အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟကီးမ်မေ အွန်မသ် ၊ အိန္ဒိယ တစ်နိုင်ငံလုံးဆိုင်ရာ မွတ်စလင် ကိုယ်ရေးကိုယ်တာ ဘုတ်အဖွဲ့ ၏ ဒုတိယ ဥက္ကဋ္ဌ ၊ အိန္ဒိယ နိုင်ငံ အကျော်အမော် သာသနာ့ ပညာရှင် တစ်ပါး ဖြစ်သူ မောင်လာနာ ဒေါက်တာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် ဆပ်သည် နိုဝင်ဘာလ ၂၄ ရက်နေ့ တွင် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို လခနောင်မြို့ ရှိ အေရာ မယ်ဒီကဲလ် ကောလိပ် တွင်ခံယူ သွားကြောင်း ဝမ်းနည်းစွာ သိရှိ ရပါတယ်။
ရရှိထားသည့် သတင်း အထောက်အထား များ အရ မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် အလ္လာဟ် အမိန့် ခံယူသွားသည့် သတင်းအား ၎င်း၏ သား ဆရက်ဒ် ကဲလ်ဗေ စစ်ဗ်သိုင်းန် နူးရီ မှ အသိပေးခဲ့ ကြောင်း ဖြစ်ပါတယ်။
ဆရက်ဒ် ကဲလ်ဗေ စစ်ဗ်သိုင်းန် နူးရီ ၏ပြောပြချက်အရ ဟကီးမ်မေ အွန်မသ် ၊ အိန္ဒိယ တစ်နိုင်ငံလုံးဆိုင်ရာ မွတ်စလင် ကိုယ်ရေးကိုယ်တာ ဘုတ်အဖွဲ့ ၏ ဒုတိယ ဥက္ကဋ္ဌ ၊ အိန္ဒိယ နိုင်ငံ အကျော်အမော် သာသနာ့ ပညာရှင် တစ်ပါး ဖြစ်သူ မောင်လာနာ ဒေါက်တာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် သည် အိန္ဒိယ စံတော် ချိန် ည ၁၀ နာရီ တွင် လခနောင်မြို့ ရှိ အေရာ မယ်ဒီကဲလ် ကောလိပ် တွင် အလ္လာဟ် အမိန့် ခံယူ သွားကြောင်း ဝမ်းနည်းစွာ သိရှိ ရပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် သည် ရက်အတော် အကြာ မနာမကျန်း ရှိခဲ့ပြီး တစ်ပတ်အလျင်က ကျန်းမာ ရေး အခြေအနေ အတော် ဆိုးရွားလာ၍ အေရာ မယ်ဒီကဲလ် ကောလိပ် တွင် တက်ရောက်ပြီး အိုင်စီယူ အခန်း တွင် ဒေါက်တာ များ ၏ အထူးကုသမှု ကို ခံယူခဲ့ပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် သည် အီရန်အစ္စလာမ်မစ် တော်လှန်ရေး နှင့် မွတ်စလင်မ်များ စည်းလုံးညီညွတ်ရေး ကို အပြင်းအထန် ထောက်ခံသူ ဖြစ်ပါတယ်။ ၎င်းအနေဖြင့် အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ တွင် ကျင်းပခဲ့သည့် အပြည်ပြည် ဆိုင်ရာ ညီလာခံများ တွင် အိန္ဒိယ ရှီအာများ ကိုယ်စား အကြိမ်ကြိမ် တက်ရောက် နေရာ ယူခဲ့သူ ဖြစ်ပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် သည် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) ( علیهم السّلام) ၏ အဖွဲ့ဝင် ဖြစ်သည့် အတွက် မဂ်ျမ၏ လေးနှစ် တကြိမ် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံ တွင် အမြဲ တက်ရောက် နေရာယူခဲ့သူ လည်း ဖြစ်ပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် သည် ကြိမ်ဖန် များစွာ ရဲဟ်ဗရ် ရေ အင်န်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ တို့ နှင့် တွေ့ဆုံ ခဲ့သူ ဖြစ်ပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် အနေဖြင့် မိမိ ၏ ဘဝသက်တမ်း တစ်လျှောက် လုံးတွင် ကောင်းမှု ကုသိုလ်များ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ ထို ကုသိုလ်များ တွင် ဆေးရုံး ၊ ကျောင်း နှင့် တက္ကသိုလ်များ တည်ထောင်ပေးခဲ့ခြင်းလည်း ပါဝင်ပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် အချိန် အတန်ကြာလခနောင်မြို့ ၏ ရှေ့ဆောင် သောကြာနမာဇ် တာဝန်ကိုလည်းထမ်းဆောင်ပေးခဲ့ပါတယ်။ အကျော်အမော် တရားဟောဆရာ ၊ ဓမ္မ ကတိကများတွင်လည်း အများပါဝင်သူ ဖြစ်ပါတယ်။
အိန္ဒိယ ၊ ပါကစ္စတန် အပြင် အမေရိကန် နှင့်အနောက်နိုင်ငံများတွင် လည်း တရားရေအေး တိုက်ကျွေးခဲ့သူ ဖြစ်ပါတယ်။
မရ်ဟွန်မ် မောင်လာနာ ဆရက်ဒ် ကဲလ်ဗေ ဆွာဒစ် သည် သာသနာပညာရှင်များ ထွန်းကားသည့် မိသားစုမှ မွေးဖွားလာပြီး ရှေ့လျှောက် အိုလမာများ ထွန်းကားနေမည့် မိသားစု ဖြစ်ကြောင်း တင်ပြအပ်ပါတယ် ။
******************************************
END / 251