အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ယီမင် စစ်တပ် ၏ ပြောရေးဆိုခွင့်ရှိသူ ယဟ်ယာ စရီးအ် မှ ပြောကြားသည်မှာ - ယီမင် နိုင်ငံ အပေါ် ဆော်ဒီ အာရေဗျ ၏အနိုင်ကျင့်မှု ၊ လူမဆန် သည့် ရက်စက်ယုတ်မာ မှု ၊ ကျူးကျော် မှုတို့ကို တုန့်ပြန်သည့် အနေဖြင့် ယီမင် စစ်တပ်မှ ဆော်ဒီအာရေဗျ ၏ မလစ်က် ခါလစ်ဒ် အမည်ရှိ လေဆိပ်အား တဖန် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက် ခဲ့ ကြောင်း ဖြစ်ပါတယ်။
သတင်း အထောက်အထားများ အရ ယီမင် စစ်တပ် ၏ ကာစေဖ် ၂ အမည် ရှိ မောင်းသူမဲ့ လေယာဉ် အနေဖြင့် ခမီးစ် မရှီးသွ် တွင် တည်ရှိနေသည့် မလစ်က် ခါလစ်ဒ် အမည်ရှိ လေဆိပ်အား အဓိက ပစ်မှတ် ထားပြီး ပစ်ခတ် ဖျက်စီး ခဲ့ကြောင်း သိရှိ ရပါတယ်။
ယီမင် စစ်တပ် ၏ ပြောရေးဆိုခွင့်ရှိသူ ယဟ်ယာ စရီးအ် မှ ပြောကြားသည်မှာ - ယီမင် နိုင်ငံ အပေါ် ဆော်ဒီအာရေဗျ ၏ ရာဇဝတ်မှု နှင့် လူမဆန်သည့် ရက်စက်ယုတ်မာ သည် တိုက်ခိုက်ထားမှုများ ကို ပီပြင်စွာ အဖြေပေးတုန့်ပြန် သွားမည် ဖြစ်ကြောင်း ဆော်ဒီ ကျူးကျော် တပ်များ သည် စစ်မျက်နှာပြင် အမျိုးမျိုးတွင် အရှုံး နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားပါတယ်။
*****************************************************************
END / 251