၂၉ စက်တင်ဘာ ၂၀၂၀ - ၁၈:၁၉
COVID-19 ရောဂါဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်နေဟုဆို

တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေး အသုံးအဆောင် များအပါအဝင် ဆေးနှင့် ဆေး ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေး မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေး အသုံးအဆောင် များအပါအဝင် ဆေးနှင့် ဆေး ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေး မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောသည်။


ရန်ကုန်တိုင်းမှ ဆေးရုံအုပ် ကြီးများ၊ ကုသရေးပါမောက္ခများ၊ တာဝန်ရှိသူများနှင့် COVID-19 လူနာများကုသရေးနှင့် အသွားအ လာကန့်သတ်ခြင်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၆ ရက်က Video Conferencing စနစ်ဖြင့် ပြုလုပ်ရာတွင် ဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ထိုသို့ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး အသုံးအ ဆောင်များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် ဗဟိုအဆင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းမှ ဆေးရုံတစ်ရုံချင်း စီရှိ ဆေးလက်ကျန်စာရင်းများကို  ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲ မှု သတင်းအချက်အလက်ပြ စာမျက်နှာ (Dashboard)မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ကြည့် ရှုသုံးသပ်ပြီး လိုအပ်သည့် ဆေး နှင့် ဆေးပစ္စည်းများကို ပံ့ပိုးမည် ဟု ဆိုသည်။

‘‘သက်ဆိုင်ရာ ဆေးရုံအုပ် ကြီးတွေအနေနဲ့ ကိုယ့်ဆေးရုံရဲ့ဆေးလက်ကျန် စာရင်းတွေနဲ့ လိုအပ်ချက်တွေကို ဆေးနဲ့ ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက်ပြ စာမျက်နှာ (Dashboard)မှာ အချိန်နဲ့တစ်ပြေးညီ မဖြစ်မနေ ထည့်သွင်းထားရပါ မယ်’’ဟု ဝန်ကြီးက ပြောသည်။

ဆေးရုံတွင်း၌ လိုအပ်သည့်  COVID-19 ဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများရရှိမှုနှင့် ဖြန့်ဝေမှု၊ ဆေးရုံဝန်ထမ်းများ တာဝန်ခွဲဝေချထားမှု၊ ကုသမှုရေးရာ၊ စီမံခန့်ခွဲမှုရေးရာ၊ ဝန်ထမ်းများ အ ဘက်ဘက်မှ အဆင်ပြေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများအကြား  ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့ ကောင်းလျှင်ကောင်းသလို ရောဂါကြောင့် သေနှုန်းလည်း ကျဆင်း လာမည်ဖြစ်ကြောင်း ဝန်ကြီးက  ပြောသည်။

ထို့အပြင် လက်ရှိတွင် ထပ်မံလိုအပ်သော Portable X ray များ၊Portable Ultrasound များ၊Liquid Oxygen စနစ်ထပ်မံတပ် ဆင်ရန် ကိစ္စရပ်များနှင့် လိုအပ် သည်များကို ချက်ချင်းဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

************************************************

END / 251