၃၀ ဇန်နဝါရီ ၂၀၂၁ - ၂၀:၃၄
 တာလီဘန်တွေ ကိုပိုမို ဖိအားပေး သွားဖို့ အာဖဂန်သမ္မတ က သမ္မတ ဘိုင်ဒန် ကိုတောင်းဆို

တာလီဘန်တွေကို ပိုမိုဖိအားပေးသွားဖို့နဲ့ တပ်ဖွဲ့ဝင်တွေနောက်ထပ်လျှော့ချတာမျိုးမလုပ်ဖို့ အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂါနီက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

တာလီဘန်တွေကို ပိုမိုဖိအားပေးသွားဖို့နဲ့ တပ်ဖွဲ့ဝင်တွေနောက်ထပ်လျှော့ချတာမျိုးမလုပ်ဖို့ အာဖဂန်သမ္မတ အရှ်ရက်ဖ်ဂါနီက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။


တာလီဘန်တွေဟာ အာဖဂန်အတွင်းတိုက်ခိုက်မှုတွေလျှော့ချဖို့နဲ့ အလ်ကိုင်ဒါနဲ့ကာလရှည်ကြာဆက်ဆံရေးကို လျှော့ချဖို့ အမေရိကန်နဲ့ ၂၀၂၀ ဖေဖေါ်ဝါရီသဘောတူညီချက်မှာသတ်မှတ်ပြဌာန်းချက် အခြေအနေအတိုင်းနေဖို့ ပျက်ကွက်ခဲ့တယ်လို့ ဂါနီကပြောကြားခဲ့ပါတယ်။ “ဒီအခြေအနေအပေါ်မှာ အမေရိကန်နဲ့ နေတိုးအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ရပ်တည်သွားရမယ်”လို့ ဂါနီကသောကြာနေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းမိန့်ခွန်းပြောကြားမှုအတွင်းထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။


“သူတို့တွေသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ် ယခုဒီသဘောတူညီချက်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။” လို့သူက ထပ်ဖြည့်ပြောကြား ခဲ့ပါတယ်။ တာလီဘန်တွေနဲ့ အာဖဂန်အစိုးရညှိနှိုင်းရေးမှူးတွေဟာ ကာတာနိုင်ငံ ဒိုဟာမှာငြိမ်းချမ်းရေးဆွေးနွေးမှုတွေရှိပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်း အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုတွေမြင့်တက်လာနေခဲ့ပါတယ်။ တာလီဘန်တွေအနေနဲ့ အစိုးရတပ်ဖွဲ့တွေကိုတိုက်ခိုက်ပြီး လူသိများထင်ရှားတဲ့ပုဂ္ဂိုလ်တွေကို လုပ်ကြံ သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတာ ဝန်ခံရမယ် လို့ဂါနီကဆိုပါတယ်။


သူဟာအမေရိကန်အတွင်းရေးမှူးသစ် အန်တိုနီဘလင်ကန်နဲ့ ကြာသာပတေးနေ့က စကားပြောဆိုခဲ့ပြီး ဘိုင်ဒန်အစိုးရက ဒီအရေးကိုပြန်လည်သုံးသပ်သွားမှာဖြစ်သလို ကဘူးလ် ကို အကြံဉာဏ်ကောင်းတွေပေးဖို့ အဖွဲ့သစ်တစ်ဖွဲ့စေလွှတ်သွားမယ်လို့ ကတိပြုခဲ့ကြောင်း ဂါနီကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က အာဖဂန်မှာအမေရိကန် တပ်ဖွဲ့ဝင် ၁၃၀၀၀ နီးပါးရှိတာကနေ လက်ရှိမှာ တပ်ဖွဲ့ဝင် ၂၅၀၀ ခန့်သာထားရှိပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်တွေဆက်လက်ရှိနေဖို့ လိုအပ်ကြောင်း ဂါနီကပြောကြားခဲ့ပြီး ဘိုင်ဒန်အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ မျှော်လင့်ထားကြောင်း သူကဆိုပါတယ်။


Al Jazeera သတင်းဌာနပါ “Afghan President Ghani urges Biden to put pressure on Taliban” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။




******************************************
END / 251