၁ မတ် ၂၀၂၁ - ၂၀:၃၀
 မြန်မာစစ် အာဏာသိမ်းမှု နဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ အတွက် ထပ်တိုး အရေးယူ မှုတွေ လုပ်ဆောင်သွား မယ်လို့ အမေရိကန် သတိပေး

မြန်မာစစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအတွက် ထပ်တိုးအရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်သတိပေး

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း မှုနဲ့ အကြမ်း ဖက်မှုတွေကျူးလွန်နေတဲ့တာဝန်ရှိသူတွေကို လာမဲ့ရက်ပိုင်းအတွင်းထပ်တိုးအရေးယူမှုလုပ်ဆောင်သွားဖို့ အမေရိကန် အစိုးရ ကပြင်ဆင်နေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလိုင်ဗန်က တနင်္ဂနွေနေ့ကပြောကြားခဲ့ပါတယ်။


အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူသွားဖို့  ကမ္ဘာ တစ်ဝန်းနိုင်ငံတွေရော အင်ဒို-ပစိဖိတ်ဒေသတွင်းမိတ်ဖက်နိုင်ငံတွေ နဲ့မဟာ မိတ်နိုင်ငံတွေနဲ့ ပါ ကျွန်တော်တို့ အနီးကပ်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ လို့ဆူလိုင်ဗန်က ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ “မြန်မာစစ် အာဏာသိမ်း မှုနဲ့ နောက်ပိုင်းဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေအတွက် တာဝန်ရှိသူတွေကိုထပ်တိုးအရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ပြင်ဆင်နေပါတယ် လာမဲ့ ရက်ပိုင်းအတွင်းကြေငြာသွားမှာပါ” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။


စစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ခေါင်းဆောင်တွေအပေါ် ဝါရှင်တန်ကအရေးယူပိတ်ဆို့မှုအများအပြား လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရွံရှာစရာကောင်းတဲ့အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အမေရိကန်နိုင်ငံတော်အတွင်းရေးမှူး အန်တိုနီဘလင်ကန်ကလည်း တနင်္ဂနွေနေ့က ရှုတ်ချခဲ့ပါတယ်။ “ရဲရင့်တဲ့မြန်မာပြည်သူလူထုနဲ့အတူ ကျွန်တော်တို့ပြင်းပြင်းထန်ထန်ရပ်တည်ပါတယ် မြန်မာပြည်သူလူထုရဲ့ ဆန္ဒကိုအားပေးထောက် ခံစကားပြောကြားဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်” လို့ ဘလင်ကန်ကတွစ်တာမှာ ရေးသားခဲ့ပါတယ်။


အကြမ်းဖက် မှုတွေကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို အမေရိကန်က အရေးယူ မှုတွေဆက်လက် လုပ်ဆောင်သွားမယ် လို့သူကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြမှုတွေ အတွင်း မြန်မာရဲတပ်ဖွဲ့တွေလက်ချက်နဲ့ ၁၈ဦးထက်မနည်းသေဆုံးခဲ့ရပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဒီဖိနှိပ်မှုတွေကိုတားဆီးဖို့ ကုလ ကတိုက်တွန်းပြောကြားခဲ့ပါတယ်။


Channel News Asia သတင်းဌာနပါ “US warns of additional actions over Myanmar coup, violent crackdown” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251