ရှာဖွေဖော်ထုတ်ဖျက်ချမှု၊ သတင်းအမှားပြန့်နှံ့မှု တားဆီးရေးတွေကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတယ်လို့ Facebook က အခုတစ်ပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန



အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံဆော်မှုတွေတွေကို ရှာဖွေဖော်ထုတ်ဖျက်ချမှု၊ သတင်းအမှားပြန့်နှံ့မှု တားဆီးရေးတွေကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ကာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတယ်လို့ Facebook က အခုတစ်ပတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ Facebook ဟာ အမုန်းစကား ဖယ်ရှားမှုကို ထိထိရေောက်ရောက် လုပ်ဆောင်မှု မရှိဘူးလို့ ၀ဖေန်ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအများအပြားအသတ်ခံရပြီး အနည်းဆုံး ၇ သိန်းလောက် ဘဂ်လားဒေ့ရှ်ဖက် ထွက်ပြေးရတဲ့ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ စစ်ဆင်ရေးအပြီးမှာတော့ Facebook ဟာ နိုင်ငံတကာရဲ့ ဖိအားဒဏ်ကို ပိုခံရပြီး အမုန်းစကား တားဆီးရေးလုပ်ငန်းတွေကို ပိုမိုအားထုတ်လုပ်ဆောင်လာခဲ့ပါတယ်။

အခုတစ်ပတ်အတွင်း Facebook ရဲ့ ဘလော့ဂ်စာမျက်နှာက ကြေငြာချက်မှာ အခုအချိန်ကနေ စတင်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့အထိ မဲပေးခွင့်ကို ထိခိုက်စေမယ့်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်ဆီးစေမယ့် “အတည်ပြုလို့ရတဲ့ သတင်းအမှားတွေ၊ အတည်မပြုနိုင်တဲ့ ကောလဟာလတွေကို” ဖယ်ရှားသွားမယ်လို့ ဖော်ပြထားပါတယ်။

“ဥပမာအားဖြင့် အမတ်လောင်းဟာ ဘဂ်ါလီဖြစ်တယ်၊ မြန်မာနိုင်ငံသားမဟုတ်ဘူး ဒါ့ကြောင့် ရွေးကာက်ခံပိုင်ခွင့်မရှိဘူးဆိုတဲ့ လိမ်လည်ရေးသားမှုမျိုးတွေကို ကျွန်တော်တို့ ဖယ်ရှားသွားမှာပါ”

နိုင်ငံရေးပါတီတွေရဲ့ တရားဝင် စာမျက်နှာတွေကို အတည်ပြုနိုင်ဖို့အတွက် မြန်မာနိုင်ငံက အနည်းဆုံး မိတ်ဖက်အဖွဲ့အစည်း ၃ ခုနဲ့ Facebook က ပူးပေါင်းဆောင်ရွက်နေပါတယ်။

အခုနှစ် ဒုတိယနှစ်ဝက်မှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရေးသားတဲ့ အကြောင်းအရာ ၂ သိန်း ၈ သောင်းလောက်ကို ဖယ်ရှားခဲ့တယ်လို့လည်း Facebook က ဆိုပါတယ်။ ပထမ နှစ်ဝက်မှာ ၅၁၀၀၀ လောက်ဖယ်ရှားခဲ့ပါတယ်။

Messenger မှာ မက်ဆေ့ခ်ျတွေ တစ်ဆင့်မျှဝမှေုကို ၅ ဦးအထိသာ ဆောင်ရွက်နိုင်မယ့် ကန့်သတ်ချက်တစ်ခုကို Facebook က ဆောငရွက်ထားပြီး လက်ရှိ မြန်မာနိုင်ငံမှာ စတင် သက်ရောက်နေပြီ ဖြစ်ပါတယ်။ နောက်သီတင်းပတ်အနည်းငယ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဒီကန့်သတ်ချက်ကို အသက်သွင်းသွားမယ်လို့လည်း Facebook က ဆိုပါတယ်။

***********************************

END / 251