အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါက်တာ စီမာ စာဒါသ် လာရီ မှ မနေ့ မှစ၍ ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၅၉၁၇ ဦး ဖြစ်ပြီး ၊၅၁၈ ယောက်မှာ ဆေးရုံတက်ရောက် နေရပြီး စုစုပေါင်း ရော ဂါသည်မှာ ၁၂၃၄၂၁၃၄ ဦး ရှိ သွား ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါက်တာ အနေဖြင့်ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၈၇ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၅၆၉၇၃ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၁၃၁၈၈၃ ဦးပြန်လည်ကောင်းမွန် ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၄၂၇၂ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ကုသလျက် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါက်တာ လာရီ မှဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၈၆၃၄၅၅၃ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြောကြားသည်မှာ - အီရန် နိုင်ငံတွင် မြို့ပေါင်း ၁၀ မြို့သည် အနီရောင် ဖြစ်ပြီး ၂၃ မြို့ သည် လိမ္မော်ရောင် နှင့် တခြား၁၆၃ မြို့တွင် အဝါရောင် ပြနေ ပြီး ၂၅၂ မြို့ သည် အပြာရောင်ဖြစ် ကြောင်း သိရှိ ရပါတယ်။
********************************************
END / 251