၁၅ ဇွန် ၂၀၂၁ - ၁၅:၄၈
  အမေရိကန် ဂျာနယ်လစ်ဖြစ်တဲ့ ကမာရွတ် မီဒီယာ အယ်ဒီတာချုပ် ကို နေသန်မောင် ပြန်လွတ်လာ

ရဲတွေကတရားစွဲဆိုချက်တွေကိပြန်ရုပ်သိမ်းပေးခဲ့ပြီးနောက် မတ်လကတည်းကဖမ်းဆီးခံထားရတဲ့ အမေရိကန်ဂျာနယ်လစ်နဲ့ ကမာရွတ်မီဒီယာအယ်တီတာချုပ် ကိုနေသန်မောင်ပြန်လွတ်လာပြီဖြစ်ကြောင်း သူ့ရှေ့နေကပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ရဲတွေကတရားစွဲဆိုချက်တွေကိပြန်ရုပ်သိမ်းပေးခဲ့ပြီးနောက် မတ်လကတည်းကဖမ်းဆီးခံထားရတဲ့ အမေရိကန်ဂျာနယ်လစ်နဲ့ ကမာရွတ်မီဒီယာအယ်တီတာချုပ် ကိုနေသန်မောင်ပြန်လွတ်လာပြီဖြစ်ကြောင်း သူ့ရှေ့နေကပြောပါတယ်။


အင်းစိန်ထောင်ကနေ တနင်္လာနေ့ကပြန်လွတ်မြောက်လာတဲ့ ကိုနေသန်မောင်ဟာ အင်္ဂါနေ့မှာအမေရိကန်ကိုပြန်မှာဖြစ်ကြောင်း သူ့ရှေ့နေ ဒေါ်သဉ္စာဦးက AFP သတင်းဌာနကိုပြောပါတယ်။ ကမာရွတ်မီဒီယာရဲ့တွဲဘက်ထူထောင်သူ ကိုနေသန်မောင်ဟာ စစ်တပ်နဲ့သဘောထားဆန့်ကျင်သူတွေကို ရာဇဝတ်မှုနဲ့ဖမ်းဆီးနိုင်တဲ့ ကိုလိုနီခေတ်ဥပဒေတွေနဲ့ စွဲချက်တင်ခံခဲ့ရတာဖြစ်ကြောင်း သူမကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ ဒီလအစောပိုင်းမှာပဲ နောက်ထပ်မီဒီယာတစ်ခုအတွက် အလုပ်လုပ်ပေးနေတဲ့ မြန်မာသတင်းထောက်တစ်ဦးကတော့ ဒီတူညီတဲ့ဥပဒေအောက်မှာ ထောင်ဒဏ်၂နှစ် ချမှတ်ခံခဲ့ရပါတယ်။
ရွေးကောက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာဟာကစဥ့်ကလျားအခြေအနေထဲ ကျရောက်နေခဲ့တာဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေဟာ လမ်းမတွေပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေ အလုံးအရင်းနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ ညပိုင်းတွေမှာ ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေနဲ့ မီဒီယာတွေကို ပိတ်ပင်မှုတွေ အင်အားသုံးလုပ်ဆောင်ပြီးတုံ့ပြန်ခဲ့ပါတယ်။


ကိုနေသန်မောင်ဟာ ရန်ကုန်မြို့မှာ မတ်လ ၉ရက်နေ့ကဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူနဲ့အတူဖမ်းဆီးခံခဲ့ရတဲ့ ကမာရွတ်မီဒီယာရဲ့တွဲဖက်ထူထောင်သူ ကိုဟံသာငြိမ်းကတော့ ထောင်ထဲမှာပဲရှိနေပါသေးတယ်။ ကိုနေသန်မောင် ဟာ စစ်တပ်ကဖမ်းဆီးခဲ့တဲ့ အမေရိကန်ဂျာနယ်လစ်နှစ်ဦးထဲကတစ်ဦးဖြစ်ပါတယ်။ Frontier မဂ္ဂဇင်းရဲ့အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာဟာလည်း မြန်မာနိုင်ငံကနေထွက်ခွာဖို့ကြိုးစားချိန် မေလ ၂၅ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ သူ့ကိုဘယ်မှာထားရှိသလဲဆိုတာနဲ့ ကျန်းမာရေးကောင်းမွန်မှုရှိမရှိနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။


ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သား ၈၆၀ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနိုင်ရခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တာကြောင့် အာဏာရယူရတာဖြစ်ကြောင်း ကာကွယ်ပြောကြား ထားပါတယ်။


Al Jazeera သတင်းဌာနပါ “US journalist Nathan Maung freed from detention in Myanmar” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ုဆိုသည်။


*****************************************************************
END / 251