အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ငါတို့ရဲ့ကျမ်းသစ္စာဟာ ဒီမိုကရေစီအရေး အပေါ် ကျိန်ဆိုတဲ့ သစ္စာပဲဖြစ်တယ် ။
ကျနော် ခုဒီစာကိုရေးသားနေချိန်မှာ ဖမ်းဆီးမခံထားရချိန် ရေးသားထားခြင်းဖြစ်ပါတယ် ။
ငါတို့နိုင်ငံဟာ အဆိုးသံသရာဝဲထဲပြန်ဦးတည်နေပါပီ စစ်အာဏာသိမ်း ခြင်းကို နိုင်ငံရေးယဉ်ကျေးမှု တစ်ခုအဖြစ် တိုင်းပြည်ကို ပုံသွင်းနေတဲ့ စစ်ခေါင်းဆောင်များ ရဲ့အောက်မှာ နေထိုင်နေရတဲ့ ပြည်သူတွေကို နိုင်ငံရေး မက်လုံးပေးမှုများ စားဝတ်နေရေး ပြေလည်ရုံလူမှုဘဝ လောက်နဲ့ သူတို့အာဏာတည်မြဲရေး ကိုအစီစဉ်တကျ လုပ်ကြပါလိမ့်မယ် ။ မြန်မာ့နိုင်ငံရေးသမိုင်းဟာ လက်နက်ဝါဒီလူရမ်းကား တစ်စုရဲ့ ရက်စက်ရမ်းကားရာ စားကျက်မြေ နယ်မြေ တစ်ခုအဖြစ် အကြိမ်ကြိမ်ရေးထိုးခံနေရပါတယ် ။
ပြည်သူ့ဆန္ဒ ရွေးကောက်ပွဲရလဒ်ကို စစ်ဖိနပ်နဲ့နင်းချေခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကို ဘယ်တော့မှ မမေ့ကြပါနဲ့ ။
ငါတို့ဟာ အဲ့ဒီနေ့ကစလို့ တော်လှန်သော ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး ပြန်လည်လွှင့်ထူလိုက်ပီဖြစ်တယ် ။
လမ်းမတွေပေါ် အမှန်တရားအတွက် တရားမျှတမှုအတွက် အကြမ်းမဖက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ လှုပ်ရှားရုန်းကန်မှုများ မြင်တွေ့လာရပီဆို ပူးပေါင်းပါဝင်ကြပါ ။
ငါတို့ဟာ ငြိမ်ခံနေမယ့် သူတွေမဟုတ်ကြောင်း ပြသကြပါ ။
ငါတို့မှာ တော်လှန်ရေးသစ္စာ ဒီမိုကရေစီအရေးအပေါ် သစ္စာရှိသူတွေ ခေတ်သမိုင်းတလျှောက် အရေးတော်ပုံ ကာလများမှာ ရှိခဲ့ခေါင်းဆောင်ခဲ့ကြဖူးတယ် မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေရှိတယ် အဲ့ဒီခေါင်းဆောင်တွေ ရဲ့ဦးဆောင်မှုနောက်က သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ပါဝင်ကြပါ ။
ဒီအချိန်ဟာ မတရားမှုကို ခေါင်းငုံ့မခံဘူးဆိုတာကို ပြသရမယ့်အချိန်ဖြစ်တယ် ။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူ့ဆန္ဒအစစ်အမှန်ဖြစ်ကြောင်း နဲ့ လွှတ်တော်ခေါ်ယူရေးအတွက် ဦးတည်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတိုင်း ကို စိတ်အား လူအား နဲ့ ပါဝင်ပေးကြပါ ပြည်သူတွေနဲ့ အတူရှိနေမယ်
တော်လှန်ရေးသစ္စာဖြင့်
စည်သူမောင်
#civil_disobedience
******************************************
END / 251