၁၉ မေ ၂၀၂၁ - ၀၇:၄၈
ရဲဟ်ဗရ် အင်န်ကေလာဗ် အမည်ဖြင့် အစ္စမာအီးလ် ဟနီယေ ၏ ဒုတိယ စာ  / ပါလက်စတိုင်း၏ နောက်ဆုံး အခြေအနေ အကြောင်း

ပါလက်စတိုင်း လူမျိုးများ ၏ အဖွဲအစည်း ဖြစ်သည့် ဟမာစ် ၏ နိုင်ငံရေး ကဏ္ဍ ၏ ခေါင်းဆောင် နှင့် ပါလက်စတိုင်း နိုင်ငံ ၏ ဝန်ကြီး ချုပ်ဟောင်း အစ္စမာအီးလ် ဟနီယေ မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ အမည်ဖြင့် ပါလက်စတိုင်း ၏ နောက်ဆုံး အခြေအနေ နှင့်ပတ်သက်ပြီး ဒုတိယစာ ကို ပေးပို့ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မဟဲရ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ပါလက်စတိုင်း လူမျိုးများ ၏ အဖွဲအစည်း ဖြစ်သည့် ဟမာစ် ၏ နိုင်ငံရေး ကဏ္ဍ ၏ ခေါင်းဆောင် နှင့် ပါလက်စတိုင်း နိုင်ငံ ၏ ဝန်ကြီး ချုပ်ဟောင်း အစ္စမာအီးလ် ဟနီယေ မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ အမည်ဖြင့်  ပါလက်စတိုင်း ၏ နောက်ဆုံး အခြေအနေ နှင့်ပတ်သက်ပြီး ဒုတိယစာ ကို ပေးပို့ ခဲ့ပါတယ်။

အစ္စမာအီးလ် ဟနီယေ မှ မိမိစာ တွင် မိမိ၏ ဒေသရှိ ဂါဇာ  အပေါ် အစ္စရေး (ဇီယွန်) ၏ တိုက်လေယာဉ်များ ၏ လူမဆန်စွာ တိရစ္ဆာန် ဆန်စွာ ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် အသက်များ နှင့် ပစ္စည်း ဥစ္စာများ ၏ဆုံးရှုံးရမှု ၊ ရှိက်္ခ ဂျရာဟ် ရပ်ကွက် ၊ အလ်အက်ဆွာ ဗလီ ဝတ်ကျောင်းတော် နှင့် အကျူးကျော်ခံ ထားရသည့် ပါလက်စတိုင်း နယ်မြေများ ၏ နောက်ဆုံး အခြေအနေ ကို တင်ပြထားပါတယ်။

ဟမာစ် ၏ နိုင်ငံရေး ကဏ္ဍ ၏ ခေါင်းဆောင် အစ္စမာအီးလ် ဟနီယေ မှ ပါလက်စတိုင်း ပြည်သူ လူထု  နှင့် အစ္စလာမ် ဘာသာ၏ အထွတ် အထိပ် အထွတ်အမြတ် များကို အစ္စရေး (ဇီယွန်) ၏ ပြင်းထန်သည့် တိုက်ခိုက်မှုများ နှင့်ပတ်သက်ပြီး ပြောကြားသည်မှာ - အစ္စလာမ်မီ ခုခံ ရပ်တည်ရေးအဖွဲ့များ မှ လွန်ခဲ့သည့် အပတ် တွင် အစ္စရေး (ဇီယွန်) အား ထိထိမိမိ လက်တုံ့ပြန် တိုက်ခိုက် ခဲ့ကြောင်း ပြီးနောက် အစ္စရေး (ဇီယွန်) နာလန် မထူနိုင်အောင် အဖြေ ပေးမည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

အစ္စမာအီးလ် ဟနီယေမှ ထပ်မံ ပြောကြားသည်မှာ - အစ္စရေး (ဇီယွန် )အနေဖြင့် ပါလက်စတိုင်းပြည်သူများ ကို တားမြစ်ထားသည့် လက်နက်များ နှင့် တိုက်ခိုက်နေပြီး စစ်ရာဇဝတ် မှုများ ကို ကျူးလွန် နေကြာင်း ရေးသားထားပါတယ်။


ဟမာစ် ၏ ခေါင်းဆောင် အနေဖြင့် ကမ္ဘာ့ ခေါင်းဆောင်များ နှင့်တွေ့ဆုံ ဆွေးနွေး မှု ကို ရည်ညွှန်း ပြီး ပြောကြားသည်မှာ - အစ္စလာမ် နိုင်ငံများ နှင့် အာရပ်နိုင်ငံများ သည် အစ္စရေး (ဇီယွန်) လက်တွေ့ကျကျ ဆန်ကျင့် သည့် ခြေလှမ်းများ လှမ်းသင့်ကြောင်း၊သူတစ်ပါးမြေကို မတရား ကျူးကျော် ထားသည့် တရားမဝင် အစိုးရ အစ္စရေး (ဇီယွန်)  နှင့် သံသတမန် ဆက်သွယ်ရေး ကို အဆုံးသတ် သင့်ကြောင်း ရေးသားထားပါတယ်။

အစ္စမာအီးလ် ဟနီယေ အနေဖြင့် ဤစာ အရင် လည်း  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အမည် နှငသ့် စာ တစ်စောင် ပို့ခဲ့ပါတယ်။ ထိုစာ တွင် အလ်အက်ဆွာ ဗလီ ဝတ်ကျောင်း အာ မရို မသေပြုမှု နှင့် ပါလက်စတိုင်း ပြည်သူများ အားဆန်ကျင့် သည် အစ္စရေး (ဇီယွန်)  ၏ ပြစ်မှု မြောက် ခြေလှမ်း များကို ဟမားစ် အဖွဲ့  မှ  နာလန် မထူ အောင်  အဖြေပေးဖို့ အဓိဌာန်  ထားကြောင်း အစ္စရေး (ဇီယွန်) များ ၏ လူမဆန်သည့် တိရစ္ဆာန် ဆန်သည့် တိုက်ခိုက်မှုများကို ရပ်တန့် သွားသည် အထိ ခုခံ ကာကွယ် ပြီးပြန်လည် တိုက်ခိုက် မည်ဖြစ်ကြောင်း ရေးသားထားပါတယ်။   

ဤစာမတိုင်မီ အလျှင်ကလည်း ပါလက်စတိုင်း ခုခံ ရပ်တည်ရေး တပ်ငါးဖွဲ့ မှ သီးသန့် သီးခြား ကိုယ်စီ ကိုယ်စီ စာများ  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ထံ သို့ ပေးပို့ ခဲ့ကြပြီး ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါတယ်။                                           


*****************************************************************
END / 251