၇ မေ ၂၀၂၁ - ၁၉:၂၆
ကွတ်ခိုင်မြို့နယ် တွင် တိုက်ပွဲ ပြင်းထန်၊ ရွာသား များ စစ်ဘေး  တိမ်းရှောင် ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် မန်ယန်ရွာက အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၂ ဦး မေလ ၇ ရက် ညနေ ၃ နာရီခန့်က နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့  တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် မန်ယန်ရွာက အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၂ ဦး မေလ ၇ ရက် ညနေ ၃ နာရီခန့်က နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။

တိမ်းရှောင်ခဲ့ရသူတွေထဲ နို့တိုက်မိခင်  ၃ ယောက်ပါဝင်ပြီး ပန်ကူ မူလတန်းကျောင်းမှာ ခိုလှုံနေထိုင်နိုင်ဖို့ ကူညီပေးခဲ့တယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

မေလ ၇ ရက် မနက် ၁၀ နာရီလောက်က  တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီအထိ သေနတ်သံတွေ ကြားရတယ်လို့ ရွာသားတွေက ဆိုပါတယ်။

ကွတ်ခိုင်မြို့မှာ လတ်တလော စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူအများအပြား ရှိနေပါတယ်။

*****************************************************************
END / 251