အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ရာဇသတ်ကြီးပုဒ်မ (၁၀၀)အရ တစ်စုံတစ်ဦးသည် မိမိကို အပြင်းအထန် ဒဏ်ရာရစေတယ် (သို့မဟုတ်) အသက်အန္တရယ်ဖြစ်စေနိုင်သည်အထိ ကိုယ်ထိလက်ရောက် ကျူးးလွန်လာမည်ဆိုပါက ထိုသူအပေါ် မိမိအားအသက်အန္တရယ် မပြုနိုင်သည်အထိ ကာကွယ်ခုခံပိုင်ခွင့်ရှိသည် ။
ရာဇသတ်ကြီးပုဒ်မ (၁၀၃) - ပစ္စည်းလုယက်ခံရမှု ညဥ့်အချိန် နေအိမ်များ ဖောက်ထွင်းခံရခြင်း နေအိမ် တိုက်တာ ပစ္စည်းများ မီးရှို့ ပျက်စီးစေမှု နဲ့ အသက် အန္တရာယ်ရှိ လောက်အောင် အိမ်ထဲကျူးကျော် စီးနင်းခံရမှုများ တွေ့ကြုံရသည့်အခါမှာ ပုဒ်မ ၁၀၃ ရဲ့ ကန့်သတ်ချက်တွေအရ ကျူးးလွန်သူအား ကာကွယ်ခုခံပိုင်ခွင့်အရ ကျူးလွန်သူကို အသက်ဘေး ကြုံရသည်အထိ ကိုယ့်မှာ ပြည်လည်ခုခံပိုင်ခွင့် ရှိပါတယ် ။
ရာဇသတ်ကြီး ပုဒ်မ (၉၈) - အထက်က ဖော်ပြခဲ့တဲ့ ကျူးလွန်သူတွေဟာ အသက်ငယ်တာ အမြော်အမြင် ဆင်ခြင်တုံအားနည်းသေးတာ စိတ်ရောဂါ ဖြစ်နေတာ မူးယစ်နေသူမျိုး ဖြစ်တယ်ဆိုရင်လည်း ကျူးလွန်သူဟာ ပြစ်ဒဏ်မခံရပေမဲ့လို့ ကျူးလွန်ခံရတဲ့ သူတွေအနေနဲ့ ကာကွယ်ခုခံပိုင်ခွင့် ရှိပါတယ် ။
ကာကွယ်ခုခံပိုင်ခွင့် အခွင့်အရေးကို ကန့်သတ်ထားတဲ့ ပြဌာန်းချက်တစ်ခုကတော့ ပြည်သူ့ဝန်ထမ်းက တာဝန်အရ ပြုလုပ်မှုကို ခုခံကာကွယ်ပိုင်ခွင့် မရှိဟု ဖော်ပြထားပါတယ် ဒါပေမဲ့ ခုအာဏာသိမ်း စစ်ကောင်စီ ရဲ့ ရဲတပ်ဖွဲ့ဟာ ပြည်သူ့ရဲ ပြည်သူ့ဝန်ထမ်း များမဟုတ်ပါဘူး တရားမဝင် ဥပဒေပြင်ပက အဖွဲ့အစည်း များဖြစ်နေတာကြောင့် ဥပဒေနဲ့အညီ ကာကွယ် ခုခံပိုင်ခွင့်ရှိပါတယ် အရပ်ဝတ်နဲ့ အကြမ်းဖက် ဖမ်းဆီးသူများ အပေါ်လဲ ကာကွယ် ခုခံပိုင်ခွင့် အပြည့်အဝ ရှိပါကြောင်း ဥပဒေဆိုင်ရာ လက်လှမ်းမှီသရွေ့ စုဆောင်း ဖော်ပြလိုက်ပါတယ် ။
၂၇.၂.၂၀၂၁
စည်သူမောင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
NLD Pabedan Township Ygn
******************************************
END / 251