၁၃ ဇွန် ၂၀၂၁ - ၁၉:၂၄
ယခုနှစ် ဟဂ်ျ ဘုရားဖူး ကာလ တွင် လူ ၆ သောင်း ကို ဆော်ဒီက ဟဂ်ျပြုခွင့် ပေးမည်

အခုနှစ် ဟဂ်ျဘုရားဖူးကာလမှာ နိုင်ငံအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၆ သောင်းကိုသာ ဟဂ်ျပြုခွင့်ပေးသွားမယ်လို့ ဆော်ဒီအာရေဗျအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



အခုနှစ် ဟဂ်ျဘုရားဖူးကာလမှာ နိုင်ငံအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးထားသူ ၆ သောင်းကိုသာ ဟဂ်ျပြုခွင့်ပေးသွားမယ်လို့ ဆော်ဒီအာရေဗျအာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ၆ သောင်းမှာ ဆော်ဒီနိုင်ငံသားတွေ၊ ဆော်ဒီမှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေ ပါဝင်မှာပါ။ ဒါပေမယ့် နိုင်ငံခြားတိုင်းပြည်တွေက လာရောက်ပြီး ဟဂ်ျပြုခွင့်ကိုတော့ ၂ နှစ်ဆက်အဖြစ် ဆက်လက် ပိတ်ပင်ထားပါတယ်။

ပုံမှန်အချိန် ဟဂ်ျဘုရားဖူးကာလမှာ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက် ဟဂ်ျပြုကြပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် မနှစ်က ဟဂ်ျကာလမှာ နိုင်ငံအတွင်းက လူ တစ်သောင်းကိုသာ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆော်ဒီအာဏာပိုင်တွေက ဟဂ်ျပြုခွင့်ပေးခဲ့ပါတယ်။

အခုနှစ် ဟဂ်ျကာလဟာ လာမယ့်ဇူလိုင်လမှာ ကျရောက်မှာ ဖြစ်ပါတယ်။

ဟဂ်ျပြုခွင့်ကို ဇွန်လ ၁၃ ရက်နေ့ကစတင်ပြီး အွန်လိုင်းကနေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဟဂ်ျပြုမယ့်သူဟာ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အတွင်းရှိကာ နာတာရှည်ရောဂါ မရှိဘဲ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသူ၊ ဒါမှမဟုတ် ၁ ကြိမ်ထိုးထားပြီး ၁၄​ ရက်ရှိနေသူ၊ ကိုဗစ်ကူးစက်ပြီး ပြန်ကောင်းထားသူ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဆော်ဒီ ဟဂ်ျနှင့် အွမ္မရာဟ်ရေးရာဝန်ကြီးဌာနက ဘုရားဖူးတွေရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးတွေကို အထူးဦးစားပေးပြီး စီစဉ်ကြပ်မတ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။


*****************************************************************
END / 251