၇ မေ ၂၀၂၁ - ၁၉:၃၀
ကမ္ဘာပေါ်သို့ တစ်ရှိန်ထိုး ပြန်ကျ လာမည့် ထိန်းချုပ် မှု ကင်းမဲ့နေ သည့် တရုတ် ဒုံးပျံကို ပစ်ချ မည် မဟုတ်ဟု အမေရိကန် စစ်တပ် ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် မန်ယန်ရွာက အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၂ ဦး မေလ ၇ ရက် ညနေ ၃ နာရီခန့်က နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်ခဲ့ရပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ





ကမ္ဘာပေါ်သို့ ပြန်ကျလာမည့် ထိန်းချုပ်မှုကင်းမဲ့နေသည့် တရုတ်ဒုံးပျံကို အမေရိကန်စစ်တပ်က ပစ်ချရန် အစီအစဉ်မရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က မေလ ၆ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ လုပ်နိုင်စွမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောခဲ့သလို အဲဒီဒုံးပျံကို ပစ်ချဖို့ အစီအစဉ် မရှိပါဘူး” ဟု အော်စတင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းဒုံးပျံသည် ကမ္ဘာ့လေထုထဲသို့ ထိန်းချုပ်မှုကင်းမဲ့သည့်ပုံစံဖြင့် ပြန်လည်ဝင်ရောက်လာတော့မည်ဖြစ်၍ ယင်းသို့ ဝင်ရောက်လာခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းမြို့ကြီးအများအပြား ပေါ်သို့အစအနများ ပြုတ်ကျရန်ခြိမ်းခြောက်နေသည်ဟု အနောက်နိုင်ငံက အာကာသပညာရှင်များက ခန့် မှန်းပြောကြားခဲ့ကြသည်။

အမေရိကန်အာကာသကွပ်ကဲရေး ပြည်သူ့ရေးရာဌာနသည် အာကာသထဲမှ တရုတ်ဒုံးပျံ Long March 5 B ကို သတိထားစောင့်ကြည့်နေပြီး ၎င်း၏တည်နေရာကိုခြေရာခံနေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မိုက်ဟောင်းဝပ်က မေ ၄ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သော်လည်းအပိုင်းအစကြီး ပြန်လည်ဝင်ရောက်လာမည့်နာရီပိုင်းအထိ ကမ္ဘာ့လေထုထဲသို့ ၎င်းဝင်လာမည့်နေရာ အတိအကျကို မသိနိုင်ဟု ဆိုသည်။

ပေါင် ၄၆,၀၀၀ အလေးချိန်ရှိ ယင်းဒုံးပျံသည် တရုတ်အာကာသစခန်းသစ်အတွက် ပထမဆုံးမော်ဂျူးကို ကမ္ဘာပတ်လမ်းထဲသို့ ပစ်လွှတ်ခဲ့သည်။ ကိုယ်ထည်သည်ဒုံးပျံ၏ ကျန်သောအပိုင်းမှခွဲထုတ်ခဲ့ပြီးနောက် ၎င်းသည်ကြိုတင် စီစဉ်ထားသည့်လမ်းကြောင်းအတိုင်းသမုဒ္ဒရာထဲသို့ ကျလာသင့်သည်။

၎င်းသည် တစ်နာရီ ၁၇,၃၂၄မိုင်နှုန်းဖြင့် မိနစ်၉ဝတိုင်း ပြောရခက်သောအနေအထားဖြင့် ကမ္ဘာကိုပတ်နေသောကြောင့် ယခုအခါ သိပ္ပံပညာရှင်များသည် ၎င်းမည်သည့်နေရာတွင် ကျဆင်းမည်ဆိုခြင်းကိုမပြောနိုင် ဖြစ်နေကြသည်။

လျင်မြန်သောအရှိန်ကြောင့် ကျဆင်းမည့်နေရာကို မှန်းမရနိုင်ဖြစ်နေသော်လည်း ၎င်းသည်လာမည့် ရက်ပိုင်းအတွင်း မြေပြင်ကိုကျဆင်းလာမည်ဟုမျှော်လင့်ရသည်။

တရုတ်ကမူ ယင်းဒုံးပျံပြန်လည်ကျဆင်းလာမှုကြောင့် ကမ္ဘာတွင်ထိခိုက်မှု အလွန်နည်းပါးလိမ့်မည်ဟု မေလ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ၎င်း၏မော်ဂျူးသုံးခုပါ အာကာသစခန်းကို တည်ဆောက်ရန်၂၀၂၂ ခုနှစ် အထိအာကာသယာဉ်အမျိုးမျိုးနှင့် ဒုံးလွှတ်စင်များပစ်လွှတ်မှုကို နောက်ထပ်၁ဝကြိမ် လုပ်ဆောင်ရန်စီစဉ်နေသည်။

နိုင်ငံတကာအာကာသစခန်း၏ပုံစံနှင့် အလွန်ဆင်တူသောတီယန်ဟေး စတေရှင်ပင်မမော်ဂျူးဟုခေါ်ပြီး တရုတ်၏ကမ္ဘာ့အနိမ့်ပိုင်းပတ်လမ်းထဲက အာကာသစခန်း၏ ပထမမော်ဂျူးကိုသယ်ဆောင်သွားသော Long March 5 B ဒုံးပျံအောင်မြင်စွာပစ်လွှတ်ခဲ့သည်ကို ၂၀၂၁ခုနှစ်ဧပြီ ၂၉ ရက်တွင် တရုတ်လူလိုက်ပါသော အာကာသအေဂျင်စီကထုတ်ပြန်ခဲ့သော ဗီဒီယိုတွင်မြင်ရသည်။

ကောလာဟလအများအပြား ထွက်ပေါ်နေသည့်တိုင် အဆိုပါဒုံးကျည်ကိုယ်ထည် ကျဆင်းလာမည့်နေရာကိုမည်သူမှ မသိပေ။

အမေရိကန်၊မက္ကဆီကို၊ဗဟိုအမေရိက၊တောင်အာဖရိက၊အာဖရိက၊အိန္ဒိယ၊တရုတ် သို့မဟုတ် သြစတြေးလျကို ကျဆင်းဖွယ်ရှိနေသည်။


*****************************************************************
END / 251