အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဲဟ်ရ် သတင်းဌာန၏ သတင်းအထောက် များ အရ လက်ဘနွန် အခြေဆိုက် ဟေစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေ အတွင်းရေးမှူး ချုပ် H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် မှ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ (၁၃) ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ တွင် အနိုင်ရ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီအား ဂုဏ်ပြု သတင်းစကား ဆို ခဲ့ပါတယ်။
H .I ဆရက်ဒ် ဟစန် နစရွလ္လာဟ် မှ မိမိ၏ သတင်း စကား တွင် အခုလို ထိလွယ်ရှလွယ် သည့် အချိန် သမ္မတ အဖြစ် အရွေးခံရမှု အတွက် အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီအား ဂုဏ်ပြု ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ ၏ အောင်မြင်မှု သည် အနာဂတ် စိတ်ခေါ် မှုများ ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အီရန် ပြည်သူ့ လူထု နှင့် ဒေသတွင်း ဆိုင်ရာ ပြည်သူ့ လူထု များ အတွက် စိတ်ဓာတ်မြင့်မား မှု နှင့် မျှော်လင့် ချက်များကို ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့ ပါတယ်။
ဟေစ်ဘွလ္လာဟ် အဖွဲ့ ၏ ခေါင်းဆောင် မှဆက်လက်ပြီး အစ္စလာမ်မီ ကြံကြံခံ အဖွဲ့ များ နှင့် သူကျွန် အောက်ဘဝ ကို မနှစ်သက်ဘဲ လွတ်လပ်ရေး ကို မြတ်နိုးသည့် သူများ သည် အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ အား မိမိ တို့၏ အင်အား နှင့် ခိုင်မာ သည့် ခိုလုံစရာ အဖြစ် ခံယူထားကြကြောင်း ပြောကြားခဲ့ပါတယ်။
မှတ်သားစရာ အချက်မှာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီ အီရန် နိုင်ငံ၏ သမ္မတ အသစ်အဖြစ် အရွေးချယ်ခံ ရပြီးနောက် ရုရှား သမ္မတ ပူတင် အပါအဝင် ကမ္ဘာ့  ခေါင်းဆောင်များ မှ အီရတ် သမ္မတ ဘူရ်ဟန်မ်ဆွာလေဟ် ၊ဝန်ကြီးချုပ် မွတ်စ်သဖွာ အလ်ကာစင်မီး ၊ ဆီးရီးယား သမ္မတ ဗရှားရ် အဆဒ် ၊ ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရာန်ခန်း ၊ပါကစ္စတန် လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဆွာဒစ်က် ဆန်ဂျရာနီ ၊လက်ဘနွန် ပါလီမန် ဥက္ကဋ္ဌ နဘီယဟ်ဘရီ နှင့် ပါလက်စတိုင်း အဖွဲ့ များ ၏ ခေါင်းဆောင်များ မှလည်း အသီးသီး ဂုဏ်ယူ သတင်းစကားများ ဆိုခဲ့ကြပါတယ်။