၉ ဖေဖော်ဝါရီ ၂၀၂၁ - ၁၉:၅၇
ဆန္ဒပြသူများ အပေါ် အင်အားသုံးဖြိုခွင်းမှု ကို အရမ်းကိုစိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလ အဖွဲ့ထုတ်ပြန်

ဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကဒီကနေ့ အင်အားသုံးဖြိုခွင်းခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းက အရမ်း ကိုစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကဒီကနေ့ အင်အားသုံးဖြိုခွင်းခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းက အရမ်း ကိုစိုးရိမ် ပူပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


နေပြည်တော်၊ မန္တလေး နဲ့ တစ်ခြားမြို့ကြီးတွေကသတင်းထုတ်ပြန်ချက်တွေအရ လက်ရှိနိုင်ငံတစ်ဝန်းဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ဆန္ဒပြသူအမြောက်အများဒဏ်ရာရရှိခဲ့သလို တစ်ချို့စိုးရိမ်ရတဲ့အခြေအနေရှိနေကြောင်းကြားသိရပါတယ်။


“လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လွတ်လပ်စွာစုဝေးခွင့် လွတ်လပ်စွာဖော်ထုတ်ပြောကြားခွင့်အပါအဝင် လူအခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်တွေကို လေးစား လိုက်နာ ဖို့တိုက်တွန်းလိုပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူး အိုလာအလ်မ်ဂရန်က ပြောကြားလိုက်ပါတယ်။ “ဆန္ဒပြသူတွေအပေါ် သင့်လျော်မှုမရှိတဲ့အင်အားအလွန်အကျွံအသုံးပြုမှုဟာ လက်ခံနိုင်စရာမရှိပါဘူး” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူလူထုရဲ့ဆန္ဒကိုလေးစားဖို့၊ ဒီမိုကရက်တစ်စံချိန်စံနှုန်းတွေကိုလေးစားလိုက်နာဖို့နဲ့  ငြိမ်းချမ်းတဲ့ဆွေးနွေးညှိနှိုင်းမှုတွေကနေ မတူကွဲပြားမှုမှန်သမျှကို  ဖြေရှင်းသွားဖို့ ကုလအထွေထွေအတွင်းရေးမှူးရဲ့တိုက်တွန်းချက်ကို သူကထပ်လောင်းပြောကြားခဲ့ပါတယ်။


Myanmar.un.org ဖော်ပြပါ “The United Nations in Myanmar expresses strong concern at reports of use of force by security forces in response to demonstrations” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251