၅ မတ် ၂၀၂၁ - ၂၀:၀၈
တာမွေအဝိုင်းထိပ် ညနေခင်းပစ်ခတ်မှုတွင် ခေါင်းအစ ခြေအဆုံး ဒဏ်ရာရသူရှိ

တာမွေအဝိုင်းထိပ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းဏ်ရာရရှိသူတစ်ဦးကို လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တာမွေအဝိုင်းထိပ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းဏ်ရာရရှိသူတစ်ဦးကို လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့သည်။


"၁၆၃ လမ်းထဲကိုဝင်တယ် ပြီးတော့ ၁၅၇ လမ်းထဲကိုပြန်ဖြတ်ပြီးတော့ လမ်းပေါ်ကလူတွေအကုန်လုံးကိုပစ်ထည့်တာ၊ တောက်လျှောက်ပစ်တာ ကျွန်တော်တွေ့တာက အင်္ကျီအဝါနဲ့ကောင်လေးကတော့ ခေါင်းမှာထိထားတယ်၊သူတို့ (လက်နက်ကိုင်အဖွဲ့)က အဲဒီ့ကောင်လေးကိုဖမ်းသွားတယ်"ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ လုပ်အားပေးတစ်ဦးက ဖိုတိုဒါန သို့ပြောသည်။


သျှင်ပါကူဆေးခန်းတွင်ကုသမှုခံယူနေရသူမှာ ၁၆၂ လမ်းတွင်နေထိုင်သူဖြစ်ပြီး ၁၆၁ လမ်းနှင့် ၁၆၂ လမ်းကြား မိလ္လာကန်များအနီးတွင် ဦးခေါင်းဒဏ်ရာ ၊ ရာဘာကျည်ဒဏ်ရာများနှင့်လဲကျနေသဖြင့် ကယ်ဆယ်လာခဲ့ရခြင်းဖြစ်ကြောင်းလည်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။



********************************************
END / 251