အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ပဲခူးမြို့ မှာ ဒီနေ့ မတ်လ ၁၅ ရက်နေ့ ညနေပိုင်း က စစ်တပ်နဲ့ ရဲတွေ ပစ်ခတ် မှုကြောင့် ၂ ဦး ထပ်မံ ကျဆုံး ခဲ့ပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက်နေ့ ၂ နာရီကျော်လောက်က ဆိုရှယ်လစ် မှော်ကန် စတဲ့ ရပ်ကွက်တွေထဲအထိ ရပ်ကွက်လမ်းသူလမ်းသားတွေ ပြုလုပ်ထားတဲ့အတားအဆီးတွေကို ဘူဒိုဇာနဲ့ဖယ်ရှားပြီး ရပ်ကွက်ထဲမှာ မြင်သမျှလိုက်ပစ်နေတဲ့အတွက် ၂ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
အဲဒီနောက် ညနေပိုင်းမှာ ပဲခူးဈေးတံတားဘက်ကနေ မွန်စံပြရပ်ကွက်ဘက်ကို ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ အမျိုးသား ၁ ဦး နဲ့ မဇင်းဘက်က ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့က ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ရတဲ့ ရွှေအရဲ့ ညီကိုဝမ်းကွဲတော်သူ ၁ ဦးလည်း ဒီနေ့ညနေမှပဲ ဦးခေါင်းကျည်ထိမှန် ကျဆုံးသွားခဲ့ပါတယ်။
“အဲဒီ မဇင်းက ဦးခေါင်းကြည်ထိမှန်သူမဆုံးခင်က သူ့ကို ပရဟိတကားနဲ့ ဆေးခန်းကို လိုက်ပို့ဖို့ထွက်စဉ် ပရဟိတကားကိုလည်းနောက်ကနေ သေနတ်နဲ့ လိုက်ပစ်တာ တွေ့ရှိတယ်”လို့ မျက်မြင်တွေက ဆိုပါတယ်။
ဒီနေ့ မတ်လ ၁၅ ရက်နေ့က ပဲခူးမှာ လက်တလော ၂ ဦးကျဆုံးပြီး ဒဏ်ရရသူတွေလည်း ၃ ဦးခန့်ရှိတယ်လို့ သိရပါတယ်။
******************************************
END / 251
၁၅ မတ် ၂၀၂၁ - ၂၀:၁၉
News ID: 1123777
ပဲခူးမြို့ မှာ ဒီနေ့ မတ်လ ၁၅ ရက်နေ့ ညနေပိုင်း က စစ်တပ်နဲ့ ရဲတွေ ပစ်ခတ် မှုကြောင့် ၂ ဦး ထပ်မံ ကျဆုံး ခဲ့ပါတယ်။