၁၀ ဇွန် ၂၀၂၁ - ၁၈:၅၃
ကြံ့ခိုင်ရေး ပါတီ ဆိပ်ကမ်း အမတ်ဟောင်း ဦးနေမျိုးအောင် ပစ်သတ်ခံရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်ဟာ ဇွန်လ ၁၀ ရက် ညနေ ၃ နာရီလောက်က ဗိုလ်တထောင်ဘုရားဈေးမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်ဟာ ဇွန်လ ၁၀ ရက် ညနေ ၃ နာရီလောက်က  ဗိုလ်တထောင်ဘုရားဈေးမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ဦးနေမျိုးအောင်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ နှစ်ချက်ပစ်ခံရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

“ခေါင်းကို သေနတ်နှစ်ချက် ပစ်ခံရတာ။ သေသွားတယ်။ ဆေးရုံကားနဲ့ လာခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဦးနေမျိုးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈  ကြားဖြတ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆိပ်ကမ်း မဲဆန္ဒနယ် အမှတ် (၂) နေရာကနေ အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲ အငြင်းပွားမှု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က စစ်ဆေးခဲ့ပြီး နောက် အန်အယ်လ်ဒီကိုယ်စားလှယ်က ပြန်အနိုင်ရသွားခဲ့ပါတယ်။

*****************************************************************
END / 251