အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကြာသပတေးနေ့ ည တွင် ဂါဇာ ဒေသတါင် မှီတင်းနေထိုင်သူ ခါလစ်ဒ် မှ အီရန် ရှိ Ummah Wahida Union အဖွဲ့ ၏ အဖွဲ့ဝင်များ ဆီ သို့ ဓာတ်ပုံများ ပေးပို့ ခဲ့ပြီး ပြောကြားထားသည်မှာ - ကဘူးလ် မြို့ ရှိ ဒဲရှ်ပရ်ကြီ တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲ မှု နှင့် ဆရက်ဒ် ဒိုရှ်ရှိုဟဒါအ်ကျောင်း၏ ကျောင်းသူများ ၏ ရှဟီးဒ် ဖြစ်မှု (အာဇာနည် ဖြစ်မှု ) သည် ဤ ဂါဇာ ဒေသတွင် အလွန်တရ ခံစား ရ စေခဲ့ပါတယ်။ ပြီးနောက် ဝမ်းနည်း ကြေ ကွဲ ခဲ့ရပါတယ်။ ကျွန်ုပ်တို့ ၏ အာဖဂန် ညီအစ်ကိုများ ကို ကိုယ်ချင်း စာနာ ကြောင်း ပြသ ချင်ပါတယ် … ဟု၍ ဖြစ်ပါတယ်။
၎င်း မှ ဆက်လက်ပြီး ပြောကြားသည်မှာ - ဂါဇာတွင် မှီတင်းနေထိုင်သည့် အချို့ ကျောင်းသူ၊ ကျောင်းသားများ အနေဖြင့် အာဇာနည်အိမ် များ သို့ မိမိတို့ ၏ ဗီဒီယိုကလစ်များ ပိုပြီး ဝမ်းနည်းကြေကွဲ ကြောင်း ပြောကြရန် စီစဉ် ခဲ့ပါတယ်။ သို့သော် အစ္စရေး (ဇီယွန်) ရန်သူများ အနေဖြင့် ထိုအချိန်အခါ တွင် ဗုံး ကျဲ တိုက်ခိုက်ခဲ့သည့် အတွက် အခွင့်အရေး မရခဲ့ပေ။ ဤဒေသတွင် တနင်းလာနေ့ စပြီး လူမဆန် စွာ တိရစ္ဆာန် ဆန်ဆန် ဗုံးကျဲမှု ကို စခဲ့ပါတယ်။ ယနေ့ည အထိ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဗီဒီယို ပို့ဖို့ လုံးဝ အခွင့်အရေး မရှိခဲ့ချေ။ ဤအတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ဤအချိန် ဓာတ်ပုံများ သာ ပို့ပြီး ကိုယ်ချင်းစာနာ ကြောင်း ပြသချင်ပါတယ်။
ခါလစ်ဒ် အနေဖြင့် အီရန် ရှိ Ummah Wahida Union အဖွဲ့ ၏ အဖွဲ့ဝင် မိတ်ဆွေ သူငယ်ချင်းများ အားလုံး နှင့် အီရန် ပြည်သူလူထု အားလုံးထံ မေတ္တာရပ်ခံ ခဲ့သည်မှာ - ၎င်းတို့ ၏ ကိုယ်ချင်းစာနာသည့် အနေဖြင့် ပို့ခဲ့သည် ဓာတ်ပုံများ ကို ကဘူးလ် မြို့ ရှိ ဆရက်ဒ် ဒိုရှ်ရှိုဟဒါအ်ကျောင်း၏ ရှဟီးဒ် ( အာဇာနည်) ဖြစ်သွားသည့် ကျောင်းသူများ ၏ အိမ်များ သို့ ပို့ပေးရန် ဖြစ်ပါတယ်။







*****************************************************************
END / 251