အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
Mehr သတင်းဌာန ၏ သတင်းအထောက်အထားများ အရ အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ လွတ်တော် ဥက္ကဋ္ဌ အနေဖြင့် ကြေညာချက်တစ်ခု တွင် အာရပ်အာဏာပိုင်များ ကို အမေရိကန် နှင့် အစ္စရေးဇီယွန် တို့ ၏ ကျွန်များ ၊ အစေခံများ ဟုပြောကြားပြီး ပါလက်စတိုင်း အပေါ် အစ္စရေးတို့ ၏ ကြောက်မက်ဖွယ် ရာဇဝတ်မှုများ တွင် ဒေသတွင်းရှိ အာရပ် သစ္စာဖောက် အာဏာပိုင် များ ထပ်တူထပ်မျှ ပါဝင် နေကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် လွတ်တော် ဥက္ကဋ္ဌ အနေဖြင့်လည်း ဆက်လက်ပြီး ပြောကြား သည်မှာ အာရပ် အာဏာပိုင်များ အနေဖြင့် အစတွင် ပါလက်စတိုင်း များ အပေါ် လျှို့ ဝှက် လူမသိသူမသိ သစ္စာဖောက်ခဲ့ပြီး ယခု အခါ ၎င်းတို့ မှ အစ္စရေး ဇီယွန် များ နှင့် သံတမန် ရေးအရ ဆက်သွယ်မှု များ ပြု၍ မိမိတို့ ၏ ကောက်ကျစ် ပြီး အရေးခြုံထားသည့် မျက်နှာ အား လူသိရှင်ကြားပြ လိုက် ပြီး ဖြစ်ကြောင်း ဖြစ်ပါတယ်။
အီရန် လွတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကလီးဗါဖ် အနေဖြင့် ဆက်လက်ပြောကြားသည်မှာ - အစ္စလာမ် သာသနာ နှင့် မွတ်စလင်မ်များ ကို အမြဲ တန်း မိုနာဖေက်များ (အရေခြုံများ) နှင့် ယဇီးဒ် စိတ်ဓာတ်ရှိသူများ မှ ဆုံးရှုံး အောင် နစ်နာအောင် ပြုခဲ့ကြပါတယ်။ယနေ့ လည်းပဲ ယဇီးဒ် နှင့် မိုအာဝေယာ တို့ ၏ နောက်လိုက်နိုင်ငံများ အနေဖြင့် ယနေ့ ယဇီးဒ် နှင့်မိုအာဝေယာ ၊ တစ်နည်း အားဖြင့် အမေရိကန် နှင့် အစ္စရေး ဇီယွန်များ ဘက်ပါသူများ ၊ အကူအညီပေးသူများ ဖြစ်ကြ ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟမ္မဒ် ဘာကဲရ် ကလီးဗါဖ် အနေဖြင့် မွတ်စလင်မ်များ အား တိုက်တွန်း ပြောကြားသည်မှာ - ယခုခေတ်ကာလ၏ ယဇီးဒ် နောက်လိုက်များ နှင့် မိုအာဝေယာ အတွေး ရှိသူ မိုနာဖေက်များ နှင့် သစ္စာဖောက်များ နှင့် ဝေးဝေး နေကြရန် ၊ဤကဲ့သို့မဟုတ်လျှင် မွတ်စလင်မ်များ ၏ လောကီ နှင့်လောကုတ္တရာ တွင် နောင်တနှင့်ရင်ဆိုင်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
လွတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကလီးဗါဖ် မှ ဆက်လက် ပြောကြားသည်မှာ - ယခုခေတ်ကာလ၏ စစ်မှန်သည့် စွန်နီ နှင့် ရှီအာ နှစ်အုပ်စုလုံးသည် အနှိပ်စက်၊အရက်စက်ခံ ပါလက်စတိုင်း ပြည်သူများ နှင့် အတူ ရှိနေပါတယ်။ ပါလက်စတိုင်း နှင့် ဗိုသ်သိုလ်မိုကဒသ်စ် သည် ယနေ့ အမှန်တရား နှင့်အမှား မတရား တို့ အတွက် အကောင်းတကာ အကောင်းဆုံး စံ မှတ်ကျောက် နှင့် စံနမူနာ ဖြစ်ပါတယ်။
****************************************************
END / 251