၂၃ ဇွန် ၂၀၂၁ - ၁၈:၂၄
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တွင် လိုက်ထရပ် ကားတိမ်းမှောက်  ပြီး ၁၀ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၈၀(ဝ/၁)အကြား ဆည်ကုန်းရွာအနီးမှာ ဇွန်လ ၂၃ ရက်မနက်က လိုက်ထရပ်ကား နောက်ဘီးပေါက်ပြီး တိမ်းမှောက်ရ ၁၀ ဦးဒဏ်ရာရသွားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၈၀(ဝ/၁)အကြား ဆည်ကုန်းရွာအနီးမှာ ဇွန်လ ၂၃ ရက်မနက်က လိုက်ထရပ်ကား နောက်ဘီးပေါက်ပြီး တိမ်းမှောက်ရ ၁၀ ဦးဒဏ်ရာရသွားပါတယ်။

“ကားကတော့ ပက်လက်လန်သွားတယ်။ ကားပေါ်မှာ ဦးပဉ္စင်းတပါး၊ ကိုရင်တပါးအပါ ၁၈ ဦး ပါတယ် ၁၀ ဦးဒဏ်ရာရသွားတယ်။ အမြန်လမ်းရဲတပ်ဖွဲ့ကကားနဲ့ပဲ မိတ္ထီလာဆေးရုံကိုပို့ လိုက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လယ်ဝေးမြို့နယ် အင်ပင်အုပ်စု တောင်စင်အေးရွာနေ ကိုရဲမင်းသူ မောင်းလာတဲ့လိုက်ထရပ်ကားဟာ  မန္တလေးဘက်မှ နေပြည်တော်သို့ ဦးတည်မောင်းလာရာ ကားနောက်ဘီးပေါက်ပြီး အရှိန်လွန်တိမ်းမှောက်သွားခဲ့တာပါ။

ကားပျေါမှာ အမြိုးသမီး ၁ဝ ဦး နဲ့ အမြိုးသား ၆ ဦး၊  ဦးပဥ္စင်း ၁ ပါး၊  ကိုရင် ၁ ပါး စုစုေပါင်း ၁၈ ဦး လိုက်ပါလာတဲ့အထဲ  ဦးပဥ္စင်း ၁ ပါး၊  ကိုရင် ၁ ပါးနဲ႔ အၿမိဳးသား ၄ ဦးဒဏ်ရာရပြီး အၿမိဳးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

ယာဉ်မဆင်မခြင်မောင်းလို့ သာမန်ဒဏ်ရာ ပြင်းထန်ဒဏ်ရာတွေရခဲ့တာကြောင့် ယာဉ်မောင်း ကိုမျိုးသူရကို  သီးကုန်းအမြန်လမ်းရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

*****************************************************************
END / 251