၁၁ မတ် ၂၀၂၁ - ၂၀:၂၆
 မလှိုင် ဆန္ဒပြပြည်သူ များ ကို စစ်တပ်နှင့်ရဲ က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း၊ ၁ ဦး ဒဏ် ရာရ

မန္တလေးတိုင်း မလှိုင်မြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ကျည်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသား ၁ ဦး လည်ပင်းမှာ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မန္တလေးတိုင်း မလှိုင်မြို့မှာ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ကျည်အစစ်နဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသား ၁ ဦး လည်ပင်းမှာ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မလှိုင်လမ်းဆုံမီးပွိုင့်နားမှာ အရပ်သား ၂ ဦးကို ဖမ်းဆီးသွားတယ်၊ ဖမ်းသွားသူကို ပြန်လွှတ်ပေးဖို့ ကျောင်းသားတွေက တောင်းဆိုတယ်၊ ကျောင်းသား ၂ ဦးကိုထပ်ဖမ်းတယ်။ အဲဒီလူတွေ ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ဒူးထောက် လက်မြှောက်ပြီး တောင်းဆိုရာက မျက်ရည်ယိုဗုံးတွေ ကျည်အစစ်တွေ၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းတယ်။ အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦး လည်ပင်းမှန်သွားတယ် အခြေအနေတော့ မသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

မိတ္ထီလာခရိုင် သာစည်မြို့မှာလည်း မတ်လ ၉ ရက်ညက ပစ်ခတ်မှူရှိခဲ့ပြီး သေနတ်ကျည် ထိမှန်သူ ၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

******************************************
END / 251