၁၇ ဇွန် ၂၀၂၁ - ၀၆:၀၀
မိုး သည်းထန် စွာ ရွာသွန်း မှုကြောင့် သံတွဲ လေယာဉ် ကွင်း ရေနစ်မြုပ် သဖြင့် လေယာဉ်များ ဆင်းသက် ခွင့် ရပ်နား ထားရ ကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် တောင်ကုတ်နှင့် သံတွဲမြို့များတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် သံတွဲလေယာဉ်ကွင်းအတွင်း ရေများပြည့်လျှံနေသည့်အတွက် လေယာဉ်များ ဆင်းသက်ခွင့်ကို ယာယီရပ်နားထားကြောင်းလည်း သိရှိရသည်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် တောင်ကုတ်နှင့် သံတွဲမြို့များတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် သံတွဲလေယာဉ်ကွင်းအတွင်း ရေများပြည့်လျှံနေသည့်အတွက် လေယာဉ်များ ဆင်းသက်ခွင့်ကို ယာယီရပ်နားထားကြောင်းလည်း သိရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး သံတွဲမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်က “လက်ရှိအခြေအနေကတော့ မိုးကလည်း သည်းသည်းမဲမဲ ရွာနေတာဆိုတော့ လေယာဉ်ကွင်းလည်း ရေပြည့်တာပဲလေ။ မိုးရေနဲ့ ဒီရေတိုးတာနဲ့ ပေါင်းသွားတော့ အခုလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် မိုးစဲသွားရင်တော့ ရေကတော့ ပြန်ကျသွားတတ်တယ်။ လေယာဉ်ကွင်းမှာလည်း ရေတွေ ပြည့်နေတဲ့အတွက် လေယာဉ်တွေ ဆင်းလို့မရဘူးလို့ သိရတယ်။ ယာယီရပ်နားထားလို့ သိရတယ်။ နောက်ပြီး သံတွဲမြို့ပေါ်မှာလည်း တစ်ချို့ရပ်ကွက်တွေမှာ ရေနစ်တာရှိတယ်။ ရပ်ကွက်အားလုံးတော့ မဟုတ်ဘူးပေါ့” ဟုလည်း ပြောကြားခဲ့သည်။


အလားတူစွာပင် တောင်မြို့တွင်လည်း ရပ်ကွက်အချို့တွင် ရေနစ်မြုပ်မှုများ ရှိနေကြောင်းနှင့် မိုးမှာ ဆက်လက် ရွာသွန်းနေဆဲဖြစ်ကြောင်း၊ ဒီရေနှင့် ချောင်းရေများ တိုက်နေသည့်အတွက် ချောင်းရေများမှာ ပုံမှန်မစီးနိုင်တော့ဘဲ တစ်ချို့အနိမ့်ပိုင်းရပ်ကွက်များသို့ ရေပြည့်တက်လာခြင်းမျိုး ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ကိုရက္ခက “ကျွန်တော့် အိမ်အောက်မှာဆိုရင် ဒူးလောက်ရောက်တယ်။ ချက်ပြုတ်ရေးအတွက် အတော်လေး ခက်ခဲသွားတယ်။ တစ်ချို့ရပ်ကွက်တွေလည်း ရေဝင်တာရှိတယ်။ သိပ်ပြီးများတာတော့ မဟုတ်ဘူး၊ ဒီထက်များလာရင်တော့ တစ်ချို့ချောင်းနားပိုင်း ရပ်ကွက်တွေမှာ အန္တရာယ်ရှိတာပေါ့” ဟုလည်း ပြောကြားသွားခဲ့သည်။

အလားတူစွာပင် သံတွဲမြို့အတွင်း ကျောင်းများကို ပိတ်ကာ ကလေးငယ်များကိုလည်း အိမ်သို့ ပြန်လွှတ်လိုက်ရကြောင်းလည်း သိရှိရသည်။ သို့သော်လည်း စိုးရိမ်ရသည့်အနေအထား မဟုတ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးသောင်းထွန်းကလည်း ချောင်းရေများ ကောင်းကောင်း မဆင်းနိုင်သည့်အတွက် ရပ်ကွက်များသို့ ရေလျှံခြင်းဖြစ်ကြောင်း၊ မိုးများသည့်အတွက် ချောင်းရေများ ပြည့်ခြင်းသာ ဖြစ်ကာ မိုးစဲသွားပါက ရေများ ပြန်ကျသွားနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

သို့သော်လည်း စစ်တွေလေယာဉ်ကွင်းတွင် လေယာဉ်များ ဆင်းသက်လျှက် ရှိကြောင်းလည်း လေယာဉ်ကွင်းတွင် အလုပ်လုပ်ကိုင်နေသူ ကိုဇော်မင်းထွန်းက ပြောကြားခဲ့သည်။


*****************************************************************
END / 251