အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်နိုင်ငံရှိ အေမာမ် အလီ(အ.စ) တက္ကသိုလ်တွင် ကျင်းပသည့် ၁၁ ကြိမ်မြောက် အမျိုးသားအဲအ်သေကာဖ် ညီလာခံ၌ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး၊ အဲအ်သေကာဖ် ၏ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ အရေးပါမှုများကို ဆွေးနွေးခဲ့ကြပါတယ်။
ဗဟိုအဲအ်သေကာဖ် ကော်မတီ ဥက္ကဋ္ဌ H.I ဆယက်ဒ် အလီရေဇာ သကီယေအီ က ရှဟီးဒ် တော်လှန်ရေးခေါင်းဆောင်သည်မိမိ ၏ခေါင်းဆောင်မှုကာလတစ်လျှောက် အအ်သေကာဖ်အကြောင်း အကြိမ် ၄၇ ကြိမ် မိန့် ကြားခဲ့ပြီး၊ ယင်းဘာသာရေးကျင့်စဉ်ကို လမ်းညွှန်အားပေးကာ လူထုအကြား ပိုမိုပြန့်ပွားလာစေရန် အထူးအာရုံစိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အဲအ်သေကာဖ် သည် အစ္စလာမ်ဘာသာဝင်များအတွက် အရေးပါသော ဝတ်ပြုကိုးကွယ်မှုတစ်ခုဖြစ်ပြီး၊ အခြားဘာသာရေးတာဝန်များကို ပိုမိုခိုင်မာစေရန် အထောက်အကူပြုသည့် ကျင့်စဉ်တစ်ခုလည်း ဖြစ်ကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးပညာရှင်များက အအ်သေကာဖ်ကို ဝတ်ပြုကိုးကွယ်မှုများ၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ထားကြောင်းလည်း ၎င်းက ရှင်းပြခဲ့ပါတယ်။
ညီလာခံတွင် အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်၏ အကြံပေး ဒေါက်တာ ဟဒတ်ဒ် အာဒယ်လ် ကလည်း မိမိ ၏သမီးဖြစ်သူ ရှဟီးဒ်ဒဟ် ဇဟ်ရာ ဟဒတ်ဒ် အာဒယ်လ်၏ အအ်သေကာဖ် ဆိုင်ရာ လုပ်ဆောင်မှုများကို ပြောကြားခဲ့ပါတယ်။ ၎င်း၏သမီးသည် မိန်းကလေးကျောင်းသူများကို အအ်သေကာဖ်အစီအစဉ်များသို့ ခေါ်ဆောင်ပေးခြင်း၊ ၎င်းတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်းနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ လမ်းညွှန်ပေးခြင်းတို့ကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
H.I ဆယက်ဒ် အလီရေဇာ သကီယေအီ က အဲအ်သေကာဖ် အစီအစဉ်များ အောင်မြင်စေရန် တာဝန်ရှိသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင် ရေးရာ နှစ်ဖက်စလုံးတွင် ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဗလီများ၏ အဆောက်အအုံ၊ စီမံခန့်ခွဲမှုနှင့်နာမ် ပိုင်း ရေးရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည်လည်း အရေးကြီးသည့် တာဝန်တစ်ရပ်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
အဲအ်သေကာဖ် သည် ဘာသာရေးအရ အရေးပါသော ဝတ်ပြုကျင့်စဉ်တစ်ခုဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးအသိအမြင်နှင့် နာမ်ပိုင်း ရေးရာတန်ဖိုးများ ပိုမိုခိုင်မာလာစေရန် အထောက်အကူပြုကြောင်း ညီလာခံတွင် အလေးထားဆွေးနွေးခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment