၂၀ စက်တင်ဘာ ၂၀၂၀ - ၂၀:၂၈
ကျောင်းသား များအား အီလက် ထရောနစ် ပစ္စည်း ထောက်ပံ့ မည့်အစီ အစဉ်ကို မဒီနာ အစိုးရ စတင်

ဒေသတွင်းက လိုအပ်နေတဲ့ကျောင်းသားတွေကို ပညာရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်မယ့်အစီအစဉ်တစ်ခုကို ဆော်ဒီအာရေဗျမှာရှိတဲ့ မဒီနာဒေသ အစိုးရက စတင်လိုက်ပါတယ်။

ဒေသတွင်းက လိုအပ်နေတဲ့ကျောင်းသားတွေကို ပညာရေး အထောက်အကူပြုပစ္စည်းတွေ ပေးအပ်မယ့်အစီအစဉ်တစ်ခုကို ဆော်ဒီအာရေဗျမှာရှိတဲ့ မဒီနာဒေသ အစိုးရက စတင်လိုက်ပါတယ်။

ဒီအစီအစဉ်ကို Good City လို့ အမည်ပေးထားပြီး ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာပါ။

ပထမအဆင့်မှာ တက်ဘလက်အပါအ၀င် အီလက်ထရောနစ်ပစ္စည်း ၆ ထောင်လောက်ကို ကျောင်းသားတွေထံ မျှဝပေးသွားမှာ ဖြစ်ပါတယ်။

မဒီနာအုပ်ချုပ်ရေးမှူး မင်းသား ဖိုက်ဆဲလ် ဘင် ဆလ်မန်က ကိုဗစ်ကပ်ရောဂါကာလမှာ လူငယ်တွေ ပညာရေးရည်မှန်းချက် ပြည့်ဝစေရေး လိုအပ်နေတဲ့ ကျောင်းသားတွေကို ကူညီပေးဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

မဒီနာဒေသအစိုးရဟာ ပညာရေးနယ်ပယ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံကိန်းအများအပြားကို ဆောင်ရွက်နေပြီး အဲဒီအထဲမှာ ဆရာ၊ ဆရာမတွေကို စွမ်းအားမြှင့်တင်ပေးရေး ဆောင်ရွက်မှုလည်း ပါဝင်ပါတယ်။

************************************

END /251