အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူးပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးဆန္ဒပြပွဲကို မေလ ၁ ရက်(မေဒေး)နေ့မှာပြုလုပ်ရာမှာ CDM ဝန်ထမ်းတွေ၊ မြန်မာ-ယန်စီနဲ့ မြန်မာဝမ်ပေါင်အလုပ်သမားတွေအပါအဝင် ကျောင်းသား ပြည်သူအင်အား ၁,၀၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။







ဆန္ဒပြတဲ့ ပညာရေးနဲ့ ကျန်းမာရေးဌာန ပြည်သူ့ဝန်ထမ်းတွေက စစ်အာဏာရှင်ကျဆုံးတဲ့အထိ CDM ဆက်လုပ်ဆောင်မှာဖြစ်သလို အလုပ်သမားတွေကလည်း အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။
ကျောင်းသား ကျောင်းသူတွေကလည်း စစ်ကျွန် ပညာရေးကို လက်ခံမှာမဟုတ်ဘဲ ကျောင်းမတက်ဘဲ ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
*****************************************************************
END / 251